တာချီလိတ်မြို့တွင် (နအဖ) သည် စကောလောက်မှ ဇောက်မနက်သည့်အကြံနှင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံးမှုတစ်ခု လုပ်ဖို့ကြံနေပါသည်။ သာမာန် အောက်ခြေပြည်သူများကို နာရေးကူညီမှုအသင်း အနေဖြင့် ဖွဲ့ပြပြီး စည်းရုံးနေပါသည်။ သာမာန်ပြည်သူများ အသင်းဝင်ရင် တစ်လ ၂၀ ဘတ်(ထိုင်းငွေ) ထည့်ရပါမည်တဲ့၊ လူသေရင် အသင်းက ၁၀၀၀၀ ဘတ်(ထိုင်းငွေတစ်သောင်းဘတ်) ကူညီမယ်ပေါ့၊ အသင်းဝင်းသူ (၆) လ ကျော်လို့ ပြည်မနေသူ ပြည်မကို ပြန်ရင် ၂၀၀၀ ဘတ် ကူညီမည်လို့ မက်လုံးတွေပေးပြီး လုပ်နေပါသည်။ ဒါဟာ အချိန်ကိုက် နအဖ စီစဉ်တာပါ အသင်းဝင်လိုသူများဟာ နအဖ ရပ်ကွက်ရုံကိုသွားပြီး စရင်းပေးသွင်း ငွေသွင်းရပါတယ်. ကိုယ်ကဘယ်အချိန်သေမှန်းမသိ လောလောစဉ် ငွေသွင်းရတာက အရင်ပါ
ထီထိုးသလိုပေါ့ ၊ တစ်လကို နှစ်ဆယ် ဘတ်နှင့် ထီထိုးနေရတယ်ဆိုပါစို့ မိမိသေမှ တစ်သောင်းဘတ်ပေးမေပေါ့၊
စဉ်းစားကြည့်ရင် မိမိအသက်နဲ့ရင်းပြီး ချဲထိုးသလိုပါ. တော်တော်ကောက်ကျစ်စဉ်းလဲတဲ့ အလုပ်ပါ၊ မြန်မာပြည်ရဲ့ အစဉ်လာအတိုင်း တိုင်းပြည်ကို ဆင်းရဲအောင်လုပ်ထားပြီး ပြည်သူ ဥာဏ်ရည်ကို ချိုးနှိမ်ထားတဲ့ နအဖ ခေတ်မှာ သာမာန်ပြည်သူများမှာ အခွင့်ရေးလို့ထင်နေကြပါသည်။ တန်လျက်ကို ရေထင်သလိုပေါ့ ဒီိအသင်းဟာ ၂၀၁၀ ခု ကျော်ရင်ရှိပါတော့မလား. မေးခွန်းထုပ်စရာပါ. လက်ရှိဒေသဆိုင်ရာ အုပ်ချူပ်သူ နအဖ ဘက်တော်သား (အသားထဲက လောက်ထွက်သူ )များသည်လည်း နအဖ နိဂုံးချုပ်ရင် နိဂုံးချုပ်မည့်သူများပါ။ ဒါဆိုရင် ဒီလိုလက်ပူတိုက် လုပ်သည့် နအဖ ဂွင်ကို အများပြည်သူများ မ၀င်မိအောင် သတိချပ်သင့်ပါသည်။ (တာချီလိတ်တွင် နာရေးကူညီနေသည့် ဘုန်းကြီးကျောင်းရှိပါသည်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ၊ မကာဟိုခမ်းရပ်ကွက် ဖြစ်သည်။ ကျောင်းထိုင်ဆရာတော်သည် ရှမ်းတိုင်းရင်းသားဖြစ်သည် သူ့ကျောင်းတွင် လူမျိုးမရွေးဘာသာမရေး အသုဘရုပ်ကလပ်များကို ဇရပ်ဆောက်ပြီး လက်ခံထားပေးပါသည်။ အခေါင်း ဖိုး မတတ်နိုင်သူများကို အခေါင်းအလှူပေးခြင်းဖြင့် နာရေးကူညီမှုကို ဆောင်ရွက်ပေးနေပါသည်။) အခုမှာ နအဖ က သကာရည်လောင်းပြီး ၂၀၁၀ မှာ သူတို့ကို ထောက်ခံဖို့ အထာနဲ့ အချိနကိုက်လုပ်နေပါသည်။ ပြည်သူများ သတိရှိကြပါ... မိတ္တူကူပြီး ဖေါ်ပြပေးကြပါ......
စစ်မုန်း
Category
- share (1)
- ဓါတ်ပုံ (1)
- မှန်ကန်လို့ကွဲခြင်း (2)
- လက်ဆင့်ကမ်း (2)
- သတင်း (5)
- သတင်းမှတ်တမ်း (1)
- သရော် ဆောင်းပါး (1)
- ဆောင်းပါး (15)
- နိုင်ငံရေး ဟာသ (1)
နှစ်.လ.ရက်
ယခု
ဒီမိုကရေစီစနစ်ဟာ ဘာလဲ
ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရကို မြန်မာပြည်မှာ ဆင်းရဲမွဲတေမှုနဲ့ စစ်အာဏာရှင် နှစ်ဆက်အုပ်ချုပ်မှုကြောင့် သာမာန်ပြည်သူ အသက် ၅၀ အရွယ်လူကြီးတစ်ယောက်တောင် ရေရေလည်မသိတာကို ကိုယ်တွေ့ကြုံဖူးပါတယ်. အလွယ်သိလိုက်တာက လွတ်လပ်မှု ဒါကို မသိနားမလည်တော့ လုပ်ချင်တာလုပ်လို့ရတယ်လို့ ယူဆလိုက်ပါရော. ခတ်ပြီလေ လုပ်ချင်လုပ်လို့ရရင် မင်းမဲ့စရိုက်ပေါ့. ဒီမိုကရေစ်ီဆိုတာ ဒါဒီလိုမဟုတ်ဘူး. သာတူညီမျှတရားမျှတမှု၊ တိုင်းပြည်အာဏာသည် တစ်ဦးတစ်ယောက်ထံတွင် အစဉ်ရှိမနေခြင်း၊ ပြည်သူက လက်ခံသဘောတူသူသာ တိုင်းပြည်ကို အချိန်အကန့်အသတ်နှင့် အုပ်ချုပ်စီမံနိုင်ခြင်း၊ မကောင်းသည့် တိုင်းပြည်ခေါင်းဆောင်ကို ပြည်သူများကပယ်ခြားနိုင်ခြင်း၊ တရားဥပဒေ စိုးမိုးမှုကို ပြည်သူရော၊ အုပ်ချုပ်သူပါ တပြေးညီ ခံစားနိုင်ခြင်း၊ ပြဌာန်းထားသော ဥပဒေ အထက်တွင် အဘယ်သူမှရှိမနေခြင်း၊ နိုင်ငံသားတိုင်း အခြေခံလူ့အခွင့်ရေး ခံစားနိုင်ခြင်း၊ တည်ဆဲ ဥပဒေ အရ ပြစ်မှုကျူးလွန်လျှင် ရာထူးရာခံ၊ဆင်းရဲ၊ချမ်းသာ မရွေး တပြေးညီ စီရင်ခြင်းခံရမည်ဖြစ်ခြင်း၊ စသော လူသားတိုင်းသာတူညီမျှမှုကို အနီးစပ်ဆုံး ကျင့်သုံးနိုင်သော စနစ်ကို ဆိုလိုတာကို ပြည်သူများ သိစေချင်ပါသည်။(ယခု နအဖ အုပ်ချုပ်နေတာ ပြည်သူတွေကို အကျဉ်းချထားတာနဲ့တူပါတယ်. လူကိုခင်ရင်မူကိုပြင်တယ်. လူကိုမုန်းရင်မူကိုသုံးတယ်. လာဘ်ပေးသူကို ကြည်တယ်. စာရိတ္တပါတမျိုးသားလုံးပျက်အောင် လုပ်ထားတဲ့ စနစ်ဆိုးပါ. သန်းရွှေကို ကျွန်တော်တို့ ရွေးကောက်တင်မြောက်ထားတာလား. လက်နက်အားကိုးပြီး. နေရာယူထားတာ. ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစနစ် နဲ့ ဆန့်ကျင်နေတယ်. ဖီဆန်ကြ.)
သတိထားကြ
နအဖ တဖြစ်လည်း ကြံ့ဖွတ် အစိုးရ လိမ်ပြီ၊ ညာပြီ၊ ကောက်ကျစ်စဉ်းလည်း နေပြီ၊ နေ၀င်း= စောမောင်=သန်းရွှေ=
သိန်းစိန် အတူတူပါ။ ယခုကြံ့ ဖွတ်အဖွဲ့တွေကို သတိထားကြပါ. သိုးယောင်ဆောင်ထားသည့် ၀ံပလွေ လူသတ်သမားဖြစ်သည်။
သိန်းစိန် အတူတူပါ။ ယခုကြံ့ ဖွတ်အဖွဲ့တွေကို သတိထားကြပါ. သိုးယောင်ဆောင်ထားသည့် ၀ံပလွေ လူသတ်သမားဖြစ်သည်။
ပြည်သူ့ သဘောထား
- လက်နက်အားကိုးမိတ္ဆာမျိုး အာဏာရှင်စစ်ဝါဒီများအား ဆန့်ကျင်ကြ-
- နိုင်ငံတော်ကို ဂုတ်သွေးစုတ် အုပ်ချုပ်နေသော နအဖ အုပ်စုကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ-
- နိုင်ငံတော် ဒီမိုကရေစီစနစ်မထွန်းကားအောင် ၀င်ရောက်စွတ်ဖတ်၊ နအဖကို အားပေးနေသော နိုင်ငံများကို ဆန့်ကျင်ကြ-
- နိုင်ငံတော်ကို ဂုတ်သွေးစုတ် အုပ်ချုပ်နေသော နအဖ အုပ်စုကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ-
- နိုင်ငံတော် ဒီမိုကရေစီစနစ်မထွန်းကားအောင် ၀င်ရောက်စွတ်ဖတ်၊ နအဖကို အားပေးနေသော နိုင်ငံများကို ဆန့်ကျင်ကြ-
Sunday, 14 June 2009
တာချီလိတ် က (နအဖ) ၏ ၂၀၁၀ အတွက် ဂွင်ဆင်မှု တစ်ခု......
Posted by
mr.si
at
20:48
0
comments
Labels: သတင်း
သတင်းတစ်ခု...
တာချီလိတ်မြို့ ၊ ၀မ်ကောင်းရပ်ကွက် မင်္ဂလာလမ်း (န.အ.ဖ)ရပ်ကွက်ရုံ အနီတွင် ၁၄.၆.၂၀၀၉ တနင်္ဂနွေနေ့ က စိတ်ကျွ ရူးသွပ်ဆေး (ရာမ) များမိကြောင်းသိရသည်။ မိသူမှာ သှူုဌေးတစ်ယောက်၏ အလုပ်သမားထံမှပါ။ သူဌေးမိသားစုမှာ ထွက်ပြေးလောက်ပြီလို့ သိရပါသည်။ သူဌေးမိသားစု မိန်းမ၏ ဖခင်မှာ လက်ရှိ (နအဖ) ခိုင်းဖက် ရပ်ကွက် ဆယ်အိမ်ခေါင်း လုပ်နေသူပါ။ (နအဖ) ဘယ်လိုအရေးယူမည်လည်း ...
ဒီခေတ်မှာ နအဖ နှင့်ပေါင်းပြီး ဒူစရိုက် လုပ်ငန်းများလုပ်သူ ပတ်သက်သူ ဘယ်နှစ်ယောက်ရှိနေပါလည်း . စဉ်းစားစရာပါ. ခေတ်ပျက်သဌေးလို့ ပြောလို့ရသူများဟာ ဒီလိုလူမျိုးတွေလားး.........
ှ
Posted by
mr.si
at
20:31
0
comments
Labels: သတင်း
Subscribe to:
Posts (Atom)
ခွပ်ဒေါင်း
ငယ်သော်လည်း ရဲ၏ သိ၏
ဆန္ဒလေးများ ပြခဲ့နိုင်ပါတယ်
ဒီကနေရာတွေကလာကြတာ
အင်အား
-
-
-
-
-
-
-
-
-