ပြည်သူတစ်ဦး၏ ရင်တွင်းခံစားချက်တွေကို ဖေါ်ထုပ်ဖို့အကောင်းဆုံးနေရာဟာ အင်တာနက်စာမျက်နှာပါ

Thursday, 7 July 2011

အမေစု ထာဝရလှနေသည်

Free Image Hosting at www.ImageShack.us

ယခု မိမိ ရောက်နေသည့် အိမ်နီးချင်းထိုင်းနိုင်ငံမှာဖြင့် ရွေးကောက်ပွဲတွေလုပ်ပြီး အနိုင်ရ သူ အမျိုးသမီး ယင်လပ်(yingluck) ကအောင်ပွဲခံကာ ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။ ယင်လပ်(yingluck) က အခု အသက် ၄၄ နှစ်အရွယ် အရွယ်ရှိသေးသူလေ၊ ဒါတွေမြင်နေသိနေရတော့အမိမြန်မာပြည်၏ နိုင်ငံရေး၊၊စီးပွားရေး၊လူမှုရေး အစစအရာရာလိုအပ်ချက်တွေနဲ့ဖြစ်နေချိန်မှာ အမေစုကိုမြင်ယောင်မိပါတယ်ဗျာ။ ဟိုလွန်ခဲ့တဲ့ ၁၉၈၈ ခု၊ ၁၉၉၀ ခုနှစ်တွေပေါ့၊ အမေစုလည်း အဟိုအရင်အချိန်က အသက်လေးဆယ်ကျော်ပါ၊ မြန်မာပြည်သားတွေလိုအပ်ချိန်မှာ မိမိပုဂ္ဂိုလ်ရေး နောက်ဆုပ်ထားပြီး မြန်မာပြည် ဒီမိုကရေးစီအရေး၊ လူသားအခွင့်အရေးကို လုပ်ခဲ့သူပါ၊ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုဖြင့် နအဖစစ်ဘီလူးတွေ လုပ်သည့် ရွေးကောက်ပွဲမှာ အပြတ်သတ်အနိုင်ရသည့်တိုင် ကောက်ကျစ်စဉ်းလည်းသည့် စစ်ဘီလူးတွေက ကလမ်ကျခဲ့ခြင်းက ရင်နာစရာပါ၊ အမေစုလည်း ဘ၀နဲ့ရင်းပြီး အမျိုးသမီးတစ်ယောက်အနေဖြင့် အကျဉ်းစံဘ၀တွေကို ခါးသီးစွာဖြတ်သန်းခဲ့ရတာပေါ့၊ ဟိုအရင် အမစု၊ အဒေါ်စု၊ ဘ၀ကနေ ကျွန်တော်တို့လို မျိုးဆက်သစ်တွေအတွက် အမေနေရာရောက်လို့ အမေစု ဖြစ်ခဲ့ပါပြီ၊ ဒါပေမယ့် မပြီးဆုံးသေးတဲ့ ကျွန်တော်တို့ တိုက်ပွဲတွေအတွက် အသက် ၆၆ နှစ်ပြည့်ပြီးတိုင် ရှေ့ကရှိနေတဲ့ အမေစုကို ထိုင်းနိုင်ငံက ယင်လပ်(yingluck) ထက်တန်ဖိုးထားမိတယ်။ ဒါက ကျွန်တော့် ကိုယ်ပိုင်ခံစားချက်ပါ။ ကျွန်တော့်စိတ်ထဲမှာ အမေစုဟာ လှနေတယ်ဗျ၊ အမေစုလှနေပါတယ်၊ အမေစုလှခဲ့ပါတယ်၊ အမေစုဟာ ထာဝရ ရင်ထဲမှာလှနေပါသည်။

0 comments:

Template by : http://phithuatwi. blogspot.com/