ပြည်သူတစ်ဦး၏ ရင်တွင်းခံစားချက်တွေကို ဖေါ်ထုပ်ဖို့အကောင်းဆုံးနေရာဟာ အင်တာနက်စာမျက်နှာပါ

Sunday, 6 September 2009

နအဖ လှည့်ကွက်၊လုပ်ကွက်

နအဖ၏ လည့်ကွက်ကတော့လှနေပါသည်။. အခုတလော ကိုးကန့်ဒေသကို ၀င်တိုက်သည်။ အကြောင်းပြချက်
က လက်နက် တရားမ၀င်ထုပ်လုပ်သည်တဲ့၊ မူးယစ်ဆေးဝါး ထုပ်လုပ်သည်တဲ့ ဒါကြောင့်တိုက်တယ်လို့ အကြာင်း
ပြပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့ လုပ်ဖို့ စည်းရုံးတာ လက်ခံလို့ မဟုတ်ပါဘူးတဲ့။ တရားကျဖို့တော့ကောင်းနေပြီ ဒေါ်စုကို အားဓမ္မ အမှုဆင် ပြီး ထောင်ချတုံးကလည်း ဒီလိုပါပဲ။ လိမ်တာ ညာတာ တော်တာတော့ လက်ဖြားခါ လောက်ပါတယ်။ ခွန်ဆာတုံးကလည်း အလင်းမ၀င်ခင်(နားလည်မှုမရခင်) ဘိန်းဘုရင် ဘာဖြစ်တယ်ညာဖြစ် တယ်နဲ့ တချိန်လုံးအော်ခဲ့တာပါ။ အဆင်ပြေသွားတော့လည်း အမေရိကန်က တောင်းဆိုတာတောင် ဂရုမပြု ရန်ကုန်မြို့ကိုတောင် ခေါ်ထားခဲ့ပါသေးတယ်။ ကိုယ်နဲ့ အဆင်မပြေရင် တမျိုးပြောပြီး အဆင်ပြေရင်တမျိုး ပြောတက်တဲ့ လူ့အကျင့်လို နအဖက ဒီလိုကျင့်သုံးနေတာပါ။ အဖြေက သူ့အာဏာကို ထိပါးသူ၊ အာခံသူဆိုရင် သူတို့ရန်သူလို့ သဘောထားတာ အာဏာရှင်တွေရဲ့ ကျင့်သုံးတဲ့ ဥပဒလို့တောင် ပြောလို့ရပါတယ်။ တကယ် အမျိုးသား အကျိုးစီးပွားကို လိုလားတယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလိုလားတယ်ဆိုရင် လုပ်သင့်တာက မြန်မာပြည်မှာ (ဗမာ) ကြီးစိုးရေး မူကို ဖျောက်ဖို့လိုပါတယ်။ နအဖ ကျင့်သုံးနေတာ ဒီစနစ်ကြောင့် ဗမာတွေကိုတိုင်က မလိုလားလို့ ဒီမိုကရေစီ စနစ် အမှန်ပေါ်ဖို့ တောင်းဆိုနေကြတာပေါ့။(ဗမာဖြစ်တဲ့ ကျွန်တော်ခံပြင်းတယ်)နအဖ စစ်တပ်မှာကြည့်ပါ၊ ဗမာအမျိုးသားတွေ ဗိုလ်ဖြစ်တယ်၊ တခြားတိုင်းရင်းသား မရှိသလောက်ပဲ၊ ဖြစ်ရင်လည်း နေရာမရှိဘူး၊ ကျင့်သုံးနေတာ ဖားသူကို နေရာပေးတဲ့စနစ်လေ၊ ဖားရားပြီးတက်လာတဲ့ လူက သူ့မူအကျင့်အတိုင်း ပထွေး အကြိုက်ပဲ လုပ်နေကြတော့
လိမ်ပြီးရင် လိမ် ဒီလိုနဲ့ သွားနေတာ စစ်အာဏာရှင် နှစ်ဆက်ရှိပြီ။ ခေတ်ကလည်းပြောင်းပြီ (ကမ္ဘာကိုပြောတာ)
ကျွန်တော်တို့တချို့မြန်မာတွေလည်း အမြင်တွေကျယ်ကုန်ပြီ၊ (ပြည်တွင်းက နင်းပြားပြည်သူတွေကတော့ နတ်မှန်အောင်ရုန်းရင်းကျန်သေးတယ်) လိုချင်တဲ့စနစ်က မြန်မာပြည်လို တိုင်းရင်းသားလူမျိုးစု များတဲ့ အနေအထားမှာ အနည်းစပ်ဆုံးတန်းတူ ကျဖို့က စစ်မှန်တဲ့ ဒီမိုကရေစီစနစ်လေ။ မြန်မာပြည်သားမှန်ရင် တိုင်းပြည်ကို အချိန်အကန့်သတ်နှင့် ဦးဆောင်နိုင်ရင် ထောက်ခံအားပေးဖို့ အသင့်ပါ၊ ဒီမိုကရေစီ စနစ်ရဲ့ပြရုဒ်
ဟာ ခေါင်းဆောင်လုပ်သူရဲ့ အကောင်းအဆိုးကို ကွင်းကွင်းကွက်ကွက်မြင် နိုင်တဲ့ စနစ်ပါ။ မကောင်းရင်မကောင်းဘူးကောင်းရင်ကောင်းတယ် ပြည်သူတွေက သူ့ရဲ့ ကြည့်မှန်ပါ။ လုပ်သင့်တာကိုလုပ်ဖို့ဆိုရင် မတာရားနည်းလမ်းများနှင့် နအဖ အလိုကျ ပြုလုပ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ပါ။ ဒီအတိုင်းသွားရင်ကိုးကန်လောက်ကို မပြောပါနှင့် ကျွန်တော်တို့ ဗမာ တွေကိုတိုင် လက်ခံနိုင်စရာမရှိတဲ့ ညီညွတ်မှုမရှိသည့် အနေအထားအတိုင်း ဖြစ်နေအုံးမှာပါ။ ပြည်တွင် ပြည်ပ ဒီမိုကရေစီအရေးတက်ကြွသူများကို သုံးသပ်ကြည့်ပါ။ ရွှေမြန်မာများဖြစ်တဲ့ ဗမာ အမျိုးသားများ ဒုထည်ကြီးမားနေတာတွေ့ရမှာပါ။ ထောင်ထဲမှာ ကြည့်ကြည့်၊ နက်ပေါ်မှာ ကြည့်ကြည့် တွေ့နိုင်သိနိုင်ပါတယ်။ နအဖ ဗမာအများစု အဖွဲ့ကို ဒီမိုကရေစီ အင်အားစု ဗမာ အများစု အဖွဲ့များက တောင် မကြည်ဘူးဆိုရင် တိုင်းရင်းသားတွေဆို ဝေးပြီပေါ့။ (ရင်ထဲရှိတဲ့ အတွေးသက်သက်ပါ၊ ဒီဆောင်းပါးနှင့် တိုင်းရင်းသားညီအစ်ကိုများကို ချစ်ခင်ကြောင်း ပြလိုက်ပါ၏)

Friday, 4 September 2009

နားထောင်ဖူးတဲ့ ဟာသ

တွေ့ဆုံမိကြတဲ့ သူငယ်ချင်းနှစ်ယောက် စကားပြောကြပုံလေးကို ဖတ်ကြည့်ကြပါ။

ပထမလူ။ ။ သတင်းစာတစ်စောင်မှာ ပါတဲ့သတင်းတွေကို ဖတ်ပြပါမယ်.ကွာ. နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်တကွ တပ်မတော် အရာရှိကြီးများအတွက် နေတိုး အဖွဲ့မှ အလှူငွေများပေးအပ်သဖြင့် မြန်မာနိုင်ငံတွင် အာဇာနည်နေ့ကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ကြမည်. တဲ့

ဒုတိယလူ။ ။ မဖြစ်နိုင်တာပဲဗျာ. အမေရီကန်နဲ့ အပေါင်းအပါ မဟာမိတ်တပ်ဖွဲ့တွေက ဘယ်လိုအကြောင်း ကြောင့်အလှူငွေပေးရမှလည်းဗျ. မယုံဘူးဗျာ..

ပထမလူ။ ။ သတင်းကို ဆုံးအောင်နားထောင်ပါအုံးဗျာ. နေတိုးအဖွဲ့ဆိုသည်မှာ အမေရီကန်နဲ့ အပေါင်းအပါ မဟာမိတ်တပ်ဖွဲ့ကို ဆိုလိုခြင်းမဟုတ်ပဲ ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုးနှင့်အဖွဲ့ဖြစ်ကြောင်းတဲ့ဗျာ. အာဇာနည်နေ့ဆိုသည်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကိုးယောက်ကျဆုံးသွားတဲ့နေ့ကိုဆိုလိုခြင်းမဟုတ်ပဲ တေးသံရှင် အဆိုတော် ကိုအာဇာနည်ရဲ့ မွေးနေ့သာဖြစ်ကြောင်းတဲ့ဗျာ...ဟား.ဟား.ဟား....
နောက်သတင်းတစ်ပုဒ်ကို ဆက်ပါအုံးမယ်. နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီးသန်ရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုမှ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအ၀င် တပ်မတော်အရာရှိကြီးများ၊ အရာရှိအရာခံ ၀န်ထမ်းများကို ကြပ်ပြေး ခေါ် နေပြည်တော်သို့ ခေါ်ယူပြီး အချင်းချင်း စိန်ခေါ်ပြမူ တစ်ခုဖြစ်ပွားခြင်းတဲ့ဗျာ.

ဒုတိယလူ။ ။ အချင်းချင်း စိန်ခေါ်ပြမှုဆိုတော့ ပြသာနာက မသေးဘူးဟေ ဆက်ဖတ် ဆက်ဖတ်...

ပထမလူ။ ။ အချင်းချင်း စိန်ခေါ်ပြသည်မှာ တစ်ဦးနှင့် တစ်ဦး ပြသာနာတက်၍ ရာထူးအာဏာ အားပြိုင်မှုကို ဆိုလိုခြင်း မဟုတ်ပဲ ဗိုလ်ချုပ်မှူးကြီး၏ သမီးငယ် မသန္တာချို ရဲ့ မင်္ဂလာပွဲတွင် ၀တ်စားဆင်ယဉ်ထားသော
စိန်များကို ခေါ်ပြခြင်းသာဖြစ်ကြောင်းတဲ့ဗျာ..ဟား.ဟား.ဟား...

ပထမလူ။ ။ နောက်တစ်ပုဒ်ဗျို. မြန်မာသက္ကရာဇ် ၁၃၇၁ ကဆုန်လဆုတ် ၉ ရက် (ခရစ်သက္ကရာဇ် ၂၀၀၉ ခု မေလ ၁၇ ရက်)နေ့စွဲ့ဖြင့် ကိုကြီးကျော် ဦးဆောင်သော သုံးဆယ့်ခုနစ်မင်း နတ်အမျိုးသားကောင်စီမှ ၂၀၁၀ ရွေးကောက်ပွဲ မစတင်မှီ ကြော်ငြာချက်တစ်စောင် ထုပ်ပြန်ခြင်းတဲ.

ဒုတိယလူ။ ။ ဟေ ဒါဆို သုံးဆယ့်ခုနစ်မင်း နတ်တွေပါ ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်မယ်ထင်တယ် ဆက်ဖတ်စမ်းပါအုံး.....

ပထမလူ။ ။ မြန်မာနိုင်ငံတွင် အဆမတန်မြင့်မားလာနေသော ကုန်ဈေးနှုန်းများကြောင့် မိရိုးဖလာ ကိုးကွယ်နေကျ နတ်ကနား ပွဲများတွင် ယခုဆိုလျှင် ကိုကြီးကျော် သောက်သုံးနေကျ ၀ီစကီ၊ ဗရန်ဒီ အရက်များ
အစား ထန်းရည်နှင့် ဓနိရည်များကိုသာ အစားထိုးသုံးစွဲနေရပြီး မနှင်းလေး ကိုင်ဆောင်နေကျ ကြက်ဥပြုတ်၊
ဘဲဥပြုတ်အစား ငုံးဥပြုတ်များကိုသာ အစားထိုးသုံးစွဲနေရပြီး ကြာလာလျှင် အိမ်မြှောင်ဥများကို သာသုံးစွဲရမည့်
အခြေအနေ သို့ဆိုက်ရောက်လာနိုင်ပါသဖြင့် သုံးဆယ်ခုနစ်မင်းနတ်များ အလွန်အမင်း စိတ်ပျက်မိပါသည် တဲ့ ခင်ဗျာ.ဟား. ဟား.ဟား...
ထို့အပြင် ၅ ယောက်ထက် ပိုမစုရ ဆိုသည့် မာရှယ်လော အမိန့်ကြောင့် နတ်ကနားပွဲများတွင် လူစည်ကားမှု မရှိခြင်းက တစ်ကြောင်း၊ ညပိုင်းကသော နတ်ကနားပွဲများတွင် လျှပ်စစ်မီး ခဏ ခဏ ပျက်သည့်အတွက် မှောင်ရိပ်ခိုမှုနှင့် ဖမ်းဆီးပြီး ၅ည နှင့်ထောင်ကျခံနေရသော နတ်များတိုးပွားလာသည်ကတစ်ကြောင်းကြောင့်
ပို၍ဆိုးရွားလာနေသည်မှာ တရုပ်ပြည်မှ ဦးတီပွားနှင့် ကွမ်အင် မယ်တော်နတ်၊ အိန္ဒိယမှ လက်ချမီးမယ်တော်နှင့် မဟာပိန္နဲနတ်တို့ အပြိုင်အဆိုင် သဘာဝဓါတ်ငွေ့ဝယ်ယူရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေ
သည့်အတွက် အကယ်၍ ဤစီမံကိန်းများ အကောင်အထည်ဖော်မည်ဆိုပါက ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းရာ လမ်းတစ်လျောက် တွင်တည်ရှိနေသော နတ်စင်များ၊ ညောင်ပင်များပါ ပျက်စီးသွားနိုင်စရာ အကြောင်းရှိပါသဖြင့် သုံးဆယ့်ခုနစ်မင်းနတ်များ အထူစိုးရိမ်ပူပန်မိပါသည်။ တဲ့ဗျာ.ဟား.ဟား.ဟား...
ထို့ကြောင့် နအဖတို့ အနေနဲ့ မှောင်ရိပ်ခိုမှုနှင့်ဖမ်းဆီးထားသော နတ်များအား ပြန်လွှတ်ပေးရန်၊ နတ်တို့၏ စည်းကမ်းဥပဒေများအား ပြန်လည်သုံးသပ်ပြင်ဆင်ရန် နှင့် လူ့အခွင့်ရေး ချိုးဖောက်နေရုံမက နတ်အခွင့်ရေး ချိုးဖောက်မှုကိုပါ ဆက်လက်ကျူးလွန်နေမည်ဆိုပါက နအဖတို့၏ ပြောင်းရွှေ့သွားသော
ကြပ်ပြေးခေါ် နေပြည်တော်သို့ သုံးဆယ့်ခုနစ်မင်းနတ်များ လုံးဝ (လုံးဝ) ပြောင်းရွှေ့လိုက်ပါမည်မဟုတ် ဖြစ်ကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကိုပါ လုံးဝ (လုံးဝ) ထောက်ခံလိမ့်မည် မဟုတ်ကြောင်းကြော်ငြာ အပ်သည်။ တဲ့ ဗျာ. ဟား. ဟား . ဟား.....
ပုံ/ ကိုကြီးကျော်
သုံးဆယ်ခုနှစ်မင်းနတ် အမျိုးသားကောင်စီ
မန္တလေး၊ တောင်ပြုံးမြို့တော်
တဲ့ ဗျာ. ဟား. ဟား. ဟား...

ဒုတိယလူ။ ။ နတ်တွေတောင် သိကုန်ပြီကိုး. ဟာဟ. ထူးတာလေးတွေ ဆက်ဖတ်စမ်းပါအုံး...

ပထမလူ။ ။ နောက်တစ်ပုဒ်လည်းထူတယ်ဗျိုး. ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့နဲ့ အတူ ဂျပန်နိုင်ငံမှ ဆိုနီနှင့် ကင်နို တိုးလည်း အဖမ်းအဆီခံရရာ ကင်နိုကို ပြန်လွှတ်ပေးပြီး ဆိုနီမှာ ယခုထိပြန်လွှတ် မပေးသေးကြောင်း တဲ့ဗျာ.

ဒုတိယလူ။ ။ ဟာ အဲဒီတုံးက နိုင်ငံခြားသား ဂျပန်လည်းဖမ်းခံထိတာပဲ ဆက်စမ်းပါအုံးဗျာ..

ပထမလူ။ ။ ဆိုနီနဲ့ ကင်နိုဆိုသည်မှာ လူပုဂ္ဂိုလ် မဟုတ်ပဲ. ရွှေဝါရောင်တော်လှန်ရေးတွင် သေဆုံးသွား ဂျပန် သတင်းထောက်ကိုင်ဆောင်သည့် ကင်မရာ နှစ်လုံးသာ ဖြစ်ကြောင်း တဲ့ဗျာ..
ဟား. ဟား. ဟား....
(နားထောင် ဖူးတဲ့ ဟာသများ ပြန်လည် ဖောက်သည်ချခြင်း)

Tuesday, 11 August 2009

ဒေါ်စုကို ထောင်ချခြင်းကို နအဖ ခုတုံးလုပ် နံမည်ကောင်းယူလိုက်သည်


၁၁-၈-၂၀၀၉ ယနေ့ တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှကြောင်း မြန်မာ့အသံမှ နေလည်တွင် သတင်းထုပ်ပြန်သွားသည်။ တစ်ဆက်တည်း နအဖ ငသန်းရွှ လက်တလုံးခြား ပရိယာယ် သုံးပြီး နံမည်ကောင်းယူကာ အနုနည်းသုံးပြီး ၂၀၁၀ မှာဒေါ်စု ကို လှလှလေးပထုတ်သလိုလုပ်လိုက်ပါသည်။ လုပ်ပုံက ဥပဒေ ကြောင်းအရ ပြစ်ဒဏ် ပေးခဲ့ရင် အစိုးရအနေနဲ့ သဘောထားကြီးသယောင်လုပ်ပြီး သက်ညှာသော အနေဖြင့် ပြစ်ဒဏ်ကိုထက်ဝက် ရှော့ပေါ့၊ ဆိုင်းငန့်ပေးပြီး ဒေါ်စုအိမ်တွင် မူလသဘော တစ်နှစ်ခွဲ အကျယ်ချုပ်ထည့်ထားလိုက်ပါတယ်. ဒုန်ယင်းက ဒုန်ယင်းပါပဲ. အဖြေက ၂၀၁၀ မှာလှုပ်မရအောင်လို့ပါ. တကယ် သဘောမှန်ရင် လူထုခေါင်းဆောင်ကို လွတ်ပေး၊ တွေ့ဆုံးဆွေးနွေး၊ အဖြေရှာ၊ ပေါင်းလုပ်ဖို့ လုပ်ပါလား။ နှစ်ပေါက်တစ်ပေါက်နှင့် အကွက်ဆင် ဂွင်ဖမ်း ပြီး လဘိန်းတုံးတွေ အမြင်မှာ သူတို့ သဘောကောင်းသလို့ သရုပ်ဆောင်ပြပြီး ပိပိယိယိ ပြည်သူတွေကို မျက်လှည် ပြလိုက်ပါပြီ။ ကောင်းလေစွ နအဖ ရေ၊ ဆင်သေကို ဆိတ်သရေနှင့် ဖုန်းလို့မရပါ။ တိုင်းပြည်ကို တကယ်ချစ်ရင် စနစ်ဆိုးကို ပြောင်းလိုက်ပါ နအဖ၊ ကျုပ်တို့လိုချင်တာ စနစ်တစ်ခု ပြည်သူ့အာဏာ ဒီမိုကရေစီ စနစ်.....

Friday, 31 July 2009

ဒီလို ကောင်းမျိုးတွေကို မှတ်ထား (လမ်းမှာဆုံရင်ဆော်ဖို့)




နအဖက အငှါးခိုင်ထားသည့် နအဖ အလိုကျ အော်ပေးနေတဲ့ ဒီနှစ်ကောင်းကို မှတ်ထားကြပါ။ ယခုလက်ရှိ မြန်မာ့အသံ ရုပ်သံတွင် နအဖ အလိုတော်ကြ အော်ပေးနေသည်။ အပြင်မှာတွေ့ဆုံခဲ့ရင် (ဘိုင်သေ၀ိုင်းပယ်လိုက်ကြတော့) မြန်မာအချင်းချင်း အရင်သုတ်သင်ရမှာ ဒီလိုပုဂ္ဂိုလ်တွေပါ။မြန်မာတွေကိုဘယ်သူက အချင်းချင်း သွေးခွဲအုပ်ချုပ်နေတာလည်း? သင်ဒီလိုအဖြစ်မခံပါနဲ့ အမှန်ကိုအမှန်အတိုင်းမြင်တက်အောင်ကြိုးစာကြပါ။

Thursday, 2 July 2009

အသုံးမပြု ရသေးသည် အရည်အသွေးတစ်ခု

အကျဉ်းစံရင်း ပေးဆပ်နေရသူ ၊ သူမ၏ အရည်အချင်းမှန်ကို ထုပ်ပြခွင့်မရသူ ၊ ပြည်သူတို့၏ မျော်လင့်ချက်များကို ပိုင်ဆိုင်သူ ၊ ဒီလိုဆိုရင် ကျွန်တော်တို့ အမေစု ဟာတိုင်းပြည်နှင့်လူမျိုး အပေါ်
လုပ်ဆောင်ပြခွင့် ကြိုးစားတည်ဆောက်ခွင့် ၊ စစ်မှန်တဲ့ ပြည်သူ့အာဏာ ဒီမိုကရေစီ စနစ် တစ်ခုကို
ဖော်ဆောင်ပြခွင့်မရပဲ ၊ စစ်အာဏာရှင် နအဖ ရဲ့ မတရားဖမ်းဆီးမှု ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြား
မှာ ဘ၀တစ်သက်တာလုံး ပေးဆပ်လိုက်တော့မှာလား? တကယ်တော့ အမေစုဟာ အသုံးပြုခွင့်မတဲ့ ပိတ်ပင်ထားတဲ့ အရည်အသွေးတစ်ခုပါ။ အသုံးပြုပြီးမှ ကောင်းမကောင်း ဆုံးဖြတ်ကြပါလားဗျာ။ အခု တော့
မိတ္ဆာများက ခွင့်မပြုလေတော့ မြန်မာပြည်ကြီးအတွက် မသုံးကြည့်ရပဲ ခေါင်းဆောင်ကောင်း တစ်ယောက်
ဆုံးပါးသလိုဖြစ်နေရကြောင်းပါ။ အမေစု ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး အမြန်ဆုံး သယ်ပိုးထမ်းဆောင်နိုင်ပါစေ...
ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုလိုက်ပါသည်။

အာဇာနည်နေ့ ဒို့မမေ့

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် ကို မြန်မာပြည်သူများသိကြမှာပါ။ မြန်မာသမိုင်းတွင် အဆိုးဆုံး နှင့် အရက်စက်ဆုံး ဖြစ်ရပ်ဖြစ်ပါလိမ့်မည်။ ခေတ်သစ် မြန်မာနိုင်ငံတည်ဆောက်ဖို့ ရှေ့ကဦးဆောင်ခဲ့ကြသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ခေါင်းဆောင်ကောင်းများသည် အသားထဲကလောက် ထွက်သူ လူတစ်စုကြောင့် ကျဆုံးခဲ့ရသည့် အာဇာနည်နေ့ အဖြစ်သတ်မှတ်ထားသော ဇူလိုင်လ ၁၉ ရက်နေ့ ပင်ဖြစ်သည်။ သမိုင်းကိုပြန်ကြည့်ရင် မြန်မာ့သမိုင်းတွင် ခေါင်းဆောင်ကောင်း များအနက် ဗိုလ်ချုပ်ဟာ အလုပ်နဲ့သက်ပြခဲ့တဲ့ နောက်ဆုံး မျိုးဆက်လို့ ဆိုနိုင်ပါသည်။ အရွယ်ကောင်း အချိန်ကောင်းတွင် ကျဆုံးခဲ့ရခြင်းကြောင့် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရပြီး တိုင်းပြည်ထူထောင်ရေး ဆောင်ရွက်ချက်များ ကို ပြည်သူများ အပြည်အ၀ မခံစားခဲ့ရတာဟာ သမိုင်းမှာ ဆုံးရှုံးမှု အကြီးမားဆုံးဖြစ်ခဲ့ပါသည်။ သမိုင်းပြောင်းလည်းမှု ဖြစ်စဉ်မှာ လွတ်လပ်ရေးရပြီး ခေါင်းဆောင်ကောင်းမရှိခဲ့တဲ့ မြန်မာပြည်ဟာ မျောက်အုန်းသီးခွာသလို အစရှာမရ ကမောက်ကမနဲ့ ဖြစ်နေခဲ့တာ ယခုချိန်ထိဆို ရင်မမှားပါဘူး။ နောက်ပိုင်းခေါင်းဆောင် အမည်ခံသူများဟာ နေရာယူ ခေါင်းဆောင်လုပ် အရည်အချင်း အမှန်နှင့်ဖြစ်လာသူများမဟုတ်ပါ။ (ဥပမာ- နေ၀င်း၊ စောမောင်၊ သန်းရွှေ) ခေါင်းရှောင် လူလိမ် ကိုယ်ကျိုးသမား အာဏာရှုးများသာဖြစ်ကြောင်း သမိုင်းကသက်သေခံနေပါသည်။ လက်ရှိ နအဖသည် သမိုင်းကြောင်းအရ နိုင်ငံနှင့် လူမျိုးများအတွက် ဆုံးရှုံးမှု ကြီးမားခဲ့သည့် အာဇာနည်နေ့ ကိုပင်မှေးမှိန်အောင် လုပ်နေ သည် ယုတ်မာမှုကတော့ ကမ်းကုန်ပြီပေါ့။ စာရေးသူငယ်ငယ်ကတော့ အာဇာနည်နေ့ အမှတ်တရပွဲများ ကျောင်းများတွင် စည်ကားစွာကျင်းပ၊ ဇူလိုင် ၁၉ ရက် ၁၀နာရီခွဲ တွင် ၀မ်းနည်းခြင်းအထိမ်း အမှတ် ဥသြဆွဲသံများ ရှိခဲ့ပါသည်။ ယခုတော့ မကြားရတာ ဆယ်စုနှစ် နှစ်ခုရှိသွားပါပြီ။ လွတ်လပ်ရေး ရပြီး အသီး အပွင့် ကို အာဏာရှင် လူတစ်စုသာ ကိုယ့်လူမျိုးမျိုးအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုပ်ပြီး ကောင်းစာနေကြောင်း ၊ ပြည်သူအများ စုမှာတော့အနိမ့်ဆုံး ဘ၀များနှင့် ကမ္ဘာအလည်မှာ မျက်နှာငယ် ဆင်းရဲမွဲတေနေကြတာကို လွတ်လပ်ရေးကြိုးပမ်းမှုတလျောက် ကျဆုံးလေပြီးသော အာဇာနည် ပုဂ္ဂိုလ်များ သိခဲ့ရင် ရင်ထုမနာ ဖြစ်လောက်ပါကြောင်း ၆၂ နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြုရေးသားလိုက်ပါသည်။

Sunday, 14 June 2009

တာချီလိတ် က (နအဖ) ၏ ၂၀၁၀ အတွက် ဂွင်ဆင်မှု တစ်ခု......

တာချီလိတ်မြို့တွင် (နအဖ) သည် စကောလောက်မှ ဇောက်မနက်သည့်အကြံနှင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံးမှုတစ်ခု လုပ်ဖို့ကြံနေပါသည်။ သာမာန် အောက်ခြေပြည်သူများကို နာရေးကူညီမှုအသင်း အနေဖြင့် ဖွဲ့ပြပြီး စည်းရုံးနေပါသည်။ သာမာန်ပြည်သူများ အသင်းဝင်ရင် တစ်လ ၂၀ ဘတ်(ထိုင်းငွေ) ထည့်ရပါမည်တဲ့၊ လူသေရင် အသင်းက ၁၀၀၀၀ ဘတ်(ထိုင်းငွေတစ်သောင်းဘတ်) ကူညီမယ်ပေါ့၊ အသင်းဝင်းသူ (၆) လ ကျော်လို့ ပြည်မနေသူ ပြည်မကို ပြန်ရင် ၂၀၀၀ ဘတ် ကူညီမည်လို့ မက်လုံးတွေပေးပြီး လုပ်နေပါသည်။ ဒါဟာ အချိန်ကိုက် နအဖ စီစဉ်တာပါ အသင်းဝင်လိုသူများဟာ နအဖ ရပ်ကွက်ရုံကိုသွားပြီး စရင်းပေးသွင်း ငွေသွင်းရပါတယ်. ကိုယ်ကဘယ်အချိန်သေမှန်းမသိ လောလောစဉ် ငွေသွင်းရတာက အရင်ပါ
ထီထိုးသလိုပေါ့ ၊ တစ်လကို နှစ်ဆယ် ဘတ်နှင့် ထီထိုးနေရတယ်ဆိုပါစို့ မိမိသေမှ တစ်သောင်းဘတ်ပေးမေပေါ့၊
စဉ်းစားကြည့်ရင် မိမိအသက်နဲ့ရင်းပြီး ချဲထိုးသလိုပါ. တော်တော်ကောက်ကျစ်စဉ်းလဲတဲ့ အလုပ်ပါ၊ မြန်မာပြည်ရဲ့ အစဉ်လာအတိုင်း တိုင်းပြည်ကို ဆင်းရဲအောင်လုပ်ထားပြီး ပြည်သူ ဥာဏ်ရည်ကို ချိုးနှိမ်ထားတဲ့ နအဖ ခေတ်မှာ သာမာန်ပြည်သူများမှာ အခွင့်ရေးလို့ထင်နေကြပါသည်။ တန်လျက်ကို ရေထင်သလိုပေါ့ ဒီိအသင်းဟာ ၂၀၁၀ ခု ကျော်ရင်ရှိပါတော့မလား. မေးခွန်းထုပ်စရာပါ. လက်ရှိဒေသဆိုင်ရာ အုပ်ချူပ်သူ နအဖ ဘက်တော်သား (အသားထဲက လောက်ထွက်သူ )များသည်လည်း နအဖ နိဂုံးချုပ်ရင် နိဂုံးချုပ်မည့်သူများပါ။ ဒါဆိုရင် ဒီလိုလက်ပူတိုက် လုပ်သည့် နအဖ ဂွင်ကို အများပြည်သူများ မ၀င်မိအောင် သတိချပ်သင့်ပါသည်။ (တာချီလိတ်တွင် နာရေးကူညီနေသည့် ဘုန်းကြီးကျောင်းရှိပါသည်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ၊ မကာဟိုခမ်းရပ်ကွက် ဖြစ်သည်။ ကျောင်းထိုင်ဆရာတော်သည် ရှမ်းတိုင်းရင်းသားဖြစ်သည် သူ့ကျောင်းတွင် လူမျိုးမရွေးဘာသာမရေး အသုဘရုပ်ကလပ်များကို ဇရပ်ဆောက်ပြီး လက်ခံထားပေးပါသည်။ အခေါင်း ဖိုး မတတ်နိုင်သူများကို အခေါင်းအလှူပေးခြင်းဖြင့် နာရေးကူညီမှုကို ဆောင်ရွက်ပေးနေပါသည်။) အခုမှာ နအဖ က သကာရည်လောင်းပြီး ၂၀၁၀ မှာ သူတို့ကို ထောက်ခံဖို့ အထာနဲ့ အချိနကိုက်လုပ်နေပါသည်။ ပြည်သူများ သတိရှိကြပါ... မိတ္တူကူပြီး ဖေါ်ပြပေးကြပါ......
စစ်မုန်း

Template by : http://phithuatwi. blogspot.com/