အကျဉ်းစံရင်း ပေးဆပ်နေရသူ ၊ သူမ၏ အရည်အချင်းမှန်ကို ထုပ်ပြခွင့်မရသူ ၊ ပြည်သူတို့၏ မျော်လင့်ချက်များကို ပိုင်ဆိုင်သူ ၊ ဒီလိုဆိုရင် ကျွန်တော်တို့ အမေစု ဟာတိုင်းပြည်နှင့်လူမျိုး အပေါ်
လုပ်ဆောင်ပြခွင့် ကြိုးစားတည်ဆောက်ခွင့် ၊ စစ်မှန်တဲ့ ပြည်သူ့အာဏာ ဒီမိုကရေစီ စနစ် တစ်ခုကို
ဖော်ဆောင်ပြခွင့်မရပဲ ၊ စစ်အာဏာရှင် နအဖ ရဲ့ မတရားဖမ်းဆီးမှု ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြား
မှာ ဘ၀တစ်သက်တာလုံး ပေးဆပ်လိုက်တော့မှာလား? တကယ်တော့ အမေစုဟာ အသုံးပြုခွင့်မတဲ့ ပိတ်ပင်ထားတဲ့ အရည်အသွေးတစ်ခုပါ။ အသုံးပြုပြီးမှ ကောင်းမကောင်း ဆုံးဖြတ်ကြပါလားဗျာ။ အခု တော့
မိတ္ဆာများက ခွင့်မပြုလေတော့ မြန်မာပြည်ကြီးအတွက် မသုံးကြည့်ရပဲ ခေါင်းဆောင်ကောင်း တစ်ယောက်
ဆုံးပါးသလိုဖြစ်နေရကြောင်းပါ။ အမေစု ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး အမြန်ဆုံး သယ်ပိုးထမ်းဆောင်နိုင်ပါစေ...
ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုလိုက်ပါသည်။
Category
- share (1)
- ဓါတ်ပုံ (1)
- မှန်ကန်လို့ကွဲခြင်း (2)
- လက်ဆင့်ကမ်း (2)
- သတင်း (5)
- သတင်းမှတ်တမ်း (1)
- သရော် ဆောင်းပါး (1)
- ဆောင်းပါး (15)
- နိုင်ငံရေး ဟာသ (1)
နှစ်.လ.ရက်
ယခု
ဒီမိုကရေစီစနစ်ဟာ ဘာလဲ
သတိထားကြ
သိန်းစိန် အတူတူပါ။ ယခုကြံ့ ဖွတ်အဖွဲ့တွေကို သတိထားကြပါ. သိုးယောင်ဆောင်ထားသည့် ၀ံပလွေ လူသတ်သမားဖြစ်သည်။
ပြည်သူ့ သဘောထား
- နိုင်ငံတော်ကို ဂုတ်သွေးစုတ် အုပ်ချုပ်နေသော နအဖ အုပ်စုကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ-
- နိုင်ငံတော် ဒီမိုကရေစီစနစ်မထွန်းကားအောင် ၀င်ရောက်စွတ်ဖတ်၊ နအဖကို အားပေးနေသော နိုင်ငံများကို ဆန့်ကျင်ကြ-
Thursday, 2 July 2009
အသုံးမပြု ရသေးသည် အရည်အသွေးတစ်ခု
Posted by
mr.si
at
18:41
0
comments
Labels: ဆောင်းပါး
အာဇာနည်နေ့ ဒို့မမေ့
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် ကို မြန်မာပြည်သူများသိကြမှာပါ။ မြန်မာသမိုင်းတွင် အဆိုးဆုံး နှင့် အရက်စက်ဆုံး ဖြစ်ရပ်ဖြစ်ပါလိမ့်မည်။ ခေတ်သစ် မြန်မာနိုင်ငံတည်ဆောက်ဖို့ ရှေ့ကဦးဆောင်ခဲ့ကြသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ခေါင်းဆောင်ကောင်းများသည် အသားထဲကလောက် ထွက်သူ လူတစ်စုကြောင့် ကျဆုံးခဲ့ရသည့် အာဇာနည်နေ့ အဖြစ်သတ်မှတ်ထားသော ဇူလိုင်လ ၁၉ ရက်နေ့ ပင်ဖြစ်သည်။ သမိုင်းကိုပြန်ကြည့်ရင် မြန်မာ့သမိုင်းတွင် ခေါင်းဆောင်ကောင်း များအနက် ဗိုလ်ချုပ်ဟာ အလုပ်နဲ့သက်ပြခဲ့တဲ့ နောက်ဆုံး မျိုးဆက်လို့ ဆိုနိုင်ပါသည်။ အရွယ်ကောင်း အချိန်ကောင်းတွင် ကျဆုံးခဲ့ရခြင်းကြောင့် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရပြီး တိုင်းပြည်ထူထောင်ရေး ဆောင်ရွက်ချက်များ ကို ပြည်သူများ အပြည်အ၀ မခံစားခဲ့ရတာဟာ သမိုင်းမှာ ဆုံးရှုံးမှု အကြီးမားဆုံးဖြစ်ခဲ့ပါသည်။ သမိုင်းပြောင်းလည်းမှု ဖြစ်စဉ်မှာ လွတ်လပ်ရေးရပြီး ခေါင်းဆောင်ကောင်းမရှိခဲ့တဲ့ မြန်မာပြည်ဟာ မျောက်အုန်းသီးခွာသလို အစရှာမရ ကမောက်ကမနဲ့ ဖြစ်နေခဲ့တာ ယခုချိန်ထိဆို ရင်မမှားပါဘူး။ နောက်ပိုင်းခေါင်းဆောင် အမည်ခံသူများဟာ နေရာယူ ခေါင်းဆောင်လုပ် အရည်အချင်း အမှန်နှင့်ဖြစ်လာသူများမဟုတ်ပါ။ (ဥပမာ- နေ၀င်း၊ စောမောင်၊ သန်းရွှေ) ခေါင်းရှောင် လူလိမ် ကိုယ်ကျိုးသမား အာဏာရှုးများသာဖြစ်ကြောင်း သမိုင်းကသက်သေခံနေပါသည်။ လက်ရှိ နအဖသည် သမိုင်းကြောင်းအရ နိုင်ငံနှင့် လူမျိုးများအတွက် ဆုံးရှုံးမှု ကြီးမားခဲ့သည့် အာဇာနည်နေ့ ကိုပင်မှေးမှိန်အောင် လုပ်နေ သည် ယုတ်မာမှုကတော့ ကမ်းကုန်ပြီပေါ့။ စာရေးသူငယ်ငယ်ကတော့ အာဇာနည်နေ့ အမှတ်တရပွဲများ ကျောင်းများတွင် စည်ကားစွာကျင်းပ၊ ဇူလိုင် ၁၉ ရက် ၁၀နာရီခွဲ တွင် ၀မ်းနည်းခြင်းအထိမ်း အမှတ် ဥသြဆွဲသံများ ရှိခဲ့ပါသည်။ ယခုတော့ မကြားရတာ ဆယ်စုနှစ် နှစ်ခုရှိသွားပါပြီ။ လွတ်လပ်ရေး ရပြီး အသီး အပွင့် ကို အာဏာရှင် လူတစ်စုသာ ကိုယ့်လူမျိုးမျိုးအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုပ်ပြီး ကောင်းစာနေကြောင်း ၊ ပြည်သူအများ စုမှာတော့အနိမ့်ဆုံး ဘ၀များနှင့် ကမ္ဘာအလည်မှာ မျက်နှာငယ် ဆင်းရဲမွဲတေနေကြတာကို လွတ်လပ်ရေးကြိုးပမ်းမှုတလျောက် ကျဆုံးလေပြီးသော အာဇာနည် ပုဂ္ဂိုလ်များ သိခဲ့ရင် ရင်ထုမနာ ဖြစ်လောက်ပါကြောင်း ၆၂ နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြုရေးသားလိုက်ပါသည်။
Posted by
mr.si
at
14:14
0
comments
Labels: ဆောင်းပါး
Sunday, 14 June 2009
တာချီလိတ် က (နအဖ) ၏ ၂၀၁၀ အတွက် ဂွင်ဆင်မှု တစ်ခု......
တာချီလိတ်မြို့တွင် (နအဖ) သည် စကောလောက်မှ ဇောက်မနက်သည့်အကြံနှင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံးမှုတစ်ခု လုပ်ဖို့ကြံနေပါသည်။ သာမာန် အောက်ခြေပြည်သူများကို နာရေးကူညီမှုအသင်း အနေဖြင့် ဖွဲ့ပြပြီး စည်းရုံးနေပါသည်။ သာမာန်ပြည်သူများ အသင်းဝင်ရင် တစ်လ ၂၀ ဘတ်(ထိုင်းငွေ) ထည့်ရပါမည်တဲ့၊ လူသေရင် အသင်းက ၁၀၀၀၀ ဘတ်(ထိုင်းငွေတစ်သောင်းဘတ်) ကူညီမယ်ပေါ့၊ အသင်းဝင်းသူ (၆) လ ကျော်လို့ ပြည်မနေသူ ပြည်မကို ပြန်ရင် ၂၀၀၀ ဘတ် ကူညီမည်လို့ မက်လုံးတွေပေးပြီး လုပ်နေပါသည်။ ဒါဟာ အချိန်ကိုက် နအဖ စီစဉ်တာပါ အသင်းဝင်လိုသူများဟာ နအဖ ရပ်ကွက်ရုံကိုသွားပြီး စရင်းပေးသွင်း ငွေသွင်းရပါတယ်. ကိုယ်ကဘယ်အချိန်သေမှန်းမသိ လောလောစဉ် ငွေသွင်းရတာက အရင်ပါ
ထီထိုးသလိုပေါ့ ၊ တစ်လကို နှစ်ဆယ် ဘတ်နှင့် ထီထိုးနေရတယ်ဆိုပါစို့ မိမိသေမှ တစ်သောင်းဘတ်ပေးမေပေါ့၊
စဉ်းစားကြည့်ရင် မိမိအသက်နဲ့ရင်းပြီး ချဲထိုးသလိုပါ. တော်တော်ကောက်ကျစ်စဉ်းလဲတဲ့ အလုပ်ပါ၊ မြန်မာပြည်ရဲ့ အစဉ်လာအတိုင်း တိုင်းပြည်ကို ဆင်းရဲအောင်လုပ်ထားပြီး ပြည်သူ ဥာဏ်ရည်ကို ချိုးနှိမ်ထားတဲ့ နအဖ ခေတ်မှာ သာမာန်ပြည်သူများမှာ အခွင့်ရေးလို့ထင်နေကြပါသည်။ တန်လျက်ကို ရေထင်သလိုပေါ့ ဒီိအသင်းဟာ ၂၀၁၀ ခု ကျော်ရင်ရှိပါတော့မလား. မေးခွန်းထုပ်စရာပါ. လက်ရှိဒေသဆိုင်ရာ အုပ်ချူပ်သူ နအဖ ဘက်တော်သား (အသားထဲက လောက်ထွက်သူ )များသည်လည်း နအဖ နိဂုံးချုပ်ရင် နိဂုံးချုပ်မည့်သူများပါ။ ဒါဆိုရင် ဒီလိုလက်ပူတိုက် လုပ်သည့် နအဖ ဂွင်ကို အများပြည်သူများ မ၀င်မိအောင် သတိချပ်သင့်ပါသည်။ (တာချီလိတ်တွင် နာရေးကူညီနေသည့် ဘုန်းကြီးကျောင်းရှိပါသည်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ၊ မကာဟိုခမ်းရပ်ကွက် ဖြစ်သည်။ ကျောင်းထိုင်ဆရာတော်သည် ရှမ်းတိုင်းရင်းသားဖြစ်သည် သူ့ကျောင်းတွင် လူမျိုးမရွေးဘာသာမရေး အသုဘရုပ်ကလပ်များကို ဇရပ်ဆောက်ပြီး လက်ခံထားပေးပါသည်။ အခေါင်း ဖိုး မတတ်နိုင်သူများကို အခေါင်းအလှူပေးခြင်းဖြင့် နာရေးကူညီမှုကို ဆောင်ရွက်ပေးနေပါသည်။) အခုမှာ နအဖ က သကာရည်လောင်းပြီး ၂၀၁၀ မှာ သူတို့ကို ထောက်ခံဖို့ အထာနဲ့ အချိနကိုက်လုပ်နေပါသည်။ ပြည်သူများ သတိရှိကြပါ... မိတ္တူကူပြီး ဖေါ်ပြပေးကြပါ......
စစ်မုန်း
Posted by
mr.si
at
20:48
0
comments
Labels: သတင်း
သတင်းတစ်ခု...
တာချီလိတ်မြို့ ၊ ၀မ်ကောင်းရပ်ကွက် မင်္ဂလာလမ်း (န.အ.ဖ)ရပ်ကွက်ရုံ အနီတွင် ၁၄.၆.၂၀၀၉ တနင်္ဂနွေနေ့ က စိတ်ကျွ ရူးသွပ်ဆေး (ရာမ) များမိကြောင်းသိရသည်။ မိသူမှာ သှူုဌေးတစ်ယောက်၏ အလုပ်သမားထံမှပါ။ သူဌေးမိသားစုမှာ ထွက်ပြေးလောက်ပြီလို့ သိရပါသည်။ သူဌေးမိသားစု မိန်းမ၏ ဖခင်မှာ လက်ရှိ (နအဖ) ခိုင်းဖက် ရပ်ကွက် ဆယ်အိမ်ခေါင်း လုပ်နေသူပါ။ (နအဖ) ဘယ်လိုအရေးယူမည်လည်း ...
ဒီခေတ်မှာ နအဖ နှင့်ပေါင်းပြီး ဒူစရိုက် လုပ်ငန်းများလုပ်သူ ပတ်သက်သူ ဘယ်နှစ်ယောက်ရှိနေပါလည်း . စဉ်းစားစရာပါ. ခေတ်ပျက်သဌေးလို့ ပြောလို့ရသူများဟာ ဒီလိုလူမျိုးတွေလားး.........
ှ
Posted by
mr.si
at
20:31
0
comments
Labels: သတင်း
Thursday, 21 May 2009
ဖတ်ဖြစ်အောင်ဖတ်ပါ လက်ဆင့်ကမ်းပေးပါ
၁။ ရေဗူးများ ဆောင်ထားရပါမယ်။ သောက်သုံးရန် အတွက်သာမက နာကျင်ခြင်း၊ ဒါဏ်ရာရရှိခြင်း၊ အပူလောင်ခြင်းတို့ တွင် ဆေးကြောသုတ်သင်ရန်လည်း ဖြစ်ပါတယ်။
၂။ ထူထပ်၍ ခိုင်မာသော လက်အိတ်များများ ဆောင်ထားရပါမယ်။ အပူ၊ ထိခိုက်မှု၊ ဆေးဝါး ဓါတုပစ္စည်းများ အန္တရာယ်မှ ကာကွယ်ရန် သာမက မိမိရဲ့ လက်ဗွေရာများ မကျန်စေရန် အတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၃။ အရေးပေါ် အဆက်အသွယ် ပြုလုပ်နိုင်ရန် အတွက် လက်ကိုင်ဖုန်း (သို့) ပြည်သူပိုင် ဖုန်းတို့ တွင် အသုံးပြုနိုင်ရန် စီစဉ်ထားရပါမယ်။
၎။ ရှေးဦး သူနာပြုနှင့် ပတ်သက်သော ဆေးဝါး ကိရိယာများကို မိမိယူဆောင်လို့ ရနိုင်သည့် တနိုင်စာအား ပြင်ဆင်ထားရပါမယ်။ အ၀တ်စ၊ ပတ်တီး၊ အရက်ပြန်၊ ဂွမ်း၊ ကတ်ကျေး၊ ချုပ်အပ်၊ ချုပ်ကြိုး၊ အနာကျက်ဆေး၊ အကိုက်အခဲ ပျောက်ဆေး စသည်တို့ ကို ဆောင်ထားရမှာ ဖြစ်ပါတယ်။
၅။ အရေးပေါ် စားသောက်နိုင်ရန် အစားအသောက်များ ဆောင်ထားရမှာဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်၊ ထမင်းခြောက်၊ အသားခြောက် အစရှိသည်တို့  ဖြစ်ပါတယ်။ရှောင်ကြဉ်ရန်နှင့် သင့်တော်သော ၀တ်စားဆင်ယင်မှု။
၁။ ရန်သူဘက်မှ သိသိသာသာ မြင်နိုင်သည့် အရောင်တောက်တောက် အ၀တ်အစားများအား ၀တ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ သာမန် အရောင်မတောက်သည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။
၂။ ဆွဲကြိုး နာရီ အစရှိသည့် ရန်သူမှ အလွယ်တကူ ဆွဲမိနိုင်သည့် ပစ္စည်းများ ၀တ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ ထို့အတူ မိမိတို့ ဆံပင်အရှည် များကိုလည်း ထုံးဖွဲ့ ထားပါ။
၃။ အလွယ်တကူ ဆုတ်ပြဲနိုင်သည့် ကျွတ်ကျနိုင်သည့် မခံခိုင့်သည့် အ၀တ်အစားများ ၀တ်ဆင်မှုအား ရှောင်ကျဉ်ပါ။ ခိုင်ခံ့သည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။
၎။ ဂွင်းထိုး ဖိနပ်များ၊ သားရေ ဖိနပ်များ၊ ကြိုးချီဖိနပ်များ ၀တ်ခြင်းအား ရှောင်ကြဉ်ပါ။ မိမိ ခြေထောက်အား အကာအကွယ် ပေးသည့် အလွယ်တကူ မကျွတ်ကျနိုင်သည့် ပြေးလွှားရာတွင် ပေါ့ပါးသည့် ဖိနပ်မျိုးကိုသာ ၀တ်ပါ။
၅။ မိမိ လက်တစ်လျောက်၊ လည်ပင်း တစ်ဝိုက်၊ ခြေထောက် အသားအရေ များအား လုံခြုံစွာ ဖုံးထားနိုင်သည့် အင်္ကျီလက်ရှည် ဘောင်းဘီရှည် များကို ၀တ်ဆင်ပါ။ ပုဆိုးများ ၀တ်ဆင်ခြင်းကို အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည့် နေရာများတွင် မ၀တ်ဆင် သင့်ပါ။ဆောင်ထားသင့်သော ပစ္စည်းကိရိယာများ။
၁။ မျက်စိအကာအကွယ်ပစ္စည်း (Goggles) - မျက်မှန်ကဲ့သို့  မျက်စိအား ဖုံအုပ်ထားပေးသော ရေကူးရာတွင်သုံးသည့် မျက်စိကာများ။ မျက်စိ အကာသည် မှန်ထက် ပလတ်စတစ်က ပိုသင့်တော်ပါတယ်။ မီးခိုးငွေ့ များ၊ ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။
၂။ နှာခေါင်းနှင့် ပါးစပ် အကာအကွယ်ပစ္စည်း (Mask) - နှာခေါင်းနှင့် ပါးစပ်အား မီးခိုးငွေ့ များ၊ ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။
၃။ မျက်နှာပြင် တစ်ခုလုံးအား (မျက်စိနှင့် နှာခေါင်းမှ အပ) ဖုံးထားနိုင်သည့် ခေါင်းစွပ်များ ကိုလည်း မျက်စိကာ နှာခေါင်းကာများဖြင့် တွဲဘက် အသုံးပြုနိုင်ပါတယ်။ ပိုမို သင့်တော်ပါတယ်။ နှာခေါင်းနှင့် ပါးစပ်အား မီးခိုးငွေ့များ၊ ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။ ထို့အတူ မိမိအား ရန်သူမှ မည်သူမှန်း မသိစေရန် ကာကွယ်နိုင်ပါတယ်။ သို့သော် မိမိ တစ်ဦးတည်း ထီးထီး မြင်နေရ ချိန်တွင် ရန်သူမှ အာရုံစိုက်မိစေရန် အလျင်စလို မသုံးသင့်ပါ။ ရုန်းရင်း ဆန်ခတ်မှု ဖြစ်ခါနီးနှင့် မျက်ရည်ယိုဗုံး ဓါတုဆေးများအား ရန်သူမှ သုံးလာလျှင် ၀တ်ဆင်သင့်ပါသည်။
၎။ ဦခေါင်းအား အကာအကွယ်ပေးသည့် ပစ္စည်းများ - ဦးထုတ်အမာ၊ ဆိုင်ကယ်စီး ဦးထုတ်များအား ၀တ်ဆင် ထားသင့်ပါသည်။ ရန်သူမှ ဒုတ်ဖြင့်ရိုက်မှု၊ မိမိဘာသာ ချော်လဲကျမှုကြောင့် ဖြစ်လာနိုင်သည့် ဦးခေါင်းဒါဏ်ရာရမှုအား ကာကွယ်ရန် ဖြစ်ပါတယ်။
၅။ အ၀တ်အစား အပိုတစ်စုံအားလည်း ဆောင်ထားသင့်ပါသည်။ ရုန်ရင်းဆန်ခတ်ဖြစ်မှုကြောင့် ပျက်စီးပေကျံသွားသော အ၀တ်အစား အား လဲလှယ်ပြီး ရန်သူအား ခြေရာဖြောက် နိုင်ရန်အတွက် ဖြစ်ပါတယ်။ ထို့အတူ သွေးထွက် ဒါဏ်ရာအားလည်း ပတ်တီး အဖြစ် အသုံးပြု နိုင်ပါတယ်။အထက်ဖေါ်ပြပါ အကာအကွယ်ပစ္စည်းများကို ဆောင်ထားဝတ်ဆင်ထားမယ်ဆိုရင် မျက်ရည်ယိုဗုံးနဲ့  ဓါတုဆေးအန္တရာယ်များကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မျက်ရည်ယိုဗုံးနဲ့  ဓါတုဆေးအန္တရာယ်များဟာ ရန်သူဘက်မှ ယာယီသုံးစွဲတဲ့ဟာ ဖြစ်လို့ ဒီအကာအကွယ် တွေသာ မိမိဘက်မှ လုပ်ထားလျှင် အရမ်းကြောက်ရွံ့စရာ မလိုဖူးဆိုတာ သိထားဖို့ လိုပါတယ်။အရေးပေါ်အခြေအနေပေါ် သုံးသပ်ဆောင်ရွက်ခြင်း။
၁။ ရန်သူ၏ အခြေအနေကို ကြည့်ပါ။ မိမိဘက်မှ လူများအခြေအနေကို ကြည့်ပါ။ စိတ်ကို အေးအေးထားပြီး အခြေအနေကို သုံးသပ်ကာ လုပ်သင့်သည်ကို ဆောင်ရွက်ရန် ဖြစ်ပါတယ်။
၂။ ကြောက်လန့် တကြားဖြင့် ရှေ့ မကြည့် နောက်မကြည့် ရမ်းသမ်းပြေးခြင်းသည် ပိုမို၍ အန္တရာယ်ကြီးပါတယ်။ ရန်သူမှ ဆင်ထားသော ထောင်ချောက်နှင့် ပိတ်ဆို့ ဝိုင်းရံမှုအတွင်းသို့ ကျရောက်နိုင်ရုံမက မိမိဘာသာလည်း လဲပြိုကျကာ ထိခိုက်ဒါဏ်ရာ ရနိုင်ပါတယ်။
၃။ ရှေ့ တိုးခြင်း နောက်ဆုတ်ခြင်းကို မိမိတို့  လူများ အတူတူ ညီညီညာညာ တိုင်ပင်ကိုက် ပြင်ဆင်ဆောင်ရွက်ပါက ရန်သူဘက်က အလွယ်တကူ ဖြိုခွဲနိုင်မည် မဟုတ်ပါ။ ရန်သူသည် မိမိတို့ ဘက်မှ ရဲရဲဝန့်ဝန့်နှင့် ညီညီညာညာ တုန့်ပြန်မှုအား ကြောက်ရွံ့ တတ်လေ့ ရှိပါတယ်။ တစ်ဦးက ဖောက်၍ ပြေးပါက ပြိုကွဲကာ ထွက်ပြေးသူ နောက်အားလည်း ပိုမဲ၍ လိုက်လံ ခြေမှုန်းတတ်သည်ကို သတိထားရန် လိုပါတယ်။
၎။ လှုပ်ရှားမှု စတင်ရန် အကောင်အထည် ဖေါ်ဆောင်ရွက်ရာတွင် အခြေအနေ အားလုံးအား ဖြစ်နိုင်ခြေမှန်သမျှအား ထည့်သွင်း စဉ်းစား၍ လိုအပ်သော ပြင်ဆင်မှုအားလုံးကို စနစ်တကျ တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက် ဖြစ်စေ စီစဉ်မှုပြုလုပ်ရန် လိုပါတယ်။အဆိုးရွားဆုံး အရေးပေါ်အခြေအနေအား ရင်ဆိုင်ခြင်း။
၁။ မိမိတစ်ဦးတည်း ကိုယ်လွတ် ရုန်းပြေးခြင်း၊ အများ၏ ဆန္ဒနှုင့် မကိုက်ညီသော ပြောဆိုမှု လုပ်ဆောင်မှုမျိုး မပြုလုပ်ရန် အရေးကြီး ပါတယ်။
၂။ လှုပ်ရှားမှုတွင် ခေါင်းဆောင် တင်မြောက်ထားသူများ၏ ဆုံးဖြတ်ချက် လမ်းညွှန်မှုအား တညီတညွတ်တည်း လိုက်နာ ဆောင်ရွက်ကြဖို့ လိုပါတယ်။ ခေါင်းဆောင်မှလည်း ဖြစ်ပေါ်လာသည့် ဖြစ်ပေါ်နိုင်သည့် အခြေအနေကို သုံးသပ်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် ကျန်သူများအပေါ် ပြတ်သားရဲရင့်စွာဖြင့် လမ်းညွှန်ဦးဆောင် ရမှာ ဖြစ်ပါတယ်။ မိမိတို့  စီစဉ်ထားသော လူများ အတွက် သာမက ထပ်မံပေါင်းစပ်လာသော ပြည်သူများကိုပါ လက်တွဲခေါ်ယူပြီး စနစ်တကျ စီစဉ် လုပ်ဆောင်ရန် အရေးကြီးပါတယ်။
၃။ မိမိအမာခံလူများနှင့် ရန်သူဘက်မှ သပ်လျှိုဝင်ရောက် ဖျက်စီးနိုင်သည့် သူများအား ခွဲခြား သိမြင်စေရန် အတွက် မိမိတို့ အချင်းချင်း သိသာသည့် အမှတ်အသား စကားဝှက် များကိုလည်း စီစဉ်ထားရမည် ဖြစ်သည်။ ထိုနေရာတွင် ရန်သူအား သိသာစေသည့် မြင်သာ စေသည့် အမှတ်အသားများကို မပြမိစေရန် အရေးကြီးပါတယ်။
၎။ ရန်သူနှင့် ထိပ်တိုက် ရင်ဆိုင် ရချိန်တွင် ဖြိုခွင်းမှုကြုံရချိန်တွင် မည်သို့သော လုပ်ဆောင်မှုများ လုပ်မည်ကို မိမိတို့ အနေဖြင့် အထူးသဖြင့် ဦးဆောင်သူများအနေဖြင့် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သည်။ အဆင့်ဆင့် သတ်မှတ်၍ အရေးပေါ် တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်း အသိပေး အကြောင်းကြားသည့် နည်းပုံစံ အားလည်း ပြင်ဆင်ထားရမှ ဖြစ်ပါတယ်။နောက်ဆုံးလုပ်ဆောင်သင့်သော အချက်မှာ (မြန်မာပြည်တွင် ဖြစ်လာခဲ့သမျှသော ရန်သူနှင့် ထိပ်တိုက် ရင်ဆိုင်မှုများတွင် ရန်သူဘက်မှ တစ်ဘက်သတ် အင်အားသုံး အကြမ်းဘက် ဖြိုခွဲမှုကြောင့် ကစဥ့်ကလျားဖြစ်ကာ ပြိုကွဲခြင်းများဖြင့် ကြုံတွေ့ ရခြင်းကြောင့်၊ မိမိတို့ အင်အားများ တတိတိ ဆုံးရှုံးရခြင်းတို့ ကြောင့်) နောက်နောင် ဖြစ်ပေါ်လာနိုင်သည့် လူထုလှုပ်ရှားမှု မှန်သမျှတွင် ညီညီညာညာဖြင့် ခုခံကာကွယ်ရန် ဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံ အသီးသီးက ဖြစ်ပေါ်ခဲ့သမျှသော လူထု လှုပ်ရှားမှုများနှင့် မြန်မာသမိုင်းတွင် ဖြစ်ပေါ်ခဲ့ သမျှသော အောင်မြင်ခဲ့သည့် တော်လှန်ရေး လှုပ်ရှားမှု မှန်သမျှတွင် အင်အားသုံး အကြမ်းဘက်ဖြိုခွဲသော ရန်သူအား ခုခံကာကွယ်တုန့် ပြန်ခဲ့၍သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။လူထုအင်အားဟာ အကြီးမားဆုံး အင်အားဖြစ်ပါတယ်။ လူထုအင်အားနဲ့  ရန်သူအင်အား ယှဉ်ကြည့်ရင် အရေအတွက် အများကြီး ကွာခြားပါတယ်။ လူထုမှာ မိမိအင်အားကို စုပေါင်း အသုံးချနိုင်ဖို့ဘဲ လိုအပ်ပါတယ်။ အင်အားနည်းတဲ့ ရန်သူမှာ လက်နက်ရှိလို့ အင်အားကြီးတဲ့ လူထုက ငုံ့ခံနေရတယ် ဆိုတာ လုံးဝ မဖြစ်သင့်သလို တကယ်ဆိုရင် မမှန်ကန်ပါဖူး။အင်အားနည်းတဲ့ ရန်သူက လက်နက်နဲ့ အနိုင်ကျင့်တယ် ဆိုရင် ပြည်သူလူထုကလည်း လက်နက်နဲ့ အနိုင်ရအောင် လုပ်ဆောင်ရပါမယ်။ လက်နက်ဆိုတာ သေနတ်မှ လက်နက် မဟုတ်ပါဖူး။ ပြည်သူလူထုမှာ လက်နက်တွေ ခိုင်ခိုင်မာမာနဲ့ အများကြီး ရှိဖို့ဘဲ ဖြစ်ပါတယ်။ အဲ့ဒါတွေက စိတ်ဓါတ် လက်နက်၊ ညီညွတ်မှု လက်နက်နဲ့ ရဲရင့်တဲ့ လက်နက်တွေဘဲ ဖြစ်ပါတယ်။ ဒီ့အပြင် လက်တွေ့ ကျတဲ့ လက်နက် တွေကတော့ မိမိတို့ နေ့ စဉ်နဲ့ အမျှ သုံးစွဲနေတဲ့ ပစ္စည်းတွေဟာ လက်နက် တွေပါဘဲ။ မိမိတို့ အိမ်တိုင်းမှာ ဓါး ရှိပါတယ်။ မိမိတို့ အိမ်တိုင်းမှာ မီး ရှိပါတယ်။ မိမိတို့ အိမ်တိုင်းမှာ သံ ရှိပါတယ်။ မိမိတို့ အိမ်တိုင်းမှာ ဓါတုဆေးဝါးတွေ ရှိကြပါတယ်။ မိမိတို့ သွားရာလာရာ လမ်းတွေ မှာလည်း ရှိကြပါတယ်။ ဒါတွေကို သူ့ နေရာနဲ့ သူ ရန်သူကို ရင်ဆိုင်တဲ့ နေရာမှာ ထိထိရောက်ရောက် အသုံးပြုရင် လက်နက် ပါဘဲ။ နောက်ဆုံး ရန်သူ့ လက်နက်ကို ကိုယ့်လက်နက် ဖြစ်အောင် လုပ်ယူရပါမယ်။အဓိကကတော့ မတရား အနိုင်ကျင့် အကြမ်းဘက်ဖြိုခွဲတာကို ငြိမ်မခံပါနဲ့ ။ တစ်ခါအရိုက်ခံရရင် ရန်သူက နှစ်ခါ ထပ်ရိုက်ပါလိမ့်မယ်။ ရန်သူက တစ်ယောက်ကို ဖမ်းရရင် နောက်တစ်ယောက်ကို ဆက်ဖမ်းပါလိမ့် မယ်။ ရန်သူက တစ်ယောကို လွယ်လွယ်ကူကူနဲ့ ပစ်လို့ ရရင် နောက်တစ်ယောက်ကို ထပ်ပစ်ပါ လိမ့်မယ်။ ဒီတော့ မိမိအနေနဲ့ ရန်သူရဲ့ အကြမ်းဖက်မှုကို ခံရတဲ့ ပထမဦးဆုံးသူ မဖြစ်စေပါနဲ့။ နောက်လူလည်း မဖြစ်ပါစေနဲ့။ တစ်ဦးချင်း အရရော လက်တွဲပြီး စုပေါင်းလို့ရော အကြမ်းဖက်လာရင် ပြန်ခုခံပါ။ ကာကွယ်ပါ။ လက်တုန့် ပြန်ပါ။ ဒါဟာ မိမိတို့က အကြမ်းဖက်တာ မဟုတ်ပါဖူး။ အကြမ်းဖက်တာကို ကာကွယ် ခုခံတာဆိုတာကို လက်ခံ ယုံကြည်ရပါမယ်။ဒီလို အလွယ်တကူ အဖမ်းမခံရအောင် အရိုက်မခံရအောင် ပစ်ခတ်တာ မခံရအောင် ရန်သူဘက်က သုံးလာတဲ့ အတိုင်း ပြည်သူတွေဖက်ကလည်း ပက်ဖြန်းဆေးတွေ (Spray) တွေ၊ လောက်လေးဂွတွေ၊ ဒါးအတိုတွေ၊ ဒုတ်အတိုတွေ၊ ကြိုးတွေကို လူတိုင်း အားလုံးက ဆောင်ထားသင့်ပါတယ်။ ကျည်မပေါက်နိုင်တဲ့ သံအထူနဲ့ တစ်ကိုယ်စာ ဒိုင်းအကာတွေ လုပ်ထားကြရမှာ ဖြစ်ပါတယ်။မတရားအကြမ်းဖက်မှု ဖြိုခွင်းမှုကို ငုံ့ ခံလို့ မရပါဖူး။ လူတိုင်းမှာ မိမိရဲ့  အသက် အန္တရာယ်နဲ့  လုံခြုံမှုကို ထိပါးလာစေမယ် ထိခိုက် နာကျင် စေမယ်ဆိုရင် ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။ ခုခံကာကွယ်ပိုင်ခွင့် ရှိပါတယ်။ ဒါဟာ တရားသော ခုခံကာကွယ်မှု ဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ခုခံကာကွယ် ပိုင်ခွင့်ဟာ ဒီလူတစ်ဦး အတွက် ရှိသင်ရှိထိုက်တဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ဆိုတာ ကမ္ဘာ့ ပြည်သူတွေက လက်ခံ သတ်မှတ်ထား ပါတယ်။မတရား အကြမ်းဘက်တဲ့ ရန်သူကို ခုခံကာကွယ်ပါ။ ငုံ့မခံဘဲ တုန့်ပြန်ပါ။မိမိအနေနဲ့ ပြင်ဆင် ဆောင်ရွက် သင့်တာတွေကို ကြိုတင် ပြင်ဆင်ပါ။ ရှောင်သင့်တာတွေ ဆောင်သင့် တာတွေကို ကြိုတင်စီစဉ်ပါ။အင်အားသုံးပြီး ဖြိုခွဲဖို့ လာတဲ့ အကြမ်းဖက် သမားတွေကို ပြန်လည် ဖြိုခွဲရမှာ ဖြစ်ပါတယ်။သည်းခံခြင်း၊ ငြိမ်ခံခြင်း၊ ငုံ့ ခံခြင်း၊ ဖြောင်းဖြခြင်း၊ တောင်းပန်ခြင်း၊ အလျှော့ပေးခြင်းသည် ရက်စက် ယုတ်မာသော ရန်သူနှင့် ထိပ်တိုက် ရင်ဆိုင် နေရချိန်တွင် လုပ်ရမည့် အလုပ်မဟုတ်။ရိုင်းစိုင်းတဲ့ ရန်သူမှာ အကြင်နာ နှလုံးသားနဲ့ ဖြူစင် ရိုးသားမှု ဆိုတာ မရှိဘူး။ လုပ်ရမှာ လုပ်သင့်တာ တစ်နည်းဘဲ ရှိတယ်။ ရန်သူက အကြမ်းဖက်လာရင် ပြန်ချ။
ရေးသားသူ နစ်နေမန်းဝေမျှသူ Co2zenith
Posted by
mr.si
at
12:51
0
comments
Labels: လက်ဆင့်ကမ်း
Sunday, 12 April 2009
ဓါးပြအလား
Posted by
mr.si
at
09:58
0
comments
Labels: သတင်း
Wednesday, 1 April 2009
Posted by
mr.si
at
17:39
0
comments
Labels: ဆောင်းပါး
ခွပ်ဒေါင်း
ငယ်သော်လည်း ရဲ၏ သိ၏
ဆန္ဒလေးများ ပြခဲ့နိုင်ပါတယ်
ဒီကနေရာတွေကလာကြတာ
အင်အား
-
-
-
-
-
-
-
-
-







