ပြည်သူတစ်ဦး၏ ရင်တွင်းခံစားချက်တွေကို ဖေါ်ထုပ်ဖို့အကောင်းဆုံးနေရာဟာ အင်တာနက်စာမျက်နှာပါ

Sunday, 12 April 2009

ဓါးပြအလား


နအဖ ခေတ်ရဲ့ ပြရုပ်တစ်ခုပါ။ သင်္ကြန်နီးလို့ အများပြည်သူများ ပျော်ရွှင်ဖို့အားပြင်နေတဲ့ အချိန်အခါမှာ
ဆိုင်စီးသူများကို လူကြည့်ဖမ်း လုပ်စားအကြံအဖန် ရှာနေတဲ့မြင်ကွင်းတစ်ခုပါ။ သင်္ကြန်မှာသုံးဖို့ ရသလောက်
ဂွင်ရိုက်လိုက်ကြကွာ ဆိုတဲ့သဘောပါ။ အခုဖမ်း အခုငွေရှာပေး ပြန်လွှတ် ဒီထက် ကောင်းတဲ့ အလုပ်မရှိတော့ဘူးလို့ထင်ပါသည်။ နရီပိုင်းနှင့် ငွေသိန်းနှင့် ချီပြီး အများကြီးရကြမှာပါ။ အများပြည်သူများ၏
မရှိဝမ်းစားကို မြို့လည်ကောင်ကြီးတွင် ဓါးပြ တိုက်နေသည်နှင့်တူနေပါသည်။ အများပြည်သူများ၏ မေတ္တာပို့ ထောပနာပေးမှုများနှင့် သေခြင်းဆိုးနှင့်သေမဲ့ကောင်းများ ဖြစ်မှာပါ။ ( အသိတစ်ယောက် ပြောလို့သိရခြင်းပါ၊ မိတ်ဆွေများသုံးသပ်ကြည့်ကြပါ။ ကျွန်တော်ကပြည်တွင်းမှာ မရှိတော့ ပြည်တွင်းက သူငယ်ချင်းများအမြဲကျေးဇူးတင်နေကြောင်း၊ သတိရနေကြောင်း၊ လွမ်းနေကြောင်းပါ)

Wednesday, 1 April 2009


ရုပ်ပုံကို ကြည့်ပါ ဘီလူးရုပ်ပေါက်နေပါသည်၊စစ်ခွေးဘီလူးလို့မှတ်ထားပါ။ ယခုနှစ် ၂၀၀၉ တွင် အဆိုးဆုံးအာဏာရှင် စတုတ္ထရသူ သန်းရွှေ ကိုဂုဏ်ပြုသောစာပိုဒ်လေးကို ကိုမိုးသီး ဘလော့ဂ် မှ ယူရင်း ပွားလိုက်တာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် နအဖစစ်အုပ်စု လက်ထက်တွင်မြန်မာပြည်သူဘ၀ တွေဟာ စိတ်မကောင်းစရာတွေနဲ့ ပဲပြည့်နှဲ့နေမှာပါ။ ဒီဘ၀တွေက ရုံးထွက်ဖို့ ကျိုးစားကြရမှာပါ။ မှုရင်းကိုမိုးသီး စာမူပါ (စတုတ္ထ အဆိုးဝါးဆုံး အာဏာရှင် အဖြစ် မြန်မာကို ကမ္ဘာသိအောင်( အဆိုးနည်းဖြင့်) လုပ်ပေးနေသူ သန်းရွှေ အား တံဆိပ်ကပ်ခဲ့သည်။ သန်းရွှေ၏ ဤနှစ် ပုဒ်မ မှာ နာဂစ်မုန်တိုင်း ကြောင့် လူပေါင်း တသိန်း၎သောင်းကျော် သေကြေပျောက်ဆုံးမှုနှင့် အိုးမဲ့အိမ်မဲ့ ၂သန်းကျော် အား နိုင်ငံတကာမှ ၀ိုင်းဝန်းကူညီရန်ကြိုးပမ်းခဲ့မှုကို အချိန်ဆွဲဖင်နှေးခဲ့ခြင်း နှင့် တချိန်တည်းမှာ ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုမူ မြန်မာသမိုင်းတွင် အဆိုးဝါးဆုံး မှတ်တမ်းဝင်ခဲ့သော နာဂစ်မုန်တိုင်း ကြီး ကြားမှပင် ဗန္ဓုလ မိုးတွင်းကြီး ရခိုင်ရိုးမကိုဖြတ်ကာ ဓနုဖြူဆင်းသကဲ့သို့ ပြီးမြောက်အောင် လုပ်ပြခဲ့ခြင်းအတွက် နိုင်ငံတကာမှ ရင်သပ်ရှုမော အံ့သြ အောချခဲ့ရသည်။ သန်းရွှေသည် ယမန်နှစ် လည်း ငြိမ်းချမ်းစွာ သပိတ်မှောက်သော ရွှေဝါရောင် ကိုယ်တော်များအား သုတ်သင်ချေမှုန်းမှု့ကြောင့် အဆိုးဆုံး အာဏာရှင် တတိယနေရာ ရခဲ့ပါသည်။)

Thursday, 26 March 2009

၆၄ နှစ်မြောက်တပ်မတော်နေ့ အားဂုဏ်ပြုခြင်း







၆၄ နှစ်မြောက်တပ်မတော်နေ့ ကိုဂုဏ်ပြုသောအားဖြင့် တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းပုံများကို တင်လိုက်ပါသည်။ သမိုင်းကြောင်းအရ အစဉ်လာကြီးမားခဲ့သော တပ်မတော်သည် နေ၀င်းလက်ထက်မှ စကာ ယခု နအဖ ငသန်းရွှေ လက်ထက်တွင် အဖတ်ဆယ်မရအောင် ပျက်စီး ယိုယွင်းခဲ့ ပြီဖြစ်သည်။ အဖေကို သတိရ ဂုဏ်ပြုရမည့်အစား သူတို့ပဲ လုပ်ထားသလို မြန်မာရုပ်မြင်သံကြားမှာ ပြသနေသည့် အရာများသည် ကလေးစိတ်နှင့် မော်ကြွးနေသည်နှင့်တူသည်။ စာရေးသူ TV ခွဲခြင်းစိတ်ပေါက်မိသည်။ အမြန်လိုင်းပြောင်းပေတော့ ဒါမှ စိတ်အေးရသည်။ လက်ရှိတပ်မတော်အစ အဘယ်ကလို့တောင် မေးခွန်းထုပ်စရာဖြစ်နေပါပြီး။ ရင်နာစရာပါ၊ သူတို့မှ တိုင်းပြည်ကိုချစ်စိတ်ရှိသရောင်၊ အိမ်မှာမွေးထားကြသည့် ခွေး တိရစ္ဆာန်များတောင်မှ အိမ်နေသူအချင်းချင်းထဲက တစ်ကောင်ကို ကိုက်ရင်ဝင်ကိုက်တတ်ကြသည်။ ဒါအတူနေ မျိုးချစ်စိတ်ပဲ။ ကျွန်ုပ်တို့ ပြည်သူအပေါင်းမှာကား မျိုးချစ်စိတ်မရှိဘူးလား၊ သူ့နေရာနှင့်သူလေ သိပ်ရှိတာပေါ့ ။ မျိုးချစ်စိတ်ရှိလို ခွေးလောက်မှ ကိုယ့်အမျိုးကို မချစ်သည့် နအဖ လူတစ်စုကို ပြောနေကြရတာပေါ့။ အစဉ်လာကောင်းခဲ့သည့် တပ်မတော်ကို ကျွန်ုပ်တို့ တစ်ခေတ်တွင် ပြန်လည်အသက်သွင်းရမည်။ ရဲဘော်သုံးကျိပ် မှအစ ဖက်ဆစ်စနစ်ဆိုးကို တော်လှန်ခဲ့ကြသည့် ဗိုလ်ချုပ်နှင့်တကွ တပ်မတော်သားအားလုံးကို ယခုနှစ် တပ်မတော်နေ့ အမှတ်တရ ဂုဏ်ပြုလိုက်ပါသည်။ (မှတ်ချက်- နအဖ အာဏာရှင်စစ်အုပ်စု မပါဝင်ပါ)

Wednesday, 25 March 2009

နိုင်ငံရေးနှင့် ကျွနှ်ပ်အမြင့်

နိုင်ငံရေးဆိုသည့် ကျွန်တော့်အမြင်ကို ရေးလိုက်ပါသည်။ နိုင်ငံ၏အရေးသည် အုပ်ချုပ်သူလူတန်းစားနှင့် အုပ်ချုပ်ခံ လူတန်းစား နှစ်ရပ်လုံးပေါ်တွင် အရေးပါသည်ဟုထင်သည်။ နိုင်ငံ၏အရေးကို လုပ်ကြရမည်မှာ အုပ်ချုပ်သူရော၊ အုပ်ချုပ်ခံသူများပါ လုပ်ကြရမည် အလုပ်ဖြစ်သည်။ အုပ်ချုပ်သူသည် နိုင်ငံ၏ တိုးတက်ရာနှင့်
အုပ်ချုပ်မှု ကောင်းမွန်သောစနစ်ကို ကျင့်သုံးရမည်။ အုပ်ချုပ်ခံသူများသည် နိုင်ငံ၏တိုးတက်ရာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး အစရှိသော ကိစ္စရပ်များတွင်စီးမျောလိုက်ပါလုပ်ဆောင်ကြရမည်။ သို့မှသာ နိုင်ငံရေး တိုးတက်မှု လမ်းကြောင်းပေါ်မှ နိုင်ငံသည် အကောင်းဘက်သို့ရှေ့ရု တက်လှမ်းနိုင်မည်။
ယခုမြန်မာ့နိုင်ငံရေးမှာ အုပ်ချုပ်သူ နိုင်ငံရေးသမား စစ်အုပ်စုသည် အာဏာကို လက်နက်အားကိုးဖြင့် ယူထားယုံမှမက ကောင်းမွန်သော စနစ်တစ်ခုကို မကျင့်သုံးနိုင်သောကြောင့် အုပ်ချုပ်ခံ လူတန်းစားထဲမှ အသိပညာရှင်၊ အတတ်ပညာရှင် များဖြစ်ကြသော ရဟန်းသံဃာ၊ ပြည်သူ၊ တိုင်းရင်းသားများ၊ ကျောင်းသားလူငယ်အစရှိသူများမှ ဝေဖန်၊ တောင်းဆို၊ ထောက်ပြ၊ ထုပ်ဖော်၊ လမ်းညွန်းမူများပြုလာကြရသည်။
ထိုသူများကိုမှ နိုင်ငံရေးသမားများဟု ကင်ပွန်းတတ် နေရင် နိုင်ငံကို ပစ်စလက်ခ အုပ်ချုပ်နေသူစစ်အုပ်စုမှ
ဗိုလ်ချုပ် လဒူများသည် ကော နိုင်ငံရေးသမားများ မဟုတ်ပါလား။ မေးခွန်းထုပ်စရာပါ။ မြန်မာပြည်တွင် နိုင်ငံရေးလို့ပြောလိုက်တာနဲ့ ပြစ်မှုကျူးလွန်သူများလို့ ထင်ရောင်ထင်မှာဖြစ်နေကြသည်၊ တကယ်တော့ နိုင်ငံ၏
အရေးသည် နိုင်ငံတွင်းနေ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံနှင့် ဆိုင်တယ်ဆိုတာ အားလုံးသိဖို့လိုပါသည်။
နိုင်ငံ၏အရေးမှာပါဝင်ဖို့ ပင်ကိုယ် ပညာဓါတ်ခံနှင့် အသိပညာအတတ်ပညာ ဗဟုသုတ အထိုက်လျောက်ပြည့်
နေဖို့လိုပါသည်။ ပညာမဲ့သူ မပါဝင်ရကောင်းလား၊ဆိုတော့ လိုတာပေါ့၊ ဦးဆောင်ဦးရွက်ပြုသူများ၏ ရှုမြင်သုံးသပ်ပြမှုများကို လက်ခံစဉ်းစား သဘောပေါက်အောင် တွေးတောတတ်ရင်ပဲ ပါဝင်ခြင်းမည်ပါသည်။
ထို့ကြောင့် နိုင်ငံ၏အရေးသည် အားလုံးနှင့်သက်ဆိုင်သည်ဆိုတာကို ပြည်သူအများ၊ လူငယ်လူရွယ်များပါသဘောပေါက်ဖို့လိုပါသည်။ အုပ်ချုပ်သူ နိုင်ငံရေးသမား စစ်အုပ်စု၏ မတရားတာ၊ ဗိုလ်ကျစိုးမိုးတာ၊ လူအခွင့်ရေးချိုးဖောက်တာ၊ ကိုယ်ကျိုးရှာ အမြတ်ထုပ်နေတာများတွေ့ရင် ပြောဆိုထောက်ပြ
ရေးရမည်။ ဒါဟာ နိုင်ငံရေးပဲ၊ မကောင်းတာကို မကောင်းဘူးပြောတာ၊ ကောင်းတာကို ကောင်းတယ်ပြောတာ ဒါနိုင်ငံရေးပဲ။ အုပ်ချုပ်သူက ထင်ရာစိုင်းပြီး လုပ်ချင်တာလုပ်နေချိန်မှာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြု ဆောင်ရွက်နေသူများကို မှ နိုင်ငံရေးသမားဆိုပြီး အပြစ်မြင်စွတ်စွဲ ပြစ်ဒဏ်ပေးနေရင် အုပ်ချုပ်သူ စောက်သုံးမ
ကျ၊ ပညာဥာဏ် အမြော်အမြင်မရှိတဲ့ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများဖြစ်ကြတဲ့ သန်းရွှေအုပ်စုဝင် ရပ်ကွက်ဥက္ကဌ အဆင့်မှစလို့ အာလုံးကို ပြစ်ဒဏ်ခတ်ဖို့ပဲရှိတော့သည်။ (ငရဲပြည်တွင် အမြဲ မကျွတ်မလွတ်ပဲ
နေစေ) ပုံ - ငရဲပြည်မှ တရားသူကြီး

Friday, 20 March 2009

အာဏာရှိလေ ပြစ်မှုကြူးလွန်လေ

အာဏာရှင်များအုပ်ချုပ်တဲ့နိုင်ငံမှာ အာဏာရှိလေ ပြစ်မှုကြူးလွန်လေပါ။ အုပ်ချုပ်သူအာဏာရှိသူများသည် အမိန့်အာဏာကို သုံးပြီး ပြစ်မှုကြူလွန်မှုပြုကြသည်။ အနိမ့်ဆုံးတစ်ခုမှာ သာမန်ပြည်သူများ ဆိုင်ကယ်စီးလျင် သုံးယောက်စီးခြင်း၊ ဦးထုပ်မဆောင်းခြင်းများ လုပ်လျင် ဖမ်းဆီးပြစ်ဒဏ်ပေးသည်။ ယာဉ်စည်းကမ်းမလိုက်နာ မှုကြောင့် ဖမ်းခြင်းဖြစ်လို့မှန်သည်။ သို့သော် စစ်တပ်ကသော်လည်းကောင်း၊ ဌါနဆိုင်ရာ ကသော်လည်းကောင်း၊ ယုတ်စွအဆုံး နအဖခွေးနောက်လိုက် ကြံ့ဖွတ်အစ စွမ်းအားရှင်လမိုက်များ အဆုံး ထိုသူများသည် အကြောင်း အမျိုးမျိုးပြလို့ ယာဉ်စည်းကမ်းမလိုက်နာမှုကို ပြုနေကြတာ အများတွေ့ရမှာပါ။ ဒီလိုနေရာမျိုးလေးမှာ တောင်မှ ဥပဒေကိုချိုးဖောက် ပြစ်မူကြူးလွန်နေကြတာပါ။ အများပြည်သူများကိုလိုကနာခိုင်းပြီး သူတို့ကျတော့လိုက် နာမူ မပြုရင် ဥပဒေထုပ်ပြန်သူက ဥပဒေကို ပြန်လည်ချိုးဖောက်ရာရောက်နေပါသည်။ ကျွန်တော့်ကိုယ်တွေ့ပါ တစ်ခါက ဆိုင်ကယ်စီးသွားနေတုံး ရဲကားတစ်စီးသည် တရမ်းကြမ်းမောင်းလာပြီး လမ်းသွားပြည်သူများကို လမ်းမဖယ်ရကောင်းလားဆိုပြီး ဆဲရဲမောက်မန်သွားပါသည်။ အမှန်မှာ လမ်းပေါ်တွင် ကိုယ်လမ်းကိုယ်သွားပြီး ယာဉ်စည်းကမ်းအတိုင်းသာရှိသင့်သည်။ လမ်းသွားလမ်းလာအထိ အာဏာပြမိုက်ရိုင်းနေခြင်းသည် ပြစ်မှုကြူးလွန်းခြင်းတွင် ထိပ်ဆုံးကပါ။
၂၀၀၉ မတ်လ ၁၇ ရက်နေက အာအက်ဖ်အေ သတင်းတစ်ပုဒ်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဘာမြို့၌ ကျင်းပတဲ့ လူ့အခွင့်ရေးကောင်စီရဲ့ ဆယ်ကြိမ်မြောက်အစည်းဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော အစီရင်ခံစာကို မြန်မာကိုယ်စလှယ် ဦးဝဏ္ဏမောင်က ချေပပြောဆိုရာတွင် မြန်မာနိုင်ငံတွင်နိုင်ငံရေး အကျဉ်းသားဆိုတာမရှိကြောင်း၊ တည်ဆဲဥပဒေကို ချိုးဖောက်မှုကြောင့် အကျဉ်းကျခံနေရသူများသာရှိကြောင်းပြောဆိုပါသည်။ ဒီလိုဆို လမ်းစည်းကမ်းလောက်ကိုမလိုက်နာသည့် အာဏာရှင်လက်ကိုင်ဒုတ်များ မှအစ သံဃာ၊ ပြည်သူ၊ ကျောင်းသားလူငယ်များကို သတ်မိန့်၊ မတာရားဖမ်းဆီမိန့်များ ဆင့်ကဲ ပေးနေကြသော စစ်ခွေးဗိုလ်ချုပ်လဒူများ အထိ ဥပဒေကို ဂရုမပြု စိတ်ရှိတိုင်း ထင်ရာစိုင်းနေသည့် အာဏာကိုအသုံးချ ဥပဒေကိုချိုးဖောက်မှုများကို အရေးယူဖို့လိုနေသည်။
ဒင်းတို့အာဏာရှိတုံးလုပ်ထား အာဏာမဲ့ချိန်မှာသိမယ် ဦးနေ၀င်းထက်ဆိုးမယ်မှတ်၊ ဒီဘ၀မခံရရင် ငရဲမင်းက ဒင်းတို့ကို ဒဏ်ခတ်ဖို့
အဆင်သင့်ပါလို့ အသိပေးလိုက်ကြပါ။

Tuesday, 27 January 2009

နအဖ ဗိုလ်ချုပ်လဒူများ၏ အလည်အပတ်

နအဖ ဗိုလ်ချုပ်တစ်ဦး ဦး တစ်နေရာကို သွားပြီဆိုလျှင် ထိုဒေသရှိလူများ အလုပ်တွေရှုပ်ရ အပိတ်အပင်ခံရ ချောဆွဲခံရ အလုပ်အကိုင်ပျက်ရ ဒုက္ခတွေရောက်ရပါတော့သည်။ လူထုအပေါ်ကောင်းကျိုးမပေးတာအမှန်ပါ။
ဒေသဆိုင်ရာ အုပ်ချုပ်သူများမှာ သူ့ပထွေးတော်များလာသည့်အလား ကောင်းရာကောင်းကြောင်းပါလို့ လိမ်လည် ဖုံးကွယ်ပြီး ဖားရားကြရပါတော့သည်။ ဒီအစဉ်အလာသည် မဆလ ခေတ်ထဲကပါ အထက်ဖား
အောက်ဖိ လိမ်လည်ဖုံးကွယ်ပြီး ရပ်ကွက်ဥက္ကဠလောက် ဖြစ်တယ်ဆိုရင်ပဲ အထက်ကမူအတိုင်း ကျင့်သုံး ကိုယ်
ကျိုးရှာကြတာ မြန်မာပြည်ရဲ့ အစဉ်လာကြီးကို ဖြစ်နေပါပြီ။
တိုင်းပြည်ခေါင်းဆောင် အရေခြုံ ဗိုလ်ချုပ်များ လာရောက်လည်ပတ်ကြရင် ပြောချင်တာတွေ ပြော၊ စားချင်တာတွေစားပြီး ပြန်ကြတာကြီးပါ။ နယ်ထွက်ပြီဆိုရင် သေမှာကြောက်လို့ လုံခြုံရေးကို ထူထဲစွာချထားစေ
ပြီး လူထုရှေ့ကို ထွက်တယ်လို့မရှိသလောက်ပါ။ ဥါနဆိုင်ရာဝန်ထမ်းများ နှင့် ကြံ့ဖွတ် ကြက်ခြေနီ မီးသတ် စသော ၄င်းတို့နှင့် ပတ်သက်သောသူများကို အစီးအဝေးခေါ်ကာ ပြောချင်တာတွေပြောပြီး နောက်ဆုံးကျ
ရင် ၄င်းကောင်းတို့ကို ထောက်ခံဖို့ စည်းရုံးရေးဆင်းရင်းနိဂုံးချုပ်တော့တာပဲလေ။ အောက်ကလူများမှာ သံယောင်လိုက် ခေါင်းညှိတ်ထောက်ခံ ဘာမှ ဇောတကတက်ခွင့်မရှိ ဒီလိုနဲပြီးသွားတာပဲလေ။ ဒါကိုကြည့်ခြင်းအားဖြင့် သေနတ်ရှိသူကို သေနတ်မရှိသူက ဗိုလ်တင်လုပ်ချင်တာလုပ်ခိုင်တာနဲ့တူပါသည်။ ဓါးပြ
ထက်ဆိုးပါသည် ဓါးပြကမှ သူများမြင်မှာ သိမှာကို ကြောက်စိတ်လေးဝင်အုံးမှာပါ။ အခုတော့လုပ်ချင်တာလုပ်
ဘယ်သူပြောဝံ့မှာလည်း ဒီသဘောမျိုးဖြစ်နေတာ။ အဖြစ်တစ်ခုကိုပြောပါအုံးမည် နအဖ ဗိုလ်ချုပ်တစ်ဦး နယ်စပ်
မြို့ ကိုထုံးစံအတိုင်း လည်ပတ်ပါတယ် မြို့ရောက်တော့ အကောင်းဆုံးဟိုတယ်တစ်ခုမှာတည်းမယ်ပေါ့ အဲဒီမှာ
ဟိုတယ်က အလုပ်ရှုပ်ပ်တော့သည်။ တခြားတော့မဟုတ်ပါဘူး ညဘက်မှာ ဒီတဏှရူးဗိုလ်ချုပ် လဒူကို ဖျေုာ်ဖြေ
ဖို့ သီချင်းအဆိုကောင်းသူ မိန်ကလေး ဟိုတယ်မှာ မရှိတော့ အပြင်မှာ ရှာရပါတော့တယ်၊ ရှာတော့ အသိတစ်ယောက်က အဆိုကောင်းသူအမျိုးသမီးတစ်ယောက်ကို ညွှန်တော အသက်မေးပါတယ်၊ လေးဆယ်ဝန်းကျင်လို့ပြောတော့ ဟာမဖြစ်ဘူးတဲ့လေ ငယ်ငယ်ချောချောတဲ့ စာဖတ်သူတွေးကြည့်ပါတော့။ ဒီစောက်ဗိုလ်ချုပ်ကို ပြောလိုက်ချင်တာတော့ ခင်ဗျားသမီး ခင်ဗျားတူမများရှိရင် ကိုယ့်ဟာကို ခေါ်ပြီး ဖျော်ဖြေတော့လို့ ပြောလိုက်ချင်ပါသည်။ တကယ်ဖြစ်ခဲ့တာပါ။
နအဖ စစ်အစိုးရသည် ထင်တိုင်းကျဲ လုပ်ချင်တာလုပ် ဖိနှိမ့်အုပ်ချုပ်ပြီး ဗိုယ်ကျစိုးမိုးနေတာအမှန်ပါ။ တိုင်းသူပြည်သားများမှာတော့ အလှုပ်သာမလူးသာ ၄င်းတို့လက်ခုပ်ထဲကရေပမာ ဖြစ်လို့နေပါပြီ။

Monday, 26 January 2009

သမိုင်ကိုဖုံးဖိလိမ်လည်၍မရပါ

မြန်မာ့သမိုင်းတွင် လက်ရှိစစ်အစိုးရသည် သမိုင်းကြောင်းတစ်ခုကို မှေးမှိန်အောင် ပျောက်ပြယ်အောင် လုပ်လာတာတွေ့ရပါသည်။မြန်မာပြည် အင်္ဂလိပ်လက်အောက် ရောက်ခဲ့စဉ်အချိန်က ဆရာတော်ဦးဥတ္တမ ခေတ်ကနေ ပထမကျောင်းသားသပိတ်ကစလို့ အုပ်ချုပ်သူအာဏာရှင်အဆက်ဆက်ကို တော်လှန်ပုန်ကန်ခဲ့ကြသော မျိုးချစ်ခေါင်းဆောင်များ၊ အလုပ်သမားခေါင်းဆောင်များ၊ လယ်သမားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ စာပေ အနုပညာရှင်များ၏ စွမ်းဆောင်ရည်များ သမိုင်းအကြောင်းအရာများကို လက်ရှိ မျိုးဆက်သစ်လူငယ်များ အလွယ်တကူ မသိရှိရလေအောင် လုပ်ထားပါသည်။ အဆိုးဆုံးမှာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ် အောင်ဆန်း၏ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ထားခြင်းပါ။ အာဏာကိုလက်နက်အားကိုးပြီးရယူထားသည့် စစ်အာဏာရှင် သန်းရွှေ သည် ကျွနှ်ပ်တို့ ဗိုလ်ချုပ်၏ စွမ်းဆောင်ရည်အမြင့်ဆုံးအချိန် အသက်သုံးဆယ့်ငါး၊ သုံးဆယ့်ခြောက်၊ သုံးဆယ့်ခုနှစ်၊ သုံးဆယ့်ရှစ် ၀န်းကျင်များကာလတွင် သန်းရွှေ လည်းရင်းအရွယ်လောက်၌ စာရေးသူအထင်တော့ သောက်စားမူးယစ်လိုက်၊ အောက်လက်ငယ်သားများကို အာဏာပြလိုက်၊ သူနေရာ ရအောင် အထက်ကအကြံတူ ဗိုလ်ချုပ်လဒူများကို ဖားလိုက်လုပ်နေမှာမြင်ယောင်မိပါသည်။ ပတ်ကြားအို အနေအထားထိကို အာဏာယစ်မူးနေတာကိုပဲကြည့်ပါ။ သူ့ကိုသူ့ နိုင်ငံတော် အကြီးအကဲ ဆိုတော့ သူ့ ထက်ကြီးတာဆင်ပဲ ရှိပါတော့သည်။ဆင်တောင်မှ သူ့ခွန်အားနှင့် သစ်တောတွေမှာ အသုံးချရင် အကျိုး ပြုပါသေးသည်။ သန်းရွှေနှင့် အပေါင်းအပါတစ်စုကတော့ တိုင်းပြည်နှင့်လူမျိုးအပေါ် အသံကောင်း တွေဟစ်ပြနေပြီး လက်တွေ့တွင် မိမိအာဏာတည်မြဲရေး၊ မိမိ မိသားစုနှင့် အပေါင်းအပါတစ်စု ကောင်းစားရေးကို တစိုက်မတ်မတ်လုပ်နေပြီး တိုင်းပြည်နှင့် လူမျိုးများမှာတော့ ကမ္ဘာ့အလည်မှာ မျက်နှာငယ်၊ လူလုံးမလှ၊ အနှိမ်ခံဘ၀များနှင့် ဆင်းရဲတွင်းနက်နေကြပါပြီ။မြန်မာ့သမိုင်းကြောင်းအရ အာဏာရှင် အုပ်ချုပ်သူများကို ခေတ်အဆက်ဆက် ခေါင်းငုံမခံတွန်းလှန် ရင်ဆိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်ထူးများကို အစမဖော် ဖျောက်ကွယ်ထားပြီး ၄င်းတို့နှင့်အလားသဏ္ဍန်တူသောအင်္ဂလိပ်ခေတ်နောက်ပိုင်း စစ်ဘုရင်များကို အမွန်းတင်ဂုဏ်ဖော်ကာ တခမ်းတနား ဖော်ပြနေကြတာသတိထားမိကြမှာပါ။ စစ်အစိုးရကတော့ သူတို့အာဏာတည်မြဲဖို့ ပြဒ်ရုပ်အဖြစ်ဖော်ပြနေလေသည်။ ထိုခေတ်ထိုအခါက စစ်ဘုရင်များရဲ့ အောင်မြင်မူဟာ ခေတ်မမှီတော့ချေ။ လက်ရှိ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးသည် အာဏာရှင်အုပ်ချုပ်မူနှင့်ဘယ်လိုမှ သဟဇာတမကျတော့တာ အားလုံးအသိပါ။ ချီးခြောက်ရေနှူးနေသည်နှင့်တူသည်။ လက်ရှိကမ္ဘာ၏ လိုအပ်ချက်သည် လူ့အခွင့်အရေး သာတူညီမျှရှိရေး၊ တရားမျှတရေး၊ အများလက်ခံ ယုံကြည့်ရမည့် ဒီမိုကရေစီစနစ်အုပ်ချုပ်မှုများဖြစ်သည်။ အာဏာသည်ပြည့်သူလက်ထဲတွင်ရှိသည်ဟူသော ဒီမိုကရေစီအနှစ်သာရ များထွန်းကား သည့်ခေတ် ကာလဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး အော်နေပြီး ဖိနှိမ့်ရေးမူဝါဒကို ကျင့်သုံးနေသည်။ ပြည်သူလူထုကို အကြောက်တရားရှိအောင်လုပ်ထားသည်။ ဒီမိုကရေစီအရေးကိုတကယ်လိုလားသော သူတို့နှင့် သဘော ထားချင်းမတိုက်ဆိုင်သည့်သူများကို ရန်သူတစ်ယောက်လိုမြင်ကာ တကယ်အပြစ် ကြီးသူများ အဖြစ် အများမြင်သာအောင်ထင်သာအောင် အမျိုးမျိုးပုဒ်မတတ် အပြစ်ရှာထောင်သွင်း အကျဉ်းချနေတာ အားလုံး အသိပါ။ သာဓအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်ပါ။ နိုင်ငံရေးအကျဉ်းသားများကိုကြည့်ပါ။ သူတို့နှင့်သဘောထားမတိုက်ဆိုင် သူတို့သြဇာမခံတာနဲ့ ထောင်သွင်းအကျဉ်းချပါတော့သည်။ ၄င်းတို့ ကိုဖားရားသူ အကျင့်ပျက် ပြည်သူ့သစ်စာဖောက်များကို နေရာပေးပြီး ပြည်သူအချင်းချင်း ခွဲခြားမြှောက် ပင့်ပေးထားသည်။ (ဥပမာ- ကြံ့ဖွတ်ခေါ် ရပ်ရွာကောင်းကျိုးဘာမှမလုပ်နိုင်သည့် ကိုယ်ကျိုးရှာသမား၊ စွမ်းအားရှင်ခေါ် လူမိုက်များ၊ မီးသတ် ကြက်ခြေနီခေါ် အလုပ်မယ်မယ်ရရမရှိသည့်လူဖျင်းလူတုံးများ) ထိုသူများသည် ပြည်သူအချင်းချင်း အနိုင်ကျင့်ဖို့ ၀န်မလေးကြပါ။ ပထွေးတော်များလိုကျ လုပ်ပေးနေရသည်ကို အဟုတ်မှတ်နေကြသည်။သမိုင်းကြောင်းကိုဘယ်လိုဖုံးဖုံး ဘယ်လိုဖိဖိ ဘယ်လိုလိမ်လိမ် အမှန်တရားကိုဖော်ထုပ်ရမည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ အင်္ဂလိပ်လက်ထက် ကိုလိုနီနယ်ချဲ့ အာဏာရှင်အုပ်ချုပ်သူများကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ကြသော ဆရာတော်ဦးဥတ္တမ၊ ဆရာတော် ဦးဝီစာရ၊ ဆရာစံ၊ သခင်ကိုယ်တော်မှိုင်း၊ သခင်ဖိုးလှကြီး၊ ရန်ကုန်ကောလိပ်ကျောင်းသား ကိုအောင်ကျော်၊ အစရှိသည့်ပုဂ္ဂိုလ်များနှင့် နေ၀င်းလက်ထက်မှစသည့်အာဏာရူးများကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ကြသော(လက်ရှိရင်ဆိုင်နေကြသော) ဒေါ်အောင်ဆန်းစုကြည်အစ ကိုမင်းကိုနိုင်အလည် ယခုလက်ရှိသံဃ့အာဇာနည်အရှင်ဂန္ဘီရအဆုံး စသော ဆိုင်ရာပုဂ္ဂိုလ်များအကြောင်းကို အများပြည်သူ မျိုးဆက်သစ်လူငယ်များအကြားဝယ် သိရှိနေကြစေရန် ဖော်ထုပ်နေရမည်မှာ အမျိုးသားရေးတာဝန်ဖြစ်သည်။ဒါမှ အာဏာရှင်စနစ်ဆိုးကြီး အမြန်ရပ်ဆိုင်းပြီး ဒီမိုကရေစီစနစ်ထွန်းကားသော သာယာဝပြောသည့် နိုင်ငံတော်ကြီးဆီသို့ ရှေ့ရှုနိုင်မည်ဖြစ်ပါသည်။

Template by : http://phithuatwi. blogspot.com/