ပြည်သူတစ်ဦး၏ ရင်တွင်းခံစားချက်တွေကို ဖေါ်ထုပ်ဖို့အကောင်းဆုံးနေရာဟာ အင်တာနက်စာမျက်နှာပါ

Tuesday 27 January 2009

နအဖ ဗိုလ်ချုပ်လဒူများ၏ အလည်အပတ်

နအဖ ဗိုလ်ချုပ်တစ်ဦး ဦး တစ်နေရာကို သွားပြီဆိုလျှင် ထိုဒေသရှိလူများ အလုပ်တွေရှုပ်ရ အပိတ်အပင်ခံရ ချောဆွဲခံရ အလုပ်အကိုင်ပျက်ရ ဒုက္ခတွေရောက်ရပါတော့သည်။ လူထုအပေါ်ကောင်းကျိုးမပေးတာအမှန်ပါ။
ဒေသဆိုင်ရာ အုပ်ချုပ်သူများမှာ သူ့ပထွေးတော်များလာသည့်အလား ကောင်းရာကောင်းကြောင်းပါလို့ လိမ်လည် ဖုံးကွယ်ပြီး ဖားရားကြရပါတော့သည်။ ဒီအစဉ်အလာသည် မဆလ ခေတ်ထဲကပါ အထက်ဖား
အောက်ဖိ လိမ်လည်ဖုံးကွယ်ပြီး ရပ်ကွက်ဥက္ကဠလောက် ဖြစ်တယ်ဆိုရင်ပဲ အထက်ကမူအတိုင်း ကျင့်သုံး ကိုယ်
ကျိုးရှာကြတာ မြန်မာပြည်ရဲ့ အစဉ်လာကြီးကို ဖြစ်နေပါပြီ။
တိုင်းပြည်ခေါင်းဆောင် အရေခြုံ ဗိုလ်ချုပ်များ လာရောက်လည်ပတ်ကြရင် ပြောချင်တာတွေ ပြော၊ စားချင်တာတွေစားပြီး ပြန်ကြတာကြီးပါ။ နယ်ထွက်ပြီဆိုရင် သေမှာကြောက်လို့ လုံခြုံရေးကို ထူထဲစွာချထားစေ
ပြီး လူထုရှေ့ကို ထွက်တယ်လို့မရှိသလောက်ပါ။ ဥါနဆိုင်ရာဝန်ထမ်းများ နှင့် ကြံ့ဖွတ် ကြက်ခြေနီ မီးသတ် စသော ၄င်းတို့နှင့် ပတ်သက်သောသူများကို အစီးအဝေးခေါ်ကာ ပြောချင်တာတွေပြောပြီး နောက်ဆုံးကျ
ရင် ၄င်းကောင်းတို့ကို ထောက်ခံဖို့ စည်းရုံးရေးဆင်းရင်းနိဂုံးချုပ်တော့တာပဲလေ။ အောက်ကလူများမှာ သံယောင်လိုက် ခေါင်းညှိတ်ထောက်ခံ ဘာမှ ဇောတကတက်ခွင့်မရှိ ဒီလိုနဲပြီးသွားတာပဲလေ။ ဒါကိုကြည့်ခြင်းအားဖြင့် သေနတ်ရှိသူကို သေနတ်မရှိသူက ဗိုလ်တင်လုပ်ချင်တာလုပ်ခိုင်တာနဲ့တူပါသည်။ ဓါးပြ
ထက်ဆိုးပါသည် ဓါးပြကမှ သူများမြင်မှာ သိမှာကို ကြောက်စိတ်လေးဝင်အုံးမှာပါ။ အခုတော့လုပ်ချင်တာလုပ်
ဘယ်သူပြောဝံ့မှာလည်း ဒီသဘောမျိုးဖြစ်နေတာ။ အဖြစ်တစ်ခုကိုပြောပါအုံးမည် နအဖ ဗိုလ်ချုပ်တစ်ဦး နယ်စပ်
မြို့ ကိုထုံးစံအတိုင်း လည်ပတ်ပါတယ် မြို့ရောက်တော့ အကောင်းဆုံးဟိုတယ်တစ်ခုမှာတည်းမယ်ပေါ့ အဲဒီမှာ
ဟိုတယ်က အလုပ်ရှုပ်ပ်တော့သည်။ တခြားတော့မဟုတ်ပါဘူး ညဘက်မှာ ဒီတဏှရူးဗိုလ်ချုပ် လဒူကို ဖျေုာ်ဖြေ
ဖို့ သီချင်းအဆိုကောင်းသူ မိန်ကလေး ဟိုတယ်မှာ မရှိတော့ အပြင်မှာ ရှာရပါတော့တယ်၊ ရှာတော့ အသိတစ်ယောက်က အဆိုကောင်းသူအမျိုးသမီးတစ်ယောက်ကို ညွှန်တော အသက်မေးပါတယ်၊ လေးဆယ်ဝန်းကျင်လို့ပြောတော့ ဟာမဖြစ်ဘူးတဲ့လေ ငယ်ငယ်ချောချောတဲ့ စာဖတ်သူတွေးကြည့်ပါတော့။ ဒီစောက်ဗိုလ်ချုပ်ကို ပြောလိုက်ချင်တာတော့ ခင်ဗျားသမီး ခင်ဗျားတူမများရှိရင် ကိုယ့်ဟာကို ခေါ်ပြီး ဖျော်ဖြေတော့လို့ ပြောလိုက်ချင်ပါသည်။ တကယ်ဖြစ်ခဲ့တာပါ။
နအဖ စစ်အစိုးရသည် ထင်တိုင်းကျဲ လုပ်ချင်တာလုပ် ဖိနှိမ့်အုပ်ချုပ်ပြီး ဗိုယ်ကျစိုးမိုးနေတာအမှန်ပါ။ တိုင်းသူပြည်သားများမှာတော့ အလှုပ်သာမလူးသာ ၄င်းတို့လက်ခုပ်ထဲကရေပမာ ဖြစ်လို့နေပါပြီ။

Monday 26 January 2009

သမိုင်ကိုဖုံးဖိလိမ်လည်၍မရပါ

မြန်မာ့သမိုင်းတွင် လက်ရှိစစ်အစိုးရသည် သမိုင်းကြောင်းတစ်ခုကို မှေးမှိန်အောင် ပျောက်ပြယ်အောင် လုပ်လာတာတွေ့ရပါသည်။မြန်မာပြည် အင်္ဂလိပ်လက်အောက် ရောက်ခဲ့စဉ်အချိန်က ဆရာတော်ဦးဥတ္တမ ခေတ်ကနေ ပထမကျောင်းသားသပိတ်ကစလို့ အုပ်ချုပ်သူအာဏာရှင်အဆက်ဆက်ကို တော်လှန်ပုန်ကန်ခဲ့ကြသော မျိုးချစ်ခေါင်းဆောင်များ၊ အလုပ်သမားခေါင်းဆောင်များ၊ လယ်သမားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ စာပေ အနုပညာရှင်များ၏ စွမ်းဆောင်ရည်များ သမိုင်းအကြောင်းအရာများကို လက်ရှိ မျိုးဆက်သစ်လူငယ်များ အလွယ်တကူ မသိရှိရလေအောင် လုပ်ထားပါသည်။ အဆိုးဆုံးမှာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ် အောင်ဆန်း၏ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ထားခြင်းပါ။ အာဏာကိုလက်နက်အားကိုးပြီးရယူထားသည့် စစ်အာဏာရှင် သန်းရွှေ သည် ကျွနှ်ပ်တို့ ဗိုလ်ချုပ်၏ စွမ်းဆောင်ရည်အမြင့်ဆုံးအချိန် အသက်သုံးဆယ့်ငါး၊ သုံးဆယ့်ခြောက်၊ သုံးဆယ့်ခုနှစ်၊ သုံးဆယ့်ရှစ် ၀န်းကျင်များကာလတွင် သန်းရွှေ လည်းရင်းအရွယ်လောက်၌ စာရေးသူအထင်တော့ သောက်စားမူးယစ်လိုက်၊ အောက်လက်ငယ်သားများကို အာဏာပြလိုက်၊ သူနေရာ ရအောင် အထက်ကအကြံတူ ဗိုလ်ချုပ်လဒူများကို ဖားလိုက်လုပ်နေမှာမြင်ယောင်မိပါသည်။ ပတ်ကြားအို အနေအထားထိကို အာဏာယစ်မူးနေတာကိုပဲကြည့်ပါ။ သူ့ကိုသူ့ နိုင်ငံတော် အကြီးအကဲ ဆိုတော့ သူ့ ထက်ကြီးတာဆင်ပဲ ရှိပါတော့သည်။ဆင်တောင်မှ သူ့ခွန်အားနှင့် သစ်တောတွေမှာ အသုံးချရင် အကျိုး ပြုပါသေးသည်။ သန်းရွှေနှင့် အပေါင်းအပါတစ်စုကတော့ တိုင်းပြည်နှင့်လူမျိုးအပေါ် အသံကောင်း တွေဟစ်ပြနေပြီး လက်တွေ့တွင် မိမိအာဏာတည်မြဲရေး၊ မိမိ မိသားစုနှင့် အပေါင်းအပါတစ်စု ကောင်းစားရေးကို တစိုက်မတ်မတ်လုပ်နေပြီး တိုင်းပြည်နှင့် လူမျိုးများမှာတော့ ကမ္ဘာ့အလည်မှာ မျက်နှာငယ်၊ လူလုံးမလှ၊ အနှိမ်ခံဘ၀များနှင့် ဆင်းရဲတွင်းနက်နေကြပါပြီ။မြန်မာ့သမိုင်းကြောင်းအရ အာဏာရှင် အုပ်ချုပ်သူများကို ခေတ်အဆက်ဆက် ခေါင်းငုံမခံတွန်းလှန် ရင်ဆိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်ထူးများကို အစမဖော် ဖျောက်ကွယ်ထားပြီး ၄င်းတို့နှင့်အလားသဏ္ဍန်တူသောအင်္ဂလိပ်ခေတ်နောက်ပိုင်း စစ်ဘုရင်များကို အမွန်းတင်ဂုဏ်ဖော်ကာ တခမ်းတနား ဖော်ပြနေကြတာသတိထားမိကြမှာပါ။ စစ်အစိုးရကတော့ သူတို့အာဏာတည်မြဲဖို့ ပြဒ်ရုပ်အဖြစ်ဖော်ပြနေလေသည်။ ထိုခေတ်ထိုအခါက စစ်ဘုရင်များရဲ့ အောင်မြင်မူဟာ ခေတ်မမှီတော့ချေ။ လက်ရှိ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးသည် အာဏာရှင်အုပ်ချုပ်မူနှင့်ဘယ်လိုမှ သဟဇာတမကျတော့တာ အားလုံးအသိပါ။ ချီးခြောက်ရေနှူးနေသည်နှင့်တူသည်။ လက်ရှိကမ္ဘာ၏ လိုအပ်ချက်သည် လူ့အခွင့်အရေး သာတူညီမျှရှိရေး၊ တရားမျှတရေး၊ အများလက်ခံ ယုံကြည့်ရမည့် ဒီမိုကရေစီစနစ်အုပ်ချုပ်မှုများဖြစ်သည်။ အာဏာသည်ပြည့်သူလက်ထဲတွင်ရှိသည်ဟူသော ဒီမိုကရေစီအနှစ်သာရ များထွန်းကား သည့်ခေတ် ကာလဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး အော်နေပြီး ဖိနှိမ့်ရေးမူဝါဒကို ကျင့်သုံးနေသည်။ ပြည်သူလူထုကို အကြောက်တရားရှိအောင်လုပ်ထားသည်။ ဒီမိုကရေစီအရေးကိုတကယ်လိုလားသော သူတို့နှင့် သဘော ထားချင်းမတိုက်ဆိုင်သည့်သူများကို ရန်သူတစ်ယောက်လိုမြင်ကာ တကယ်အပြစ် ကြီးသူများ အဖြစ် အများမြင်သာအောင်ထင်သာအောင် အမျိုးမျိုးပုဒ်မတတ် အပြစ်ရှာထောင်သွင်း အကျဉ်းချနေတာ အားလုံး အသိပါ။ သာဓအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်ပါ။ နိုင်ငံရေးအကျဉ်းသားများကိုကြည့်ပါ။ သူတို့နှင့်သဘောထားမတိုက်ဆိုင် သူတို့သြဇာမခံတာနဲ့ ထောင်သွင်းအကျဉ်းချပါတော့သည်။ ၄င်းတို့ ကိုဖားရားသူ အကျင့်ပျက် ပြည်သူ့သစ်စာဖောက်များကို နေရာပေးပြီး ပြည်သူအချင်းချင်း ခွဲခြားမြှောက် ပင့်ပေးထားသည်။ (ဥပမာ- ကြံ့ဖွတ်ခေါ် ရပ်ရွာကောင်းကျိုးဘာမှမလုပ်နိုင်သည့် ကိုယ်ကျိုးရှာသမား၊ စွမ်းအားရှင်ခေါ် လူမိုက်များ၊ မီးသတ် ကြက်ခြေနီခေါ် အလုပ်မယ်မယ်ရရမရှိသည့်လူဖျင်းလူတုံးများ) ထိုသူများသည် ပြည်သူအချင်းချင်း အနိုင်ကျင့်ဖို့ ၀န်မလေးကြပါ။ ပထွေးတော်များလိုကျ လုပ်ပေးနေရသည်ကို အဟုတ်မှတ်နေကြသည်။သမိုင်းကြောင်းကိုဘယ်လိုဖုံးဖုံး ဘယ်လိုဖိဖိ ဘယ်လိုလိမ်လိမ် အမှန်တရားကိုဖော်ထုပ်ရမည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ အင်္ဂလိပ်လက်ထက် ကိုလိုနီနယ်ချဲ့ အာဏာရှင်အုပ်ချုပ်သူများကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ကြသော ဆရာတော်ဦးဥတ္တမ၊ ဆရာတော် ဦးဝီစာရ၊ ဆရာစံ၊ သခင်ကိုယ်တော်မှိုင်း၊ သခင်ဖိုးလှကြီး၊ ရန်ကုန်ကောလိပ်ကျောင်းသား ကိုအောင်ကျော်၊ အစရှိသည့်ပုဂ္ဂိုလ်များနှင့် နေ၀င်းလက်ထက်မှစသည့်အာဏာရူးများကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ကြသော(လက်ရှိရင်ဆိုင်နေကြသော) ဒေါ်အောင်ဆန်းစုကြည်အစ ကိုမင်းကိုနိုင်အလည် ယခုလက်ရှိသံဃ့အာဇာနည်အရှင်ဂန္ဘီရအဆုံး စသော ဆိုင်ရာပုဂ္ဂိုလ်များအကြောင်းကို အများပြည်သူ မျိုးဆက်သစ်လူငယ်များအကြားဝယ် သိရှိနေကြစေရန် ဖော်ထုပ်နေရမည်မှာ အမျိုးသားရေးတာဝန်ဖြစ်သည်။ဒါမှ အာဏာရှင်စနစ်ဆိုးကြီး အမြန်ရပ်ဆိုင်းပြီး ဒီမိုကရေစီစနစ်ထွန်းကားသော သာယာဝပြောသည့် နိုင်ငံတော်ကြီးဆီသို့ ရှေ့ရှုနိုင်မည်ဖြစ်ပါသည်။

မြန်မာပြည်တွင် အများရှေ့၌ ကျယ်ကျယ်ပြောမရသောဝေါဟာရများ

မြန်မာပြည်တွင် အများရှေ့တွင် ကျယ်ကျယ်သုံးမရသည့်ဝေါဟာရများ-ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးသမားများကို ဖိနှိမ့် ထောင်ဒါဏ်နှစ်ရှည်ထောင်ဒါဏ်ချမှတ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း၊ ခွပ်ဒေါင်းအလံနှင့် ကျောင်းသားအရေး၊ သတင်းလွတ်လပ်ခွင့်၊ အားဓမ္မလုပ်အားစေခိုင်ခြင်း၊ ၈၈ အရေးအခင်းအကြောင်း၊ ၂၀၀၇ သံဃအရေးအခင်းအကြောင်း၊ အမေရီကန်တိုးတက်နေကြောင်း၊ စစ်အစိုးရ အားနည်းချက်များအကြောင်း၊ ကမ္ဘာ့အလည်မှာ မြန်မာပြည်ကြီး အဖက်ဖက်က နိမ့်ကျနေရကြောင်း စသော အကြောင်းအရာများကို ကျယ်ကျယ် ပြောလို့မရကြပါဘူး။ ဒါပေမယ့် သဘောထားခြင်းတိုက်ဆိုင် သူများအခြင်းတွေ့ကြရင် တိုးတိုးတိတ်တိတ် ပြောလေ့ရှိသော ဝေါဟာရ များဖြစ်ပါသည်။ မိတ်ဆွေများ လည်းစိတ်ပါဝင်စားကြရင် အချင်းချင်း နှီးနှောတိုင်ပင်ကြ ပြောပေးကြပါ။ ဒါတွေဟာ ပြောသင့်ပြောထိုက်တဲ့ဝေါဟာရတွေပါ။ (အရှိကို အရှိအတိုင်းမြင်ရမည်မတရားတာကို မတရားဘူးလို့ လက်ခံရမည်မှာပါ)

Template by : http://phithuatwi. blogspot.com/