ပြည်သူတစ်ဦး၏ ရင်တွင်းခံစားချက်တွေကို ဖေါ်ထုပ်ဖို့အကောင်းဆုံးနေရာဟာ အင်တာနက်စာမျက်နှာပါ

Friday, 5 March 2010

နအဖ၏ အဆင့်အတမ်း


ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံကိုတည်ဆောက်နေသော နအဖ ခေတ် အသုံးပြုသော ငွေစက္ကူက သရော်နေသလိုပါ။ ဒီလို စုတ်ပြတ်သတ်နေသော ငွေကို ကမ္ဘာပေါ်တွင် အဘယ်နိုင်ငံသုံးလည်းမသိပါ။ မြန်မာပြည်ကြီးတိုးတက်နေတာကို ငွေစက္ကူက သက်သေပြနေသည်။ နအဖ၏ စီမံခန့်ခွဲမှု အဆင့်အတမ်းကို ဖော်ပြနေ၏။

မီးသတိနဲ့ အကျင့်ပျက် အကျင့်ဖျက်နေသူ

ခြောက်သွေ့သော ရာသီလည်းရောက်ပြီ မီးသတိ ဆိုတာနဲ့အားလုံးနီးပါး အသိဝင်မယ်ထင်ပါတယ်. မီးလောင်မှုဟာ ဗုဒ္ဓဘုရားဟောထဲမှာကိုက ရန်သူမျိုးငါးပါးဝင်ပါ။ လူတိုင်းမိမိအသိနှင့် သတိရှိကြပါ။
မီးမပေါ့ဆဖို့တော့ မြန်မာပြည်မှာ က သတိပေးနေရဲ့ ကောင်းခြင်းမင်္ဂလာပါ။
ဒါပေမယ့် ရန်ကုန်က သင်္ကန်းကျွန်းဈေးကြီးမီးလောင်မှုမှာတော့ မီးသတ်ကား ၅၀ ကျော် လာရောက်ငြိမ်းသတ်ကြကြောင်း သတင်းမီဒီယာမှာ ထုပ်ပြန်သော်လည်း
၎င်းဈေးကြီး ပြာကြသွားမှာ မီးငြိမ်းသတ်မှု ပြီးသွားကြောင်းတဲ့ခင်ဗျာ။ နအဖ ခေတ်မီးသတ်များတော်ကြ၏။ သင့်ကြောင့်မီးလောင်မှုမဖြစ်ပါစေနှင့် အချုပ်ကျ၊ ထောင်ကျမည်က သေချာသည်။ မိမိရပ်ရွာက မကူနိုင်လျင် အိမ်ပြာကျမည်က ဗေဒင်ကြည့်စရာမလိုပါ။
တမျိုးသားလုံး အကျင်စာရိတ ကောင်းမွန်ရေးနှင့် ပညာရည်မြင့်မားရေးတဲ့ စာထဲက ဆောင်ပုဒ်လေးက မိမိအသိနဲ့ ခံယူချက်ကောင်းကောင်း လက်ခံကျင့်သုံးသင့်တဲ့ လောကနိယာမတစ်ခုပါ။ အခု စာရေးသူ မြင်နေရတာက အမျိုးသားလုံး မကောင်းမှု လုပ်ရေးနဲ့ အသိဥာဏ်နိမ့်ပါးရေး ဖြစ်နေကြောင်းပါ။ တာချီလိတ်မြို့တွင် မြင်းဂိမ်း၊ ပန်းသီးဂိမ်း၊ ဘောလုံးဂိမ်း စသည့် ငွေထည့်ကစားရသည့် စက်များကို လမ်းဘေး ကွမ်းယာဆိုင် ကစလို့ လဘက်ရည်ဆိုင်များတွင် ထားရှိပြီး ကလေးသူငယ် ကျောင်းသားအရွယ်များအတွက် အကျင့်စာရိတ ပျက်ပြားရာ လောင်းကစားမှုဖြစ်နေသည်။ ၄င်း အလုပ်ကို လုပ်သူများသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရင်းနီးသူ များဖြစ်သည်။ ( ဘနှဖူးသိုက်တူးကြသည့် ဘယ်သူသေသေငတေ မာရင်ပြီးရောသူများ ဖြစ်ကြသည့် ခေတ်ပြက်တွင် အမြတ်ထုပ်ကြသည့် ကိုယ်ကျိုးသမားများ) ထိုသူများသည် ဒေသဆိုင်ရာ အာဏာပိုင်များကို အရောဝင်ပေါင်းသင်ပြီး လုပ်ကြသည်။ အချို့ ဒေသခံ တပ်အရာရှိများမှသည် ရဲအရာရှိ ၀န်ထမ်းများအထိ ၄င်း ဂိမ်းစက်များကို ၀ယ်ယူပိုင်ဆိုင်ပြီး အသုံးချကြသည်။ နအဖ ၀န်ထမ်းများ ဖွင့်ထားသည့်ဆိုင်များတွင် ပိုမိုတွေ့ရသည်။
ကလေးလူငယ်များကို အကျင့်စာရိတ္တပျက်စီးစေသော လောင်းကစားဂိမ်းစက်

နောက်တစ်ခု မြန်မာ့မှုခင်းဂျာနယ်များတွင် ပြည့်တန်ဆာ များကို ဘယ်လို နှိမ်နှုင်းနေကြောင်း ဂုဏ်ယူရေးနေတာ သတိထားမိပါတယ်။ တစ်ကယ်တော့ ကာရာအိုကေ ဆိုင်တွေကအစ ပြည့်တန်ဆာ အလုပ်ကို လုပ်သူတွေရဲ့ အကြီးတွေ ပြောစကားလေးက ဘယ်တပ်က ဘယ်(လ)ဗိုလ်ကြီးနဲ့ဘယ်လောက်ထိရင်နီးတယ်၊ သူ့ သေနက်ကို ဘယ်လိုကိုင်ဖူးတယ်၊ ဘယ်အရာရှိက သူကို ဘယ်လို အလိုလိုက်တာ၊ ဘယ်လိုလာပြီး သူတို့အကြိုက်သုံးဖြုန်းကြောင်း
စသည်ဖြင့် ဂုဏ်ယူစွာပြောသံတွေ ကြားမိတော့ အော့နှလုံးနာမိသည်။
ငါ့အာဏာတည်မြဲရေးဆိုတာကို ဘ၀မင်းရှင် မင်းတရား (လ) ဗိုလ်ချုပ်ကြီး ပတ်ကျားအိုက ကျင့်သုံးနေတော့ ဘာသာရေးပွဲများ အမည်ခံပြီး လောင်းကစား သာသနာကို ပြုလုပ်နေတာတွေ တွေ့မိတော့ ဗုဒ္ဓဘာသာဝင် အစစ် ပြည်သူတစ်ယောက်အနေနဲ့ ရင်နာမိသည်။ ရွှေဝါရောင်က ပြည်သူများဘက်က ရပ်တည်ကြသည့် သံဃာ့ အာဇာနည်များအား ရက်စက်စွာ အကြမ်းဖတ်မှုများကို မြင်မိတော့ အာဏာရူးသန်းရွှေ မူဝါဒမှာ မင်းတို့ကြိုက်တာလုပ် ငါ့ခုံကို လာမထိရင်ပြီးရော ဆိုတဲ့ တစ်မျိုးသားလုံး အကျင့်စာရိတ္တပျက်စီးနိမ့်ကျရေးနှင့် ဆင်းရဲတွင်းနက်ရေး ဆိုတာကို ပြည်သူတစ်ယောက်အနေနဲ့ ခံစားမိကြောင်းပါ။

Sunday, 21 February 2010

တာချီလိတ်မြို့နယ် ၀မ်ပုံရွာတွင် ရဲများ တိုက်ခိုက်သတ်ဖြတ်ခံရခြင်း

တာချီလိတ်မြို့နယ် ရွှေတြိဂံဒေသ မိုင်ဖုန်းအုပ်စုရှိ ၀မ်ပုံရွာတွင် အခြေချသည့် ရဲစခန်းမှာ စခန်းမှူးအပါအ၀င် ရဲဝန်ထမ်း ၁၂ ယောက်နှင့် ဒေသခံပြည်သူ့စစ် နှစ်ယောက်၊ စက်လှေမောင်းသူ တစ်ဦး စုစုပေါင်း ၁၅ ယောက်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေလည် ၂ နာရီခန့်တွင် မဲခေါင်မြစ်အတွင်းတွင် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းခံ ခဲ့ရကြောင်းသိရပါသည်။ တွေ့ရှိရသည့် အလောင်းများကို တာချီလိတ်မြို့သို့သယ်ယူလာပြီး မြို့အတွင်းနာရေးကူညီနေသည့် ရှမ်းဘုန်းတော်ကြီးကျောင်း ဖြစ်သည့် မဟာမုနိဘုရားကြီးကျောင်း(မကာဟိုခင်းရပ်) တွင် ထားရှိသည်။ ၂၁ ရက်နေ့တွင် အလောင်း ၆ လောင်းရှိပြီး ကျန်တာပျောက်ဆုံးနေကြောင်းသိရသည်။ ဆေးရုံတွင် အတွင်းလူနား နှစ်ဦးရှိနေကြောင်း အခြေနေမကောင်းကြောင်း ဒေသခံများပြောနေကြသည်။ အခင်းဖြစ်ပုံကို တိတိကျကျ မသိရသေးပါ၊ အများဟိုတစ်စဒီတစ်စပြောနေကြတာတော့၊ မူးယစ်ဆေး သွားဖမ်းရင်း တစ်ဘက်မှာ အင်အားများများဖြင့် ပြန်လည်လက်တုန့်ပြန်ရာမှာ အားလုံးကျကုန်ကြောင်း၊ တချို့ကတော့ အကြံဖန်သွားလုပ်ရင်း တစ်ဘက်က အညိုးနဲ့ အကွက်ကျကျ တိုက်ခိုက်ကြောင်း၊ တချို့ကတော့ ငွေတောင်းတာလွန်လွန်းလို့ သည်းမခံနိုင်တော့လို့ လက်တုန့်ပြန်ကြောင်း အမျိုးမျိုးထင်ကြေးပေးနေကြကြောင်းပါ။ တာချီလိတ်မြို့နယ်ရှိ ရွှေတြိဂံ ဒေသ မိုင်းဖုန်းလမ်းသည် ပြည်တွင်းသို့ တရားမ၀င်ကားများ ကို အာဏာပိုင်များနှင့် အပေးအယူလုပ်သွင်းရာလမ်း၊ ဒေသတွင်း မူးယစ်ဆေး သွားရာလမ်း၊ လူမှောင်ခိုနည်းဖြင့် ထိုင်းကို ၀င်ရာလမ်းအဖြစ် ဒေသတွင်းမှာ ထင်ရှားပါသည်။ ယခုလို ဖြစ်စဉ်မျိုး ၂၀၀၈ ခုတွင်လည်း ဖြစ်ခဲ့ဖူးပါသည်။



အထက်ပါပုံများသည် ၂၁ ရက်နေ့ နေ့လည် တွင် ဘုန်းတော်ကြီးကျောင်းတွင်း ဇရပ်တွင် ထားရှိသည့် ရဲအလောင်းများဖြစ်သည်။

Saturday, 2 January 2010

ဘ၀မုန်တိုင်း



”ဘ၀ မုန်တိုင်း“ ဆိုလို့ တခြားတော့မထင် လိုက်ကြပါနဲ့။ ကျွန်တော်ရေးချင်တာ ကြာပါပြီ။ မြန်မာလူငယ်. လူရွယ်များ ရေကြည်ရည်ရာမျက်နုရာရှာရင်း ရောက်လာကြရတဲ့အဖြစ်မှာ (ထိုင်း- မယ်ဆိုင်မြို့ တွင်ရှိသော မုန်တိုင်းတံတား တွင် ကြုံရာကျဘန်း အတွက် စောင့်ဆိုင်းလုပ်ကိုင် ကြရတဲ့ ရွှေများအဖြစ်ပါ) ထိုင်း တို့ရဲ့ တစ်နေ့တာ သော်လည်းကောင်း. အခိုက်အတန့်သော်လည်ကောင်း လိုအပ်တဲ့ အောက်ခြေသိမ်း အလုပ်များ ရှိနေရင် ခိုင်းရအောင် လုပ်အားကို ဈေးရောင်းသလို့ သူထက်ငါ စနစ်ဖြင့် အလုအယတ်နှင့်ကျွန်အဖြစ် မိမိက အသာတကြည် လက်ခံမူပြု လုပ်ရတဲ့အဖြစ်ပါ။ အဲဒါကိုမှ ထိုင်းတွေက မိမိအိမ်မှာ ခိုင်းစရာရှိရင် မုန်တိုင်းတံတားတွင် မိမိကိုယ်တိုင် အသာတကြည့် ကြည်ဖြူစွာ လုပ်အားကို ရောင်းနေကြတဲ့ ရွှေတွေကို စိတ်ကြိုက်ရွေး ပြီးခေါ်ခိုင်းကြတဲ့အဖြစ်ပါ။
တစ်ကယ်တော့ လူသားတစ်ယောက်မှာ ဘ၀ရပ်တည်မှုကို မိမိ၏ ကာယအား. ဥာဏအား ဖြင့်သော်လည်းကောင်း၊ အမှီဖြင့်သော်လည်းကောင်း ရပ်တည်ကြရတာများပါတယ်။ အဲဒါကို မိမိနှင့်အဆင်ပြေသလို။ ဘ၀ပြဌာန်းအရလို ရင်ဆိုင်ဖြေရှင်းကြရပါတယ်။ တကယ်လည်း အဆင်မပြေဖြစ်လို့ ရေကြည်ရာရှာရင်း မျက်နုမတွေ့ပဲ မုန်တိုင်း ကိုရင်ဆိုင် ကြရတာလည်း သိကြမှာပါ။
တနယ်ကိုသွား အဆင်ပြေမယ် စိတ်ကမှန်းပြီး
လက်တွေ့မှာ သမုဒ္ဒရာ ၀မ်းတထွာ နဲ့ ကျောချစရာကအစ အခတ်တွေကြီး ဖြစ်နေတာကို ကြုံရင်း၊ မနက်ဖြန်တွေအတွက် ဒီနေ့တွေမှာ အသက်ဆက်ဖို့ ရှာနေရတာက တကဲ့ ဘ၀အဖြစ်ပါ။ ဒီလိုအဖြစ်တွေကိုရွှေမြန်မာတွေ ရင်ဆိုင်ကာဖြေရှင်းနေကြရတာက တိုင်းတပါးမြင်ကွင်းမှာ ဆိုတော့ ရင်ထဲမှာ နင့်မိပါတယ်။ (တကယ့် ဘ၀တွေပါ. ရင်းအထဲမှာ ကိုယ့်အသိမိတ်ဆွေတွေပါ ရုန်းကန်နေကြရတယ်လေ။ အဲဒီတံတားလေးအမည်က မုန်တိုင်း။ အဲဒါကို ရွှေမြန်မာများက ဘ၀မုန်တိုင်းလို့ အမည်ပေးထားကြောင်းပါ. တကယ်လည်း အော် ဘ၀မုန်းတိုင်တွေ ကျွန်တော်တို့ရင်ထဲမှာ တိုက်ခတ်ဆဲပါ.)

Monday, 19 October 2009

On (or) By ...သင်ကြိုက်ရာ ရွေးနိုင်ပါသည်...

ကိုမိုးသီး ဘလော့ဂ် မှာ ကူးယူဖော်ပြပါသည်. အဘယ်ကြောင့်ဆိုသော် ကျွန်တော်ကြိုက်လို့ပါ. မိတ်ဆွေများလည်း ကြိုက်မည်ထင်ပါတယ်.

ဘယ်ရယ် မဟုတ်ပါဘူး.။ ညက အတွေးလေး တစ်ခုရလို့ တွေးကြည့် နေမိတယ်.။

ဒါပေမဲ့...အတွေးလေးက နည်းနည်းတော့ ရှုပ်နေသေးတယ်.။

ကျွန်တော် အစွမ်းကုန်တော့ ရှင်းအောင် ရေးကြည့်မယ်..။

ကျွန်တော် ခေါင်းစဉ်တပ်ထားသလိုပါပဲ..။ On နဲ့ By ကို ခွဲခြား မိလို့ပါ.။

ကျွန်တော် ဥပမာလေးနဲ့ ပြောကြည့်မယ်.။

ဥပမာဗျာ...။

ရန်ကုန်ကနေ မန္တလေးကို ခရီးသွားမယ်ဗျာ..။ သွားလို့ရမဲ့ ခရီးစဉ်လေးတွေက အများကြီးပဲလေ.။ ဒါကို ကျွန်တော် အင်္ဂလိပ်လို ရေးကြည့်မယ်ဗျာ..။

1. By Airplane ( လေယာဉ်ပျံဖြင့် )
2. By Train ( ရထားဖြင့် )
3. By Express ( အမြန်ယာဉ်ဖြင့် )
4. By Motor Car ( ကိုယ်ပိုင်မော်တော်ကားဖြင့် )
5. By Bus (ဘတ်စ် ဖြင့် )
6. By Motor cycle ( ဆိုင်ကယ်ဖြင့် )
7. By Motor Bike ( စက်ဘီးဆိုင်ကယ်ဖြင့် )
8. By Motor Boat ( မော်တော်ဘုတ်ဖြင့် )
9. By Bicycle ( စက်ဘီးဖြင့် )
10. By Skate ( စကိတ်ဖြင့် )
11. By Trishaw ( ဆိုက်ကားဖြင့် )
12. By Rickshaw ( လန်ချားဖြင့် )
13. By Palanquin ( ဝေါဖြင့် )
14. By Pony cart ( မြင်းလှည်းဖြင့် )


ဒီလို အစရှိသဖြင့် ရှိနေမှာပါ.။ တစ်ခု မေ့နေလား.။ ကျွန်တော် ရေးပြမယ်.။

* On Foot (ခြေကျင်ဖြင့် )

ဟုတ်တယ်နော်.။ တကယ်ဆို အထက်မှာ ကျွန်တော် ရေးပြထားတာကို ပြန်ကြည့်လိုက်ပါ.။
ဒီထက်လည်း ရှိဦးမှာပါ ။ ကျွန်တော် ရေးတဲ့ အထဲမှာ မပါတာတွေ ရှိနေဦးမှာပါ.။ စဉ်းစားကြည့်ပါ.။

ဘာလို့ “ ခြေကျင်ဖြင့် ” ဆိုတဲ့ နေရာကျမှ By မဟုတ်ပဲ On ဖြစ်သွားရတာလဲ.။ အင်္ဂလိပ်စာက ပြဌာန်းထားလို့ လို့ ပြောမှာလား.။ ကျွန်တော်ကတော့ ဒီလို မထင်မိဘူးဗျာ.။

On Foot ကလွဲလို ကျန်တာတွေ အားလုံးက တစ်ခုခုကို အားကိုးထားရတာလေ.။
On Foot ဆိုတာကတော့ ကိုယ်ကိုယ်ကိုယ် အားကိုးထားရတာ..။
ရှင်းရှင်းပြောရရင် On Foot ဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တာ လေဗျာ.။

ဒါကြောင့် ကျွန်တော် တစ်ခု ထပ်ပြောလိုက်မယ်ဗျာ..။
စာဖတ်သူက On ကို မကြိုက်သူ တစ်ယောက်ဆိုရင်တော့ ကျွန်တော် By တစ်ခု ရွေးပြပါ့မယ် ။
တကယ်လို့ပေါ့..။ စာဖတ်သူသာ ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်နိုင်ရင်တော့ By Wheelchair ( လူနာထိုင်ဘီးတပ် ကုလားထိုင် ဖြင့် ) နေရတော့မယ်.။

ဒါကြောင့်....ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြည့်စမ်းပါဗျာ..။
On Foot ပေါ့..။ ဘယ်သူ့ကိုမှ အားမကိုးပဲနဲ့လေ.။

လေးစားစွာဖြင့်
ကိုဇော်

Sunday, 6 September 2009

နအဖ လှည့်ကွက်၊လုပ်ကွက်

နအဖ၏ လည့်ကွက်ကတော့လှနေပါသည်။. အခုတလော ကိုးကန့်ဒေသကို ၀င်တိုက်သည်။ အကြောင်းပြချက်
က လက်နက် တရားမ၀င်ထုပ်လုပ်သည်တဲ့၊ မူးယစ်ဆေးဝါး ထုပ်လုပ်သည်တဲ့ ဒါကြောင့်တိုက်တယ်လို့ အကြာင်း
ပြပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့ လုပ်ဖို့ စည်းရုံးတာ လက်ခံလို့ မဟုတ်ပါဘူးတဲ့။ တရားကျဖို့တော့ကောင်းနေပြီ ဒေါ်စုကို အားဓမ္မ အမှုဆင် ပြီး ထောင်ချတုံးကလည်း ဒီလိုပါပဲ။ လိမ်တာ ညာတာ တော်တာတော့ လက်ဖြားခါ လောက်ပါတယ်။ ခွန်ဆာတုံးကလည်း အလင်းမ၀င်ခင်(နားလည်မှုမရခင်) ဘိန်းဘုရင် ဘာဖြစ်တယ်ညာဖြစ် တယ်နဲ့ တချိန်လုံးအော်ခဲ့တာပါ။ အဆင်ပြေသွားတော့လည်း အမေရိကန်က တောင်းဆိုတာတောင် ဂရုမပြု ရန်ကုန်မြို့ကိုတောင် ခေါ်ထားခဲ့ပါသေးတယ်။ ကိုယ်နဲ့ အဆင်မပြေရင် တမျိုးပြောပြီး အဆင်ပြေရင်တမျိုး ပြောတက်တဲ့ လူ့အကျင့်လို နအဖက ဒီလိုကျင့်သုံးနေတာပါ။ အဖြေက သူ့အာဏာကို ထိပါးသူ၊ အာခံသူဆိုရင် သူတို့ရန်သူလို့ သဘောထားတာ အာဏာရှင်တွေရဲ့ ကျင့်သုံးတဲ့ ဥပဒလို့တောင် ပြောလို့ရပါတယ်။ တကယ် အမျိုးသား အကျိုးစီးပွားကို လိုလားတယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလိုလားတယ်ဆိုရင် လုပ်သင့်တာက မြန်မာပြည်မှာ (ဗမာ) ကြီးစိုးရေး မူကို ဖျောက်ဖို့လိုပါတယ်။ နအဖ ကျင့်သုံးနေတာ ဒီစနစ်ကြောင့် ဗမာတွေကိုတိုင်က မလိုလားလို့ ဒီမိုကရေစီ စနစ် အမှန်ပေါ်ဖို့ တောင်းဆိုနေကြတာပေါ့။(ဗမာဖြစ်တဲ့ ကျွန်တော်ခံပြင်းတယ်)နအဖ စစ်တပ်မှာကြည့်ပါ၊ ဗမာအမျိုးသားတွေ ဗိုလ်ဖြစ်တယ်၊ တခြားတိုင်းရင်းသား မရှိသလောက်ပဲ၊ ဖြစ်ရင်လည်း နေရာမရှိဘူး၊ ကျင့်သုံးနေတာ ဖားသူကို နေရာပေးတဲ့စနစ်လေ၊ ဖားရားပြီးတက်လာတဲ့ လူက သူ့မူအကျင့်အတိုင်း ပထွေး အကြိုက်ပဲ လုပ်နေကြတော့
လိမ်ပြီးရင် လိမ် ဒီလိုနဲ့ သွားနေတာ စစ်အာဏာရှင် နှစ်ဆက်ရှိပြီ။ ခေတ်ကလည်းပြောင်းပြီ (ကမ္ဘာကိုပြောတာ)
ကျွန်တော်တို့တချို့မြန်မာတွေလည်း အမြင်တွေကျယ်ကုန်ပြီ၊ (ပြည်တွင်းက နင်းပြားပြည်သူတွေကတော့ နတ်မှန်အောင်ရုန်းရင်းကျန်သေးတယ်) လိုချင်တဲ့စနစ်က မြန်မာပြည်လို တိုင်းရင်းသားလူမျိုးစု များတဲ့ အနေအထားမှာ အနည်းစပ်ဆုံးတန်းတူ ကျဖို့က စစ်မှန်တဲ့ ဒီမိုကရေစီစနစ်လေ။ မြန်မာပြည်သားမှန်ရင် တိုင်းပြည်ကို အချိန်အကန့်သတ်နှင့် ဦးဆောင်နိုင်ရင် ထောက်ခံအားပေးဖို့ အသင့်ပါ၊ ဒီမိုကရေစီ စနစ်ရဲ့ပြရုဒ်
ဟာ ခေါင်းဆောင်လုပ်သူရဲ့ အကောင်းအဆိုးကို ကွင်းကွင်းကွက်ကွက်မြင် နိုင်တဲ့ စနစ်ပါ။ မကောင်းရင်မကောင်းဘူးကောင်းရင်ကောင်းတယ် ပြည်သူတွေက သူ့ရဲ့ ကြည့်မှန်ပါ။ လုပ်သင့်တာကိုလုပ်ဖို့ဆိုရင် မတာရားနည်းလမ်းများနှင့် နအဖ အလိုကျ ပြုလုပ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ပါ။ ဒီအတိုင်းသွားရင်ကိုးကန်လောက်ကို မပြောပါနှင့် ကျွန်တော်တို့ ဗမာ တွေကိုတိုင် လက်ခံနိုင်စရာမရှိတဲ့ ညီညွတ်မှုမရှိသည့် အနေအထားအတိုင်း ဖြစ်နေအုံးမှာပါ။ ပြည်တွင် ပြည်ပ ဒီမိုကရေစီအရေးတက်ကြွသူများကို သုံးသပ်ကြည့်ပါ။ ရွှေမြန်မာများဖြစ်တဲ့ ဗမာ အမျိုးသားများ ဒုထည်ကြီးမားနေတာတွေ့ရမှာပါ။ ထောင်ထဲမှာ ကြည့်ကြည့်၊ နက်ပေါ်မှာ ကြည့်ကြည့် တွေ့နိုင်သိနိုင်ပါတယ်။ နအဖ ဗမာအများစု အဖွဲ့ကို ဒီမိုကရေစီ အင်အားစု ဗမာ အများစု အဖွဲ့များက တောင် မကြည်ဘူးဆိုရင် တိုင်းရင်းသားတွေဆို ဝေးပြီပေါ့။ (ရင်ထဲရှိတဲ့ အတွေးသက်သက်ပါ၊ ဒီဆောင်းပါးနှင့် တိုင်းရင်းသားညီအစ်ကိုများကို ချစ်ခင်ကြောင်း ပြလိုက်ပါ၏)

Friday, 4 September 2009

နားထောင်ဖူးတဲ့ ဟာသ

တွေ့ဆုံမိကြတဲ့ သူငယ်ချင်းနှစ်ယောက် စကားပြောကြပုံလေးကို ဖတ်ကြည့်ကြပါ။

ပထမလူ။ ။ သတင်းစာတစ်စောင်မှာ ပါတဲ့သတင်းတွေကို ဖတ်ပြပါမယ်.ကွာ. နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်တကွ တပ်မတော် အရာရှိကြီးများအတွက် နေတိုး အဖွဲ့မှ အလှူငွေများပေးအပ်သဖြင့် မြန်မာနိုင်ငံတွင် အာဇာနည်နေ့ကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ကြမည်. တဲ့

ဒုတိယလူ။ ။ မဖြစ်နိုင်တာပဲဗျာ. အမေရီကန်နဲ့ အပေါင်းအပါ မဟာမိတ်တပ်ဖွဲ့တွေက ဘယ်လိုအကြောင်း ကြောင့်အလှူငွေပေးရမှလည်းဗျ. မယုံဘူးဗျာ..

ပထမလူ။ ။ သတင်းကို ဆုံးအောင်နားထောင်ပါအုံးဗျာ. နေတိုးအဖွဲ့ဆိုသည်မှာ အမေရီကန်နဲ့ အပေါင်းအပါ မဟာမိတ်တပ်ဖွဲ့ကို ဆိုလိုခြင်းမဟုတ်ပဲ ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုးနှင့်အဖွဲ့ဖြစ်ကြောင်းတဲ့ဗျာ. အာဇာနည်နေ့ဆိုသည်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကိုးယောက်ကျဆုံးသွားတဲ့နေ့ကိုဆိုလိုခြင်းမဟုတ်ပဲ တေးသံရှင် အဆိုတော် ကိုအာဇာနည်ရဲ့ မွေးနေ့သာဖြစ်ကြောင်းတဲ့ဗျာ...ဟား.ဟား.ဟား....
နောက်သတင်းတစ်ပုဒ်ကို ဆက်ပါအုံးမယ်. နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီးသန်ရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုမှ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအ၀င် တပ်မတော်အရာရှိကြီးများ၊ အရာရှိအရာခံ ၀န်ထမ်းများကို ကြပ်ပြေး ခေါ် နေပြည်တော်သို့ ခေါ်ယူပြီး အချင်းချင်း စိန်ခေါ်ပြမူ တစ်ခုဖြစ်ပွားခြင်းတဲ့ဗျာ.

ဒုတိယလူ။ ။ အချင်းချင်း စိန်ခေါ်ပြမှုဆိုတော့ ပြသာနာက မသေးဘူးဟေ ဆက်ဖတ် ဆက်ဖတ်...

ပထမလူ။ ။ အချင်းချင်း စိန်ခေါ်ပြသည်မှာ တစ်ဦးနှင့် တစ်ဦး ပြသာနာတက်၍ ရာထူးအာဏာ အားပြိုင်မှုကို ဆိုလိုခြင်း မဟုတ်ပဲ ဗိုလ်ချုပ်မှူးကြီး၏ သမီးငယ် မသန္တာချို ရဲ့ မင်္ဂလာပွဲတွင် ၀တ်စားဆင်ယဉ်ထားသော
စိန်များကို ခေါ်ပြခြင်းသာဖြစ်ကြောင်းတဲ့ဗျာ..ဟား.ဟား.ဟား...

ပထမလူ။ ။ နောက်တစ်ပုဒ်ဗျို. မြန်မာသက္ကရာဇ် ၁၃၇၁ ကဆုန်လဆုတ် ၉ ရက် (ခရစ်သက္ကရာဇ် ၂၀၀၉ ခု မေလ ၁၇ ရက်)နေ့စွဲ့ဖြင့် ကိုကြီးကျော် ဦးဆောင်သော သုံးဆယ့်ခုနစ်မင်း နတ်အမျိုးသားကောင်စီမှ ၂၀၁၀ ရွေးကောက်ပွဲ မစတင်မှီ ကြော်ငြာချက်တစ်စောင် ထုပ်ပြန်ခြင်းတဲ.

ဒုတိယလူ။ ။ ဟေ ဒါဆို သုံးဆယ့်ခုနစ်မင်း နတ်တွေပါ ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်မယ်ထင်တယ် ဆက်ဖတ်စမ်းပါအုံး.....

ပထမလူ။ ။ မြန်မာနိုင်ငံတွင် အဆမတန်မြင့်မားလာနေသော ကုန်ဈေးနှုန်းများကြောင့် မိရိုးဖလာ ကိုးကွယ်နေကျ နတ်ကနား ပွဲများတွင် ယခုဆိုလျှင် ကိုကြီးကျော် သောက်သုံးနေကျ ၀ီစကီ၊ ဗရန်ဒီ အရက်များ
အစား ထန်းရည်နှင့် ဓနိရည်များကိုသာ အစားထိုးသုံးစွဲနေရပြီး မနှင်းလေး ကိုင်ဆောင်နေကျ ကြက်ဥပြုတ်၊
ဘဲဥပြုတ်အစား ငုံးဥပြုတ်များကိုသာ အစားထိုးသုံးစွဲနေရပြီး ကြာလာလျှင် အိမ်မြှောင်ဥများကို သာသုံးစွဲရမည့်
အခြေအနေ သို့ဆိုက်ရောက်လာနိုင်ပါသဖြင့် သုံးဆယ်ခုနစ်မင်းနတ်များ အလွန်အမင်း စိတ်ပျက်မိပါသည် တဲ့ ခင်ဗျာ.ဟား. ဟား.ဟား...
ထို့အပြင် ၅ ယောက်ထက် ပိုမစုရ ဆိုသည့် မာရှယ်လော အမိန့်ကြောင့် နတ်ကနားပွဲများတွင် လူစည်ကားမှု မရှိခြင်းက တစ်ကြောင်း၊ ညပိုင်းကသော နတ်ကနားပွဲများတွင် လျှပ်စစ်မီး ခဏ ခဏ ပျက်သည့်အတွက် မှောင်ရိပ်ခိုမှုနှင့် ဖမ်းဆီးပြီး ၅ည နှင့်ထောင်ကျခံနေရသော နတ်များတိုးပွားလာသည်ကတစ်ကြောင်းကြောင့်
ပို၍ဆိုးရွားလာနေသည်မှာ တရုပ်ပြည်မှ ဦးတီပွားနှင့် ကွမ်အင် မယ်တော်နတ်၊ အိန္ဒိယမှ လက်ချမီးမယ်တော်နှင့် မဟာပိန္နဲနတ်တို့ အပြိုင်အဆိုင် သဘာဝဓါတ်ငွေ့ဝယ်ယူရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေ
သည့်အတွက် အကယ်၍ ဤစီမံကိန်းများ အကောင်အထည်ဖော်မည်ဆိုပါက ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းရာ လမ်းတစ်လျောက် တွင်တည်ရှိနေသော နတ်စင်များ၊ ညောင်ပင်များပါ ပျက်စီးသွားနိုင်စရာ အကြောင်းရှိပါသဖြင့် သုံးဆယ့်ခုနစ်မင်းနတ်များ အထူစိုးရိမ်ပူပန်မိပါသည်။ တဲ့ဗျာ.ဟား.ဟား.ဟား...
ထို့ကြောင့် နအဖတို့ အနေနဲ့ မှောင်ရိပ်ခိုမှုနှင့်ဖမ်းဆီးထားသော နတ်များအား ပြန်လွှတ်ပေးရန်၊ နတ်တို့၏ စည်းကမ်းဥပဒေများအား ပြန်လည်သုံးသပ်ပြင်ဆင်ရန် နှင့် လူ့အခွင့်ရေး ချိုးဖောက်နေရုံမက နတ်အခွင့်ရေး ချိုးဖောက်မှုကိုပါ ဆက်လက်ကျူးလွန်နေမည်ဆိုပါက နအဖတို့၏ ပြောင်းရွှေ့သွားသော
ကြပ်ပြေးခေါ် နေပြည်တော်သို့ သုံးဆယ့်ခုနစ်မင်းနတ်များ လုံးဝ (လုံးဝ) ပြောင်းရွှေ့လိုက်ပါမည်မဟုတ် ဖြစ်ကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကိုပါ လုံးဝ (လုံးဝ) ထောက်ခံလိမ့်မည် မဟုတ်ကြောင်းကြော်ငြာ အပ်သည်။ တဲ့ ဗျာ. ဟား. ဟား . ဟား.....
ပုံ/ ကိုကြီးကျော်
သုံးဆယ်ခုနှစ်မင်းနတ် အမျိုးသားကောင်စီ
မန္တလေး၊ တောင်ပြုံးမြို့တော်
တဲ့ ဗျာ. ဟား. ဟား. ဟား...

ဒုတိယလူ။ ။ နတ်တွေတောင် သိကုန်ပြီကိုး. ဟာဟ. ထူးတာလေးတွေ ဆက်ဖတ်စမ်းပါအုံး...

ပထမလူ။ ။ နောက်တစ်ပုဒ်လည်းထူတယ်ဗျိုး. ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့နဲ့ အတူ ဂျပန်နိုင်ငံမှ ဆိုနီနှင့် ကင်နို တိုးလည်း အဖမ်းအဆီခံရရာ ကင်နိုကို ပြန်လွှတ်ပေးပြီး ဆိုနီမှာ ယခုထိပြန်လွှတ် မပေးသေးကြောင်း တဲ့ဗျာ.

ဒုတိယလူ။ ။ ဟာ အဲဒီတုံးက နိုင်ငံခြားသား ဂျပန်လည်းဖမ်းခံထိတာပဲ ဆက်စမ်းပါအုံးဗျာ..

ပထမလူ။ ။ ဆိုနီနဲ့ ကင်နိုဆိုသည်မှာ လူပုဂ္ဂိုလ် မဟုတ်ပဲ. ရွှေဝါရောင်တော်လှန်ရေးတွင် သေဆုံးသွား ဂျပန် သတင်းထောက်ကိုင်ဆောင်သည့် ကင်မရာ နှစ်လုံးသာ ဖြစ်ကြောင်း တဲ့ဗျာ..
ဟား. ဟား. ဟား....
(နားထောင် ဖူးတဲ့ ဟာသများ ပြန်လည် ဖောက်သည်ချခြင်း)

Template by : http://phithuatwi. blogspot.com/