တွေ့ဆုံမိကြတဲ့ သူငယ်ချင်းနှစ်ယောက် စကားပြောကြပုံလေးကို ဖတ်ကြည့်ကြပါ။
ပထမလူ။ ။ သတင်းစာတစ်စောင်မှာ ပါတဲ့သတင်းတွေကို ဖတ်ပြပါမယ်.ကွာ. နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်တကွ တပ်မတော် အရာရှိကြီးများအတွက် နေတိုး အဖွဲ့မှ အလှူငွေများပေးအပ်သဖြင့် မြန်မာနိုင်ငံတွင် အာဇာနည်နေ့ကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ကြမည်. တဲ့
ဒုတိယလူ။ ။ မဖြစ်နိုင်တာပဲဗျာ. အမေရီကန်နဲ့ အပေါင်းအပါ မဟာမိတ်တပ်ဖွဲ့တွေက ဘယ်လိုအကြောင်း ကြောင့်အလှူငွေပေးရမှလည်းဗျ. မယုံဘူးဗျာ..
ပထမလူ။ ။ သတင်းကို ဆုံးအောင်နားထောင်ပါအုံးဗျာ. နေတိုးအဖွဲ့ဆိုသည်မှာ အမေရီကန်နဲ့ အပေါင်းအပါ မဟာမိတ်တပ်ဖွဲ့ကို ဆိုလိုခြင်းမဟုတ်ပဲ ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုးနှင့်အဖွဲ့ဖြစ်ကြောင်းတဲ့ဗျာ. အာဇာနည်နေ့ဆိုသည်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကိုးယောက်ကျဆုံးသွားတဲ့နေ့ကိုဆိုလိုခြင်းမဟုတ်ပဲ တေးသံရှင် အဆိုတော် ကိုအာဇာနည်ရဲ့ မွေးနေ့သာဖြစ်ကြောင်းတဲ့ဗျာ...ဟား.ဟား.ဟား....
နောက်သတင်းတစ်ပုဒ်ကို ဆက်ပါအုံးမယ်. နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီးသန်ရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုမှ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအ၀င် တပ်မတော်အရာရှိကြီးများ၊ အရာရှိအရာခံ ၀န်ထမ်းများကို ကြပ်ပြေး ခေါ် နေပြည်တော်သို့ ခေါ်ယူပြီး အချင်းချင်း စိန်ခေါ်ပြမူ တစ်ခုဖြစ်ပွားခြင်းတဲ့ဗျာ.
ဒုတိယလူ။ ။ အချင်းချင်း စိန်ခေါ်ပြမှုဆိုတော့ ပြသာနာက မသေးဘူးဟေ ဆက်ဖတ် ဆက်ဖတ်...
ပထမလူ။ ။ အချင်းချင်း စိန်ခေါ်ပြသည်မှာ တစ်ဦးနှင့် တစ်ဦး ပြသာနာတက်၍ ရာထူးအာဏာ အားပြိုင်မှုကို ဆိုလိုခြင်း မဟုတ်ပဲ ဗိုလ်ချုပ်မှူးကြီး၏ သမီးငယ် မသန္တာချို ရဲ့ မင်္ဂလာပွဲတွင် ၀တ်စားဆင်ယဉ်ထားသော
စိန်များကို ခေါ်ပြခြင်းသာဖြစ်ကြောင်းတဲ့ဗျာ..ဟား.ဟား.ဟား...
ပထမလူ။ ။ နောက်တစ်ပုဒ်ဗျို. မြန်မာသက္ကရာဇ် ၁၃၇၁ ကဆုန်လဆုတ် ၉ ရက် (ခရစ်သက္ကရာဇ် ၂၀၀၉ ခု မေလ ၁၇ ရက်)နေ့စွဲ့ဖြင့် ကိုကြီးကျော် ဦးဆောင်သော သုံးဆယ့်ခုနစ်မင်း နတ်အမျိုးသားကောင်စီမှ ၂၀၁၀ ရွေးကောက်ပွဲ မစတင်မှီ ကြော်ငြာချက်တစ်စောင် ထုပ်ပြန်ခြင်းတဲ.
ဒုတိယလူ။ ။ ဟေ ဒါဆို သုံးဆယ့်ခုနစ်မင်း နတ်တွေပါ ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်မယ်ထင်တယ် ဆက်ဖတ်စမ်းပါအုံး.....
ပထမလူ။ ။ မြန်မာနိုင်ငံတွင် အဆမတန်မြင့်မားလာနေသော ကုန်ဈေးနှုန်းများကြောင့် မိရိုးဖလာ ကိုးကွယ်နေကျ နတ်ကနား ပွဲများတွင် ယခုဆိုလျှင် ကိုကြီးကျော် သောက်သုံးနေကျ ၀ီစကီ၊ ဗရန်ဒီ အရက်များ
အစား ထန်းရည်နှင့် ဓနိရည်များကိုသာ အစားထိုးသုံးစွဲနေရပြီး မနှင်းလေး ကိုင်ဆောင်နေကျ ကြက်ဥပြုတ်၊
ဘဲဥပြုတ်အစား ငုံးဥပြုတ်များကိုသာ အစားထိုးသုံးစွဲနေရပြီး ကြာလာလျှင် အိမ်မြှောင်ဥများကို သာသုံးစွဲရမည့်
အခြေအနေ သို့ဆိုက်ရောက်လာနိုင်ပါသဖြင့် သုံးဆယ်ခုနစ်မင်းနတ်များ အလွန်အမင်း စိတ်ပျက်မိပါသည် တဲ့ ခင်ဗျာ.ဟား. ဟား.ဟား...
ထို့အပြင် ၅ ယောက်ထက် ပိုမစုရ ဆိုသည့် မာရှယ်လော အမိန့်ကြောင့် နတ်ကနားပွဲများတွင် လူစည်ကားမှု မရှိခြင်းက တစ်ကြောင်း၊ ညပိုင်းကသော နတ်ကနားပွဲများတွင် လျှပ်စစ်မီး ခဏ ခဏ ပျက်သည့်အတွက် မှောင်ရိပ်ခိုမှုနှင့် ဖမ်းဆီးပြီး ၅ည နှင့်ထောင်ကျခံနေရသော နတ်များတိုးပွားလာသည်ကတစ်ကြောင်းကြောင့်
ပို၍ဆိုးရွားလာနေသည်မှာ တရုပ်ပြည်မှ ဦးတီပွားနှင့် ကွမ်အင် မယ်တော်နတ်၊ အိန္ဒိယမှ လက်ချမီးမယ်တော်နှင့် မဟာပိန္နဲနတ်တို့ အပြိုင်အဆိုင် သဘာဝဓါတ်ငွေ့ဝယ်ယူရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေ
သည့်အတွက် အကယ်၍ ဤစီမံကိန်းများ အကောင်အထည်ဖော်မည်ဆိုပါက ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းရာ လမ်းတစ်လျောက် တွင်တည်ရှိနေသော နတ်စင်များ၊ ညောင်ပင်များပါ ပျက်စီးသွားနိုင်စရာ အကြောင်းရှိပါသဖြင့် သုံးဆယ့်ခုနစ်မင်းနတ်များ အထူစိုးရိမ်ပူပန်မိပါသည်။ တဲ့ဗျာ.ဟား.ဟား.ဟား...
ထို့ကြောင့် နအဖတို့ အနေနဲ့ မှောင်ရိပ်ခိုမှုနှင့်ဖမ်းဆီးထားသော နတ်များအား ပြန်လွှတ်ပေးရန်၊ နတ်တို့၏ စည်းကမ်းဥပဒေများအား ပြန်လည်သုံးသပ်ပြင်ဆင်ရန် နှင့် လူ့အခွင့်ရေး ချိုးဖောက်နေရုံမက နတ်အခွင့်ရေး ချိုးဖောက်မှုကိုပါ ဆက်လက်ကျူးလွန်နေမည်ဆိုပါက နအဖတို့၏ ပြောင်းရွှေ့သွားသော
ကြပ်ပြေးခေါ် နေပြည်တော်သို့ သုံးဆယ့်ခုနစ်မင်းနတ်များ လုံးဝ (လုံးဝ) ပြောင်းရွှေ့လိုက်ပါမည်မဟုတ် ဖြစ်ကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကိုပါ လုံးဝ (လုံးဝ) ထောက်ခံလိမ့်မည် မဟုတ်ကြောင်းကြော်ငြာ အပ်သည်။ တဲ့ ဗျာ. ဟား. ဟား . ဟား.....
ပုံ/ ကိုကြီးကျော်
သုံးဆယ်ခုနှစ်မင်းနတ် အမျိုးသားကောင်စီ
မန္တလေး၊ တောင်ပြုံးမြို့တော်
တဲ့ ဗျာ. ဟား. ဟား. ဟား...
ဒုတိယလူ။ ။ နတ်တွေတောင် သိကုန်ပြီကိုး. ဟာဟ. ထူးတာလေးတွေ ဆက်ဖတ်စမ်းပါအုံး...
ပထမလူ။ ။ နောက်တစ်ပုဒ်လည်းထူတယ်ဗျိုး. ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့နဲ့ အတူ ဂျပန်နိုင်ငံမှ ဆိုနီနှင့် ကင်နို တိုးလည်း အဖမ်းအဆီခံရရာ ကင်နိုကို ပြန်လွှတ်ပေးပြီး ဆိုနီမှာ ယခုထိပြန်လွှတ် မပေးသေးကြောင်း တဲ့ဗျာ.
ဒုတိယလူ။ ။ ဟာ အဲဒီတုံးက နိုင်ငံခြားသား ဂျပန်လည်းဖမ်းခံထိတာပဲ ဆက်စမ်းပါအုံးဗျာ..
ပထမလူ။ ။ ဆိုနီနဲ့ ကင်နိုဆိုသည်မှာ လူပုဂ္ဂိုလ် မဟုတ်ပဲ. ရွှေဝါရောင်တော်လှန်ရေးတွင် သေဆုံးသွား ဂျပန် သတင်းထောက်ကိုင်ဆောင်သည့် ကင်မရာ နှစ်လုံးသာ ဖြစ်ကြောင်း တဲ့ဗျာ..
ဟား. ဟား. ဟား....
(နားထောင် ဖူးတဲ့ ဟာသများ ပြန်လည် ဖောက်သည်ချခြင်း)
Category
- share (1)
- ဓါတ်ပုံ (1)
- မှန်ကန်လို့ကွဲခြင်း (2)
- လက်ဆင့်ကမ်း (2)
- သတင်း (5)
- သတင်းမှတ်တမ်း (1)
- သရော် ဆောင်းပါး (1)
- ဆောင်းပါး (15)
- နိုင်ငံရေး ဟာသ (1)
နှစ်.လ.ရက်
ယခု
ဒီမိုကရေစီစနစ်ဟာ ဘာလဲ
ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရကို မြန်မာပြည်မှာ ဆင်းရဲမွဲတေမှုနဲ့ စစ်အာဏာရှင် နှစ်ဆက်အုပ်ချုပ်မှုကြောင့် သာမာန်ပြည်သူ အသက် ၅၀ အရွယ်လူကြီးတစ်ယောက်တောင် ရေရေလည်မသိတာကို ကိုယ်တွေ့ကြုံဖူးပါတယ်. အလွယ်သိလိုက်တာက လွတ်လပ်မှု ဒါကို မသိနားမလည်တော့ လုပ်ချင်တာလုပ်လို့ရတယ်လို့ ယူဆလိုက်ပါရော. ခတ်ပြီလေ လုပ်ချင်လုပ်လို့ရရင် မင်းမဲ့စရိုက်ပေါ့. ဒီမိုကရေစ်ီဆိုတာ ဒါဒီလိုမဟုတ်ဘူး. သာတူညီမျှတရားမျှတမှု၊ တိုင်းပြည်အာဏာသည် တစ်ဦးတစ်ယောက်ထံတွင် အစဉ်ရှိမနေခြင်း၊ ပြည်သူက လက်ခံသဘောတူသူသာ တိုင်းပြည်ကို အချိန်အကန့်အသတ်နှင့် အုပ်ချုပ်စီမံနိုင်ခြင်း၊ မကောင်းသည့် တိုင်းပြည်ခေါင်းဆောင်ကို ပြည်သူများကပယ်ခြားနိုင်ခြင်း၊ တရားဥပဒေ စိုးမိုးမှုကို ပြည်သူရော၊ အုပ်ချုပ်သူပါ တပြေးညီ ခံစားနိုင်ခြင်း၊ ပြဌာန်းထားသော ဥပဒေ အထက်တွင် အဘယ်သူမှရှိမနေခြင်း၊ နိုင်ငံသားတိုင်း အခြေခံလူ့အခွင့်ရေး ခံစားနိုင်ခြင်း၊ တည်ဆဲ ဥပဒေ အရ ပြစ်မှုကျူးလွန်လျှင် ရာထူးရာခံ၊ဆင်းရဲ၊ချမ်းသာ မရွေး တပြေးညီ စီရင်ခြင်းခံရမည်ဖြစ်ခြင်း၊ စသော လူသားတိုင်းသာတူညီမျှမှုကို အနီးစပ်ဆုံး ကျင့်သုံးနိုင်သော စနစ်ကို ဆိုလိုတာကို ပြည်သူများ သိစေချင်ပါသည်။(ယခု နအဖ အုပ်ချုပ်နေတာ ပြည်သူတွေကို အကျဉ်းချထားတာနဲ့တူပါတယ်. လူကိုခင်ရင်မူကိုပြင်တယ်. လူကိုမုန်းရင်မူကိုသုံးတယ်. လာဘ်ပေးသူကို ကြည်တယ်. စာရိတ္တပါတမျိုးသားလုံးပျက်အောင် လုပ်ထားတဲ့ စနစ်ဆိုးပါ. သန်းရွှေကို ကျွန်တော်တို့ ရွေးကောက်တင်မြောက်ထားတာလား. လက်နက်အားကိုးပြီး. နေရာယူထားတာ. ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစနစ် နဲ့ ဆန့်ကျင်နေတယ်. ဖီဆန်ကြ.)
သတိထားကြ
နအဖ တဖြစ်လည်း ကြံ့ဖွတ် အစိုးရ လိမ်ပြီ၊ ညာပြီ၊ ကောက်ကျစ်စဉ်းလည်း နေပြီ၊ နေ၀င်း= စောမောင်=သန်းရွှေ=
သိန်းစိန် အတူတူပါ။ ယခုကြံ့ ဖွတ်အဖွဲ့တွေကို သတိထားကြပါ. သိုးယောင်ဆောင်ထားသည့် ၀ံပလွေ လူသတ်သမားဖြစ်သည်။
သိန်းစိန် အတူတူပါ။ ယခုကြံ့ ဖွတ်အဖွဲ့တွေကို သတိထားကြပါ. သိုးယောင်ဆောင်ထားသည့် ၀ံပလွေ လူသတ်သမားဖြစ်သည်။
ပြည်သူ့ သဘောထား
- လက်နက်အားကိုးမိတ္ဆာမျိုး အာဏာရှင်စစ်ဝါဒီများအား ဆန့်ကျင်ကြ-
- နိုင်ငံတော်ကို ဂုတ်သွေးစုတ် အုပ်ချုပ်နေသော နအဖ အုပ်စုကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ-
- နိုင်ငံတော် ဒီမိုကရေစီစနစ်မထွန်းကားအောင် ၀င်ရောက်စွတ်ဖတ်၊ နအဖကို အားပေးနေသော နိုင်ငံများကို ဆန့်ကျင်ကြ-
- နိုင်ငံတော်ကို ဂုတ်သွေးစုတ် အုပ်ချုပ်နေသော နအဖ အုပ်စုကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ-
- နိုင်ငံတော် ဒီမိုကရေစီစနစ်မထွန်းကားအောင် ၀င်ရောက်စွတ်ဖတ်၊ နအဖကို အားပေးနေသော နိုင်ငံများကို ဆန့်ကျင်ကြ-
Friday, 4 September 2009
နားထောင်ဖူးတဲ့ ဟာသ
Posted by
mr.si
at
12:40
Labels: နိုင်ငံရေး ဟာသ
Subscribe to:
Post Comments (Atom)
ခွပ်ဒေါင်း
ငယ်သော်လည်း ရဲ၏ သိ၏
ဆန္ဒလေးများ ပြခဲ့နိုင်ပါတယ်
ဒီကနေရာတွေကလာကြတာ
အင်အား
-
-
-
-
-
-
-
-
-
0 comments:
Post a Comment