ပုံပြင်လေးတစ်ပုဒ်က ဖားပြုပ်မျက်နှာနှင့် သူတစ်ယောက်သည် တိုင်းပြည်တစ်ပြည်တွင် သူ့အတွက် မျက်နှာသာ ရသည်နှင့် တိုင်းပြည်အာဏာကို အရယူပြီး ထင်တိုင်းချယ်လှယ် အုပ်ချုပ်ပါတော့သည်။ ဒီလိုနဲ့ တိုင်းပြည်အုပ်ချုပ် (မိမိ အမျိုးအဆွေနှင့် အမိန့်နာခံသူ၊ မိမိကို ဖားကပ်သူ မိမိအလိုကို ကောင်းတာရော မကောင်းတာကိုရော လုပ်ပေးသူ ကိုယ်ကျိုးသမားများကို နေရာပေးသူ)
မင်းလုပ်ပါတော့သည်။ မင်းလုပ်တယ်ဆိုရာဝယ် ထိုသူသည် မိမိကိုယ်ကို ဘုရင်ရူး ရူးနေလေတော့ တိုင်းသူပြည်သားများ၏ ထောပနာကိုရယူထားသည်။ (တွေ့ရာမရှောင် အလောင်းကို ဖြောက်ပြစ်ချင်လောက်အောင် ချစ်ခင်မှုကို ရယူထားလေသူ) ထိုသူသည် တိုင်းပြည်ကို ထင်တိုင်းကျဲ အုပ်ချုပ်ရင်း အနှစ် နှစ်ဆယ်ကျော်ခရီးကို ရောက်လာပါတော့သည်။ ထို ဖားပြုပ်မျက်နှာရှိသည့် အဓမ၀ါဒီသည်လည်း လူသား တို့ ပြောင်းလည်းခြင်းတရားအရ ပက်ကြားအိုသည် တိုင်းသူပြည်သားတို့ ပေးအပ်သော ဘွဲ့ဖြစ်သည့် ( စစ်ဘီလူးလူသတ်ကောင် သန်းရွှေ) ထိုဘွဲ့ကို အခိုင်အမာ ယူရင်း မြန်မာ့သမိုင်းမှာ မော်ကွန်းတင်ထားလေသည်။ ထိုငမိုက်သားသည် အနှစ်နှစ်ဆယ်ကျော် တိုင်းသူပြည်သားများကို နှိုပ်စက်၊ ဖိနှိပ်၊ အကြောက်တရားများနှင့် အုပ်ချုပ်နေယုံမက တိုင်းပြည်၏ မြေပေါ်မြေအောက်သံယာဇတများကို မိမိဟာဟု အထင်ရောက်ကာ ထိုသူနှင့် အပေါင်းအပါများက မိမိအတ ကိုယ်ကျိုးများအဖြစ် ဂုတ်သွေးစုပ် အသုံးချခဲ့သည်မှာ နယ်ချဲ့ စနစ်ထက်ဆိုးသည့် အကိုယ့်အမျိုးကို ကိုယ်ရက်စက်ခြင်းဖြစ်နေလေတော့သည်။ ထိုကဲ့သို့ ဆိုးသွန်းနေသော ဖားပြုပ် သန်းရွှေသည် လက်အောက်ငယ်သားများကို အခိုင်အမာ သိမ်းသွင်းပြီး နိဂုန်းလှအောင် လုပ်လာပါသည်။ ထိုသူ့ကို အာခံသော အစိမ်းရောင် ဆင်တူများကိုပင် ဇတ်တူသားခြင်းနှပ်ကွပ်ဖို့ကို ၀င်မလေးသူဖြစ်နေလေတော့သည်။( တင်ဦး၊ ခင်ညွန့်) အခုလည်း သူ့သြေဇာခံ ပြောင်ကြီးသိန်းစိန်ကို အသုံးချပါလေတော့သည်။ ဖားပြုပ်သန်းရွှေ အနှစ်နှစ်ဆယ်လုံးလုံး မွေးထားသည့် ကြံ့ နှင့် ဖွတ် ကို အသုံးချဖို့ ပြောင်ကြီးသိန်းစိန်ကို ခိုင်စေပါတော့သည်။ ပက်ကြားအို ဖားပြုပ်ကြီးအတွက် ရှေ့က ခံပေးမှာက ကြံ့နှင့်ဖွတ်လေ။ ဒီကောင်နှစ်ကောင် ရှိနေ၊ နေရာရနေရင် ငမိုက်သားကြီး အတွက် ထွက်သက်ကို အေးအေးဖြစ်အောင်ကာဘာ တစ်ခုဖြစ်နေတဲ့သဘောပါ။ ငမိုက်သား ဖားပြုပ်ကြီး အလိုအရအတင်းအားဖြင့် သွတ်သွင်းခံထားရတဲ့ ကြံ့ဖွတ်တွေမှာဖြင့် အချင်းချင်း နှိုတ်ကွပ်၊ အသာယူ၊ ချီးတောထဲ ချီးနံကို မွေးတယ်ထင်နေတဲ့ အသားထဲက ထွက်တဲ့ လောက်ကောင်တွေဆိုတာ ထင်ခြားနေတာပေါ့။ ဒီလိုနဲ့ ဖားပြုပ်ကြီး၏ အနေအထား တည်တံဖို့ ဒေါက်ကြီးဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကို ( ငယ်ငယ်က ကစားကြသလို မင်းမပါနဲ့ ငါတို့ကစားမယ် မင်းပါရင် ငါတို့နိုင်ဖို့မလွယ်ဘူး) သူတို့ကြီးသက်သက် ဖားပြုပ်ကြီး နောက်လိုက် များနဲ့ ကစားဖို့လုပ်ထားတာက ပြည်သူတစ်ယောက်အနေနဲ့ရင်နာစရာပါ။ ဖားပြုပ်ကြီးက အထက် ၂၅ နေရာယူထားပြီးသားတဲ့ အောက်နေရာကိုမှ အလွတ်မပေး ပြောင်ကြီးသိန်းစိန်အဖွဲ့ကို ကြံ့နဲ့ဖွတ်ကြီးကို အသုံးချပြီး ဘောင်းဘီချွတ် ပြေးခိုင်တော့ (အဘ အဘ ခေါ်နေရတဲ့) ဒီအဖွဲ့ကို နောက်လိုက်တွေဖြစ်တဲ့ ပါတီအမည်ခံထားတဲ့ (ချီထုပ်)တောက ခေါင်းညှိပ် ထောက်ခံ ဖင်ကုန်း ပေးယုံကလွဲပြီး ဘာတက်နိုင်တော့မှာလည်း။ အာဏာကိုအလွယ်ရချင်တယ်လို့ သူတပါးကို အသံကောင်းဟစ်ပြနေတဲ့ ဖားပြုပ်ကြီး အဖွဲ့ကတော့ဖြင့် (ကဲငါတို့ ယုတ်မာပက်စက် လိမ်လည်ညစ်ပတ် ကောက်ကျစ်စဉ်းလည်းတဲ့ အကြောင်းလည်း သိကုန်ပြီ မထူးဇတ်ကို မထူးသလို လက်နက်အားကိုးပြီး ခင်းရင်း မလွတ်အောင်ဆွဲထားမှ အသေဆိုးဘေးကလွတ်မှာဆိုတော့ အမိုက်ဇတ်ကိုခင်းရင်း တိုင်းပြည်ကို ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေ၊ နိမ့်ကျခြင်း၊ ခေတ်သစ် အလုပ်ကျေးကျွန်များကို မွေးထုပ်ဖို့ လုပ်ကြစို့.)ဆိုပြီး အကွက်ကျကျလုပ်ဆောင်နေလေတော့သတည်း။
မှတ်ချက်။ နအဖ ဖားပြုပ်ကြီးသန်းရွှေအဖွဲ့ အကြံအစီကို သရော်ခြင်းဖြစ်သည်။
ဖားပြုပ်ကြီး သန်းရွှေ
Category
- share (1)
- ဓါတ်ပုံ (1)
- မှန်ကန်လို့ကွဲခြင်း (2)
- လက်ဆင့်ကမ်း (2)
- သတင်း (5)
- သတင်းမှတ်တမ်း (1)
- သရော် ဆောင်းပါး (1)
- ဆောင်းပါး (15)
- နိုင်ငံရေး ဟာသ (1)
နှစ်.လ.ရက်
ယခု
ဒီမိုကရေစီစနစ်ဟာ ဘာလဲ
ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရကို မြန်မာပြည်မှာ ဆင်းရဲမွဲတေမှုနဲ့ စစ်အာဏာရှင် နှစ်ဆက်အုပ်ချုပ်မှုကြောင့် သာမာန်ပြည်သူ အသက် ၅၀ အရွယ်လူကြီးတစ်ယောက်တောင် ရေရေလည်မသိတာကို ကိုယ်တွေ့ကြုံဖူးပါတယ်. အလွယ်သိလိုက်တာက လွတ်လပ်မှု ဒါကို မသိနားမလည်တော့ လုပ်ချင်တာလုပ်လို့ရတယ်လို့ ယူဆလိုက်ပါရော. ခတ်ပြီလေ လုပ်ချင်လုပ်လို့ရရင် မင်းမဲ့စရိုက်ပေါ့. ဒီမိုကရေစ်ီဆိုတာ ဒါဒီလိုမဟုတ်ဘူး. သာတူညီမျှတရားမျှတမှု၊ တိုင်းပြည်အာဏာသည် တစ်ဦးတစ်ယောက်ထံတွင် အစဉ်ရှိမနေခြင်း၊ ပြည်သူက လက်ခံသဘောတူသူသာ တိုင်းပြည်ကို အချိန်အကန့်အသတ်နှင့် အုပ်ချုပ်စီမံနိုင်ခြင်း၊ မကောင်းသည့် တိုင်းပြည်ခေါင်းဆောင်ကို ပြည်သူများကပယ်ခြားနိုင်ခြင်း၊ တရားဥပဒေ စိုးမိုးမှုကို ပြည်သူရော၊ အုပ်ချုပ်သူပါ တပြေးညီ ခံစားနိုင်ခြင်း၊ ပြဌာန်းထားသော ဥပဒေ အထက်တွင် အဘယ်သူမှရှိမနေခြင်း၊ နိုင်ငံသားတိုင်း အခြေခံလူ့အခွင့်ရေး ခံစားနိုင်ခြင်း၊ တည်ဆဲ ဥပဒေ အရ ပြစ်မှုကျူးလွန်လျှင် ရာထူးရာခံ၊ဆင်းရဲ၊ချမ်းသာ မရွေး တပြေးညီ စီရင်ခြင်းခံရမည်ဖြစ်ခြင်း၊ စသော လူသားတိုင်းသာတူညီမျှမှုကို အနီးစပ်ဆုံး ကျင့်သုံးနိုင်သော စနစ်ကို ဆိုလိုတာကို ပြည်သူများ သိစေချင်ပါသည်။(ယခု နအဖ အုပ်ချုပ်နေတာ ပြည်သူတွေကို အကျဉ်းချထားတာနဲ့တူပါတယ်. လူကိုခင်ရင်မူကိုပြင်တယ်. လူကိုမုန်းရင်မူကိုသုံးတယ်. လာဘ်ပေးသူကို ကြည်တယ်. စာရိတ္တပါတမျိုးသားလုံးပျက်အောင် လုပ်ထားတဲ့ စနစ်ဆိုးပါ. သန်းရွှေကို ကျွန်တော်တို့ ရွေးကောက်တင်မြောက်ထားတာလား. လက်နက်အားကိုးပြီး. နေရာယူထားတာ. ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစနစ် နဲ့ ဆန့်ကျင်နေတယ်. ဖီဆန်ကြ.)
သတိထားကြ
နအဖ တဖြစ်လည်း ကြံ့ဖွတ် အစိုးရ လိမ်ပြီ၊ ညာပြီ၊ ကောက်ကျစ်စဉ်းလည်း နေပြီ၊ နေ၀င်း= စောမောင်=သန်းရွှေ=
သိန်းစိန် အတူတူပါ။ ယခုကြံ့ ဖွတ်အဖွဲ့တွေကို သတိထားကြပါ. သိုးယောင်ဆောင်ထားသည့် ၀ံပလွေ လူသတ်သမားဖြစ်သည်။
သိန်းစိန် အတူတူပါ။ ယခုကြံ့ ဖွတ်အဖွဲ့တွေကို သတိထားကြပါ. သိုးယောင်ဆောင်ထားသည့် ၀ံပလွေ လူသတ်သမားဖြစ်သည်။
ပြည်သူ့ သဘောထား
- လက်နက်အားကိုးမိတ္ဆာမျိုး အာဏာရှင်စစ်ဝါဒီများအား ဆန့်ကျင်ကြ-
- နိုင်ငံတော်ကို ဂုတ်သွေးစုတ် အုပ်ချုပ်နေသော နအဖ အုပ်စုကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ-
- နိုင်ငံတော် ဒီမိုကရေစီစနစ်မထွန်းကားအောင် ၀င်ရောက်စွတ်ဖတ်၊ နအဖကို အားပေးနေသော နိုင်ငံများကို ဆန့်ကျင်ကြ-
- နိုင်ငံတော်ကို ဂုတ်သွေးစုတ် အုပ်ချုပ်နေသော နအဖ အုပ်စုကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ-
- နိုင်ငံတော် ဒီမိုကရေစီစနစ်မထွန်းကားအောင် ၀င်ရောက်စွတ်ဖတ်၊ နအဖကို အားပေးနေသော နိုင်ငံများကို ဆန့်ကျင်ကြ-
Wednesday, 5 May 2010
ဖားပြုပ်ကြီး သန်းရွှေ မွေးထားသည့် ကြံ့နှင့်ဖွတ်ကို အသုံးချခြင်း
Posted by
mr.si
at
22:21
0
comments
Labels: သရော် ဆောင်းပါး
Subscribe to:
Posts (Atom)