မင်းမဲ့စရိတ်ဖြင့် ဒီမိုကရေစီမရနိုင် အခြေခံဥပဒေဖြင့်သာ ဒီမိုကရေစီရနိုင်သည်ဟု တတွင်တွင် ၀ါဒဖြန့်နေသည့် နအဖ၏ လန်ကြုပ် ဇာတ်လမ်းတွေကတော့ ပြည်သူတွေကို ပြောင်လိမ်နေသည်နှင့် တူနေပါတော့သည်။ ယင်းတို့ ပေးဖို့ကြံနေတာက ဒီမိုကရေစီအမည်ခံ ၂၀၀၈ စစ်အုပ်ချုပ်ရေးအခြေခံဥပဒေအတိုင်း ဒီမိုကရေစီမဟုတ်သည့် ကြံ့ဖွတ်အရေချုံ ကြံ့ဖွတ်ကရေစီ ဖြစ်နေလေသည်။ ကြံ့ဖွတ်ပါတီနှင့် ၄င်းတို့သစ္စာခံအချို့ ရာသက်ပန်အနိုင်ရရှိရေး စစ်ဝါဒီများဆက်လက်ကြီးစိုးရေးသာဖြစ်နေလေတော့သည်။ ယခုဆိုရင် ကြံ့ဖွတ်ဆိုတဲ့ အသားထဲကလောက်ကောင် သန်းရွှေလက်ပါးစေများဟာ ဒီမိုကရေစီဆိုတဲ့ လူသားတို့စံနှုန်းကို ဘယ်လိုဆိုတာမသိသည့်အပြင် ၄င်းတို့မူအတိုင်း အထက်ကအမိန့်အတိုင်းဆိုတာကြီးကို လက်ကိုင်ထားကာ ရင်ထဲအသည်းထဲမှာ ဘာဆိုဘာမှာမရှိပဲ ခိုင်းလေသမျှ လုပ်နေရတဲ့ ခိုင်းနွားများသာဖြစ်ပါသည်။ တစ်ကယ် ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ရင်ထဲအသည်းထဲကပါမှ နိုင်ငံရေးအရည်အချင်းများနှင့် ပညာဥာဏ်အမြော်အမြင်ရှိလေမှာ အောင်မြင်တဲ့ ပြည်သူကိုယ်စားပြုနိုင်ငံရေးသမားကောင်းဖြစ်မှာပါ။ အခုတော့ နိုင်ငံရေးသမားကောင်း အားလုံးနည်းပါး မလှုပ်သာမလူးသာဖြင့်ထောင်နန်းနှင့်ပြင်ပမှာ။ ကျန်နေတာက နအဖအုပ်စု၊ ခေတ်ပျက်မှာ ဂုတ်သွေးစုပ်နေကြတဲ့အကျင့်ပျက်ဝန်ထမ်း၊ လုပ်ငန်းရှင်၊ဒူစရိတ်အမျိုးမျိုးကျူးလွန်နေကြသည့် မာဖီးယားသမားတွေ ပါပဲ။ ဒီဒဏ်တွေကို ခါးစီးခံနေရတာ ပြည်သူတွေပဲလေ။ အခုလည်း ကြံ့ဖွတ်ကတော့ သူတို့အသာရဖို့ကို နည်းမျိုးစုံသုံးပြီး အောက်ခြေဆင်းရဲသားများကို ပြစ်မှတ်ထား ပြီး ၄င်းတို့ကို ထောက်ခံဖို့ အတင်းဖိအားပေးလုပ်နေတာကို တစ်နိုင်ငံလုံးအတိုင်းတာမှာပါ။ မဲထည့်ဖို့ကို ဖိအားပေးခံနေရတော့ နဂိုက ကြောက်နေကြတဲ့ အောက်ခြေပြည်သူတွေမှာ မထည့်ရင်ပဲ မိမိကို ဒုက္ခပေးမလားဆိုတာကြီးနဲ့ စိတ်တွေ ထွေပြားနေတာ တွေ့နေရပါသည်။ ထည့်ရမှာကလည်း ကြံ့ဖွတ် အဖွဲ့ကလွဲပြီး တခြားရွေးစရာမရှိ သလိုဖြစ်နေလေသည်။ ၂၀၀၈ ဆန္ဒခံယူပွဲကလို အနေထားမျိုးတူနေသည် ဘူးမသိဘမသိ ထည့်လိုက်ရသည်။ တချို့ဆို ကိုယ်တိုင် အမှားအမှန် လုပ်ခွင့်မရလိုက်ပဲ အလိုလျောက် အမှန်ဖြစ်ပြီး ထည့်လိုက်ရသည်။ နေရာတိုင်းမှာ ကြံ့ဖွတ်က မဲလိမ့်သည်။ စိတ်မ၀င်စားဘူး ပြီးသွားတော့လည်း အေးတာပဲ နေလိုက်ကြသည်။ အခုလည်း ထိုသို့ဖြစ်နိုင်ချေများနေသည်။ ဘယ်လိုပဲဖြစ်ဖြစ် အသိရှိသူ ပြည်သူတစ်ယောက်အနေဖြင့် ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ သပိတ်မှောက်ဖို့ မဲမထည့်ဖို့ မိမိနှင့်နီးစပ်သူများကို နားလည်သဘောပေါက်အောင်၊မဲမထည့်ပဲ မိမိသဘောအတိုင်းလည်းနေနိုင်ကြောင်း၊ မမှန်ကန်သည့်လုပ်ရပ်များ သိရှိအောင် ပြောနေကြရမှာ ပြည်သူထဲက ပြည်သူတွေအလုပ်ပါပဲ။ ပြည်သူတွေမဲမထည့်ခြင်းအားဖြင့် နအဖ ဘယ်လိုပဲ ၄င်းတို့ ရွေးကောက်ပွဲကို အဖြေထုပ်ထုပ် ပြည်သူတွေက၄င်းတို့ကို မကြည်ဖြူတာ ကို မဲမထည့်ခြင်းဖြင့် သသေပြကြရအောင်။။။
Category
- share (1)
- ဓါတ်ပုံ (1)
- မှန်ကန်လို့ကွဲခြင်း (2)
- လက်ဆင့်ကမ်း (2)
- သတင်း (5)
- သတင်းမှတ်တမ်း (1)
- သရော် ဆောင်းပါး (1)
- ဆောင်းပါး (15)
- နိုင်ငံရေး ဟာသ (1)
နှစ်.လ.ရက်
ယခု
ဒီမိုကရေစီစနစ်ဟာ ဘာလဲ
ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရကို မြန်မာပြည်မှာ ဆင်းရဲမွဲတေမှုနဲ့ စစ်အာဏာရှင် နှစ်ဆက်အုပ်ချုပ်မှုကြောင့် သာမာန်ပြည်သူ အသက် ၅၀ အရွယ်လူကြီးတစ်ယောက်တောင် ရေရေလည်မသိတာကို ကိုယ်တွေ့ကြုံဖူးပါတယ်. အလွယ်သိလိုက်တာက လွတ်လပ်မှု ဒါကို မသိနားမလည်တော့ လုပ်ချင်တာလုပ်လို့ရတယ်လို့ ယူဆလိုက်ပါရော. ခတ်ပြီလေ လုပ်ချင်လုပ်လို့ရရင် မင်းမဲ့စရိုက်ပေါ့. ဒီမိုကရေစ်ီဆိုတာ ဒါဒီလိုမဟုတ်ဘူး. သာတူညီမျှတရားမျှတမှု၊ တိုင်းပြည်အာဏာသည် တစ်ဦးတစ်ယောက်ထံတွင် အစဉ်ရှိမနေခြင်း၊ ပြည်သူက လက်ခံသဘောတူသူသာ တိုင်းပြည်ကို အချိန်အကန့်အသတ်နှင့် အုပ်ချုပ်စီမံနိုင်ခြင်း၊ မကောင်းသည့် တိုင်းပြည်ခေါင်းဆောင်ကို ပြည်သူများကပယ်ခြားနိုင်ခြင်း၊ တရားဥပဒေ စိုးမိုးမှုကို ပြည်သူရော၊ အုပ်ချုပ်သူပါ တပြေးညီ ခံစားနိုင်ခြင်း၊ ပြဌာန်းထားသော ဥပဒေ အထက်တွင် အဘယ်သူမှရှိမနေခြင်း၊ နိုင်ငံသားတိုင်း အခြေခံလူ့အခွင့်ရေး ခံစားနိုင်ခြင်း၊ တည်ဆဲ ဥပဒေ အရ ပြစ်မှုကျူးလွန်လျှင် ရာထူးရာခံ၊ဆင်းရဲ၊ချမ်းသာ မရွေး တပြေးညီ စီရင်ခြင်းခံရမည်ဖြစ်ခြင်း၊ စသော လူသားတိုင်းသာတူညီမျှမှုကို အနီးစပ်ဆုံး ကျင့်သုံးနိုင်သော စနစ်ကို ဆိုလိုတာကို ပြည်သူများ သိစေချင်ပါသည်။(ယခု နအဖ အုပ်ချုပ်နေတာ ပြည်သူတွေကို အကျဉ်းချထားတာနဲ့တူပါတယ်. လူကိုခင်ရင်မူကိုပြင်တယ်. လူကိုမုန်းရင်မူကိုသုံးတယ်. လာဘ်ပေးသူကို ကြည်တယ်. စာရိတ္တပါတမျိုးသားလုံးပျက်အောင် လုပ်ထားတဲ့ စနစ်ဆိုးပါ. သန်းရွှေကို ကျွန်တော်တို့ ရွေးကောက်တင်မြောက်ထားတာလား. လက်နက်အားကိုးပြီး. နေရာယူထားတာ. ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစနစ် နဲ့ ဆန့်ကျင်နေတယ်. ဖီဆန်ကြ.)
သတိထားကြ
နအဖ တဖြစ်လည်း ကြံ့ဖွတ် အစိုးရ လိမ်ပြီ၊ ညာပြီ၊ ကောက်ကျစ်စဉ်းလည်း နေပြီ၊ နေ၀င်း= စောမောင်=သန်းရွှေ=
သိန်းစိန် အတူတူပါ။ ယခုကြံ့ ဖွတ်အဖွဲ့တွေကို သတိထားကြပါ. သိုးယောင်ဆောင်ထားသည့် ၀ံပလွေ လူသတ်သမားဖြစ်သည်။
သိန်းစိန် အတူတူပါ။ ယခုကြံ့ ဖွတ်အဖွဲ့တွေကို သတိထားကြပါ. သိုးယောင်ဆောင်ထားသည့် ၀ံပလွေ လူသတ်သမားဖြစ်သည်။
ပြည်သူ့ သဘောထား
- လက်နက်အားကိုးမိတ္ဆာမျိုး အာဏာရှင်စစ်ဝါဒီများအား ဆန့်ကျင်ကြ-
- နိုင်ငံတော်ကို ဂုတ်သွေးစုတ် အုပ်ချုပ်နေသော နအဖ အုပ်စုကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ-
- နိုင်ငံတော် ဒီမိုကရေစီစနစ်မထွန်းကားအောင် ၀င်ရောက်စွတ်ဖတ်၊ နအဖကို အားပေးနေသော နိုင်ငံများကို ဆန့်ကျင်ကြ-
- နိုင်ငံတော်ကို ဂုတ်သွေးစုတ် အုပ်ချုပ်နေသော နအဖ အုပ်စုကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ-
- နိုင်ငံတော် ဒီမိုကရေစီစနစ်မထွန်းကားအောင် ၀င်ရောက်စွတ်ဖတ်၊ နအဖကို အားပေးနေသော နိုင်ငံများကို ဆန့်ကျင်ကြ-
Monday, 13 September 2010
Subscribe to:
Post Comments (Atom)
ခွပ်ဒေါင်း
ငယ်သော်လည်း ရဲ၏ သိ၏
ဆန္ဒလေးများ ပြခဲ့နိုင်ပါတယ်
ဒီကနေရာတွေကလာကြတာ
အင်အား
-
-
-
-
-
-
-
-
-
0 comments:
Post a Comment