ပြည်သူတစ်ဦး၏ ရင်တွင်းခံစားချက်တွေကို ဖေါ်ထုပ်ဖို့အကောင်းဆုံးနေရာဟာ အင်တာနက်စာမျက်နှာပါ

Monday 19 July 2010

အာဇာနည်စိတ်နဲ့ ပြည်သူ

Free Image Hosting at www.ImageShack.us

အာဇာနည်ဆိုတာနဲ့ လန့်နေသူ လူတစ်စုရှိပါသည်။ ထိုအုပ်စုကတော့ နအဖ စစ်ဘီလူး အုပ်စုပါပဲ။ ထိုအုပ်စုသည် တိုင်းပြည်အာဏာကို ဓါးပြ တိုက်ယူထားသူများဆိုတော့ အာဇာနည်ဆိုတဲ့ စိတ်ဓါတ်နဲ့ ဆန့်ကျင်ဘက် မိမိအာဏာတည်မြဲဖို့နဲ့ ချမ်းသာကြွယ်ဝဖို့လောက်သာ သိသည့် အတ္တသမား စစ်ဝါဒီများဆိုတာ ပြည်သူတွေမက ကမ္ဘာကပင်သိနှင့်နေပြီဖြစ်သည်နှင့်အညီ အာဇာနည်ဆိုသည့် မိမိကိုကျိုးကိုမကြည့်ပဲ စွန်လွှတ်အနစ်နာခံပြီး အများအတွက်ဦးဆောင်ဦးရွက်ပြုနိုင်ပြီး ထက်မြတ်တဲ့ စိတ်ဓါတ်စွမ်းရည် ပိုင်ရှင်ဆိုတော့ ပုံပန်းသဏ္ဍန်ခြင်းရော၊ စိတ်ဓါတ်ခြင်းပါကွာခြားနေလေတော့ထိုစစ်အုပ်စုလန့်မယ်ဆိုလည်းလန့်နေနိုင်ပါသည်။ ထိုသို့ လန့်ရခြင်းအကြောင်း ခိုင်လုံမှုကလည်း အာဇာနည်အစစ်မှန်ကို ပြည်သူကချစ်သည်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် အစ ကိုဇာကနာအဆုံး အကျဉ်းထောင်ထဲတွင် အမျိုးသာလွတ်မြောင်မှုအတွက် ပေးဆပ်နေရသည့် တိုက်ပွဲဝင်များသည် ပြည်သူကချစ်ခြင်းခံရသည့် အာဇာနည်များဖြစ်နေလို့ပါပဲ။ ပြည်သူတစ်ယောက်ကို မေးကြည့်ပါ ဖြေပါလိမ့်မယ်၊ ဗိုလ်ချုပ်ကိုချစ်လားဆိုရင် ချစ်တယ်လို့ ဖြေမှာသေချာပါသည်။ နအဖကို ချစ်လားမေးရင် ထိုသူသည် သူဖြေမဲ့ အဖြေအတွက် ဘေးဘယ်ညာနောက်ကို လည့်ကြည့်ပြီးမှ မေးသူကို စိတ်ချရရင်ဖြင့် တိုးတိုးလေးဖြေလိမ့်မယ်၊ သူဖြေမဲ့အဖြေထဲမှာ သတ်ပြစ်ချင်လောက်အောင် မုန်းတီနေတဲ့ လကဏ ဆောင်နေမှာသေချာပါသည်။ တိုင်းသူပြည်သားများက အဲလောက်ထိချစ်သော သူများဟာ အာဇာနည် ဆိုတာကို ဘာဖြစ်လို့ကြောက်နေပါလိမ့်။ အကြောင်းမှာ ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကောင်းများသည် ဖူးနေတဲ့ ပန်းလေးတစ်ပွင့် လန်းလန်းဆန်းဆန်း မပွင့်ရသေးခင် ခြေနင်းခံလိုက်ရတဲ့အဖြစ်က ပြည်သူ့အသည်းမှာ အခုထိ ခံစားရနေတုံးပါ. ဒါကြောင့် ကျွန်တော်တို့ အာဏာရှင်အဆက်ဆက် ကိုတော်လှန်ခဲ့တဲ့ ၈၈ ကာလ၊ ၂၀၀၇ ကာလ တွေမှာ မဟုတ်မခံ၊ ဖိနှိုတ်မခံ၊ အမှန်တရားနဲ့လွတ်မြောက်ရာလမ်းကို အောင်ဆန်းစိတ်ဓါတ်နဲ့ ချီတက်ခဲ့ကြတာဟာ ပြည်တွေရဲ့ အာဇာနည် ဆိုတဲ့စိတ်ဓါတ်ပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဆိုတာ ခိုင်မာနေပါသည်။ မိတ်ဆွေ အသင်သည် ဗိုလ်ချုပ်၏ သမိုင်းဝင် မိန့်ခွန်းလေး တစ်ပိုင်းတစ်စကို နားထောင်ဖူးပါသလား၊ ဗိုလ်ချုပ်၏ ကျန်ခဲ့တဲ့ အသံအပိုင်းအစလေးတွေဟာ နားထောင်တက်သူအတွက်အားဖြစ်စေပါသည်။ ဘာဖြစ်လို့လည်းဆိုတော့ ရင်ထဲအသည်းထဲကလာတဲ့စကားလုံးတွေဆိုတာ အသံနားထောင်ယုံနဲ့သိနိုင်ပါသည်။ တိုင်းပြည်ကို ဘယ်လောက်ထိကောင်းစေချင်တဲ့ ဆန္ဒအမှန်ဆိုတာ ဗိုလ်ချုပ်ပြောသံတွေက သက်သေထူနေပါသည်။ အခု နအဖ အုပ်စုက အသင့် ရေးထားတာတွေကို လူတွေရှေ့ အသက်မပါတဲ့ လဒသံနဲ့ ရွတ်ပြတဲ့ မိန့်ခွန်းတွေကိုကြားရတော့ အော့နှလုံးနာမိသည်။ ဟန်ပြသက်သက်ဆိုတာ လူတွေလည်းသိကုန်ပြီ၊ မထူဇာတ်ခင်းနေတဲ့ နအဖဟာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူ ဆိုတဲ့ ဇာတ်ကိုကရင်း ၂၀၀၈ မှာ ဆယ်စုနှစ်မကဆွဲလာတဲ့ စစ်အခြေခံဥပဒေကို အတင်းအတည်ပြုပြီး ၂၀၁၀ မှာကြံဖွတ်ကို အသုံးချဖို့ အခိုင်အမာလုပ်ထားတာ ပြောင်းကြီးသိန်းစိန်က သက်သေဖြစ်သည်။ မပြီးသေးတဲ့ လွတ်မြောက်ရာလမ်း၊ ဒီမိုကရေစီရေး၊ လူသားချင်းအပြန်အလှန် အခွင့်အရေးကိုယ်စီရရှိရေး၊ တရားဥပဒေ အမှန်စိုးမိုးရေး၊ တိုင်းပြည်၏ အာဏာသည် ပြည်သူ့လက်ထဲနှလုံးသားထဲတွင်ရှိသည့် ပြည်သူ့အစိုးရပေါ်ပေါက်ရေး၊ ဒီခရီးရှည်ကို ပြည်သူတစ်ယောက်အနေနဲ့ ကျရာနေရာက လျှောက်နေရင်း ၆၃ နှစ်မြောက် အာနည်နေ့အမှတ်တရဖြစ် ဂုဏ်ပြုအပ်ပါသည်။


Template by : http://phithuatwi. blogspot.com/